အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန။အဗ်နာယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ဆိုလျှင် ဂဇေမြို့ အား ကိုလိုနီ အစ္စရေးမှ တိုက်ခိုက် ကျူးကျော် ၇ ရက်မြောက် ရှိပြီး ဖြစ်ပြီး မြို့ ၏ တောင်ဖက်ပိုင်းရှိ (ဗိုက်သိုလာဟီယာ ) အား တိုက်ခိုက်ခဲ့ပါသည်။Press TV မှတဆင့် အီးက်နာအပြည်ပြည်ဆိုင်ရာကျမ်းတော် မြတ် ကုရ်အာန် သတင်း ဌာန - အီရန် - မှ တင်ပြသည်မှာ -ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ဆိုလျှင် ဂဇေမြို့ အား ကိုလိုနီ အစ္စရေးမှ တိုက်ခိုက် ကျူးကျော် ၇ ရက်မြောက် ရှိပြီး ဖြစ်ပြီး မြို့ ၏ တောင်ဖက်ပိုင်းရှိ (ဗိုက်သိုလာဟီယာ ) အား တိုက်ခိုက်ခဲ့ပါသည်။ကိုလိုနီအစ္စရေး တပ်မတော် အနေဖြင့် အပြစ်မဲ့ ပြည်သူ၊ပြည်သားများနေထိုင်နေသည့် (ခန်းယူနွစ် ) မြို့အား ပစ်မှတ်အပြင်ထားပြီးတိုက်ခိုက်ခဲ့ရာ ပြည်သူ တစ်ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါသည်။ကိုလိုနီ အစ္စရေးမှ နိုဝင်ဘာလ ၁၄ရက် နေ့ မှ ယနေ့အထိ ဒုံးပေါင်း ၁၃၅၀ လုံး ပါလက်စတိုင် အပြစ်မဲ့ ပြည်သူများ ဖက်သို့ ပစ်လွတ်ခဲ့ပါသည်။ဤဒုံး ကျဉ်များကြောင်း ကလေး ငယ် ၂၇ ဦး ပါဝင်ပြီး ပြည်သူ ၊ပြည်သားပေါင်း၁၀၉ ယောက် ရှဟီးဒ် ဖြစ်ခဲ့ရပါသည်။ အယောက်၉၀၀ ထက်မနဲထိခိုက် ဒဏ်ရာ ရခဲ့ပါသည်။ကိုလိုနီအစ္စရေး များ အနေဖြင့် လူဦးရေ သန်း ၂၀ နီးပါးရှိသည့် ဤနိုင်ငံအား ၂၀၀၇ ခုနှစ်မှ စတင်ပြီး အပြင်းအထန် ပိတ်စို့မှုများ ၊ပြုလုပ်ခဲ့ပြီး ၎င်း တို့အတွက် လူ အခွင့်အရေး များကို ချိုးဖေါက်ခဲ့ကြပါသည်။