အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန။ ။အဗ်နာနိုင်ငံရေး-လူမှုရေး။ ။အေမာမ်ခိုမေနီ(ရ.ဟ)၏ကဘရ်တည်ရှိသောနေရာတွင်မဂ်ရဘ်၊အေယှာနမာဇ်ဖတ်ပြီးနောက်အသစ်ပြုလုပ်ထားသောအေမာမ်ဟိုစိုင်း(န)(အ.စ)၏ရောင်ဇာကိုတီဟီရန်မြို့တွင်နေထိုင်ကြသော သူများနှုတ်ဆက်ခဲ့ကြသည်။(အသစ်ပြုလုပ်ထားသောအေမာမ်ဟိုစိုင်း(န)(အ.စ)၏ရောင်ဇာကို အာရပ်၊ကရ်ဘလာမြို့၌ရှိသောအေမာမ်ဟိုစိုင်း(န)(အ.စ)၏အုတ်ဂူတွင် ထားရန်ဖြစ်သည်။)အီးက်နာအပြည်ပြည်ဆိုင်ရာကျမ်းတော် မြတ်ကုရ်အာန်သတင်းဌာန-အီရန်မှအစ္စလာမ်နှင့်ပက်သက်သော သတင်းများကိုပေးပို့သော အဖွဲ့အစည်းမှ ကြေငြာသည်မှာ အေမာမ်ဟိုစိုင်း(န)(အ.စ)၏ ရောင်ဇာကို နှုတ်ဆက်ရန်အတွက်တီဟီရန်မြို့၌ရှိသော မို့အ်မင်န်သူတော်စင်များကို နိုဝင်ဘာလ (၂၈)ရက်၊ဗုဒ္ဓဟူးနေ့၌ အေမာမ်ခိုမေနီ(ရ.ဟ)၏ ကဘရ်တည်ရှိသောနေရာတွင် မဂ်ရဘ်၊အေယှာ နမာဇ်အပြီးတွင် တစ်ချို့သောခေါင်းဆောင်များနှင့်အေမာမ်၏အိမ်တော်သူ၊အိမ်တော်သားများကို ချစ်သောသူများလာရောက်ပြီး ဝမ်းနည်းကြေကွဲဖွယ်ရာ နောင်ဟာများဖတ်ပြီး နှုတ်ခွန်းဆက်သခဲ့သည်။ထိုကြေငြာချက်တွင်ပါဝင်သည်မှာတီဟီရန်တွင်နေထိုင်သောလူများသည်အဖွဲ့တစ်ခုဖွဲ့၍ထိုအဖွဲ့ကို(ကာရဝါနေဆဖီးနသွလ်နေဂျားဒ်)အမည်ဖွဲ့ကာထိုအလံကိုကိုင်လျက် အေမာမ်ခိုမေနီ(ရ.ဟ)၏ကဘရ်တွင်အေမာမ်နှင့်အေမာမ်၏အိမ်တော်သူ၊အိမ်တော်သားများအတွက်ဝမ်းနည်းဖွယ်aနာင်ဟာများကိုဖတ်၍ မာသမ်ပြုလုပ်ခဲ့ကြသည်။ထိုအစီအစဉ်ကိုကြေငြာသောသူသည်လူထုကိုပြောကြားခဲ့သည်မှာအသစ်ပြုလုပ်ထားသောအေမာမ်၏ရောင်ဇာကိုနှုတ်ခွန်းဆက်ရန်ပြောကြားခဲ့သည်။နောက်ဆုံးသတင်းတစ်ရပ်မှာဘဖီးနသွလ်နေဂျားသည်ထိုရောင်ဇာနှင့်အတူတီဟီရန်မြို့မှထွက်ခွါ၍ကရ်ဘလာမြို့အထိလိုက်လံပို့ဆောင်ရန်ထွက်ခွာခဲ့ကြသည်။