အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ မြန်မာနိုင်ငံတွင် တဖျတ်ဖျတ်နှင့် ဖြစ်ပေါ်နေသော တိုးတက် ဖြစ်ထွန်းမှု များကို ချီးမွမ်း ဂုဏ်ပြုနိုင်ရေး အတွက် အမေရိကန်သမ္မတ အိုဘားမားက ခရီးစဉ်အတွင်း မိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။
"ယနေ့ ကျွန်တော့်အနေနဲ့ ပေးထားတဲ့ကျွန်တော့် ကတိစကားတည်စေဖို့လာရောက်ခဲ့တာဖြစ်ပြီး (အမေရိကန်ပြည်ထောင်စုနှင့်မြန်မာနှစ်နိုင်ငံ) ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် နိုင်ရေးအတွက်လာရောက်ခဲ့ခြင်းလည်းဖြစ်ပါတယ်" ဟု အိုဘားမားက သမိုင်းဝင်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုမည်ဖြစ်ကြောင်း အိမ်ဖြူတော်မှရရှိသည့် မိန့်ခွန်းမူကြမ်းကို AFP သတင်းဌာနက ကိုးကားဖော်ပြသည်။
"ဒါပေမဲ့ ယခုလို အံ့သြစရာကောင်းတဲ့ (မြန်မာနိုင်ငံ) ခရီးစဉ်ဟာ ပဏာမအစပျိုးလိုက်ရုံပဲရှိပါတယ်၊ ရှေ့ဆက်သွားရမှာတွေအများကြီးရှိပါတယ်" ဟု အိုဘားမားက မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုမည်ဖြစ်သည်။
မိမိတပည့်အဖြင့်မခံလျှင် စိတ်မချမ်းသာသည့် ကမ္ဘာ ပုလိပ်ကြီး အမေရိကန် နှင့် ၎င်း နိုင်ငံ၏ သမ္မတ စကားမည့်မျှ မှန်ကန် တိကျ ကြောင်း အချိန်ပေးပြီး ကမ္ဘာ နှင့်မြန်မာ ပြည်သူ ၊ ပြည်သားများမှ စောင့်ကြည့် ရမည် ဇြစ်ပါသည်။