ပါကစ္စတန်တွင် ရှီအာ အမျိုးပြုတ် သတ်ဖြတ်ရေး ကိစ္စနှင့်ပတ်သက်ပြီး အိန္ဒိယ နိုင်ငံ ယူပီ ပြည်နယ်ရှိ ၊ ပြည်နယ်၏ မြို့တော် လက်ခနောင်း မြို့တွင် ရှီအာများအနေဖြင့် အပြင်းအထန် သပိတ်မှောက်ခဲ့ကြပါသည်။သပိတ်မှောက်ရှီအာများအနေဖြင့် ပါကစ္စတန်တွင် ရှီအာ အမျိုးပြုတ် သတ်ဖြတ်ရေး ကိစ္စ အား အပြင်းအထန် ကန့်ကွက်ရှုံ့ချခဲ့ပေသည်။ အကြောင်းမှာ သတင်းများ အရ လ အချို့ အတွင်း ရှီအာပေါင်း ၂ထောင်ကျော် လုပ်ကြံခံခဲ့ရပြီး ရှဟီးဒ် ဖြစ်သွား သောကြောင့် ဖြစ်ပေသည်။ဤဆန္ဒပြမှုအတွက် အိန္ဒိယနိုင်ငံ ရှီအာ အခွင့်အရေးပါတီ၏ပြောရေးဆိုခွင့်ရသူလည်းဖြစ် ၊ အာလင်မ် တစ်ပါးလည်း ဖြစ်သည့် မော်လာနာယာစူဗ် ဆပ် အနေဖြင့် တနိုင်ငံလုံးရှိ ရှီအာများကို ဖိတ်ခေါ်ခဲ့ ခြင်းဖြစ်ပါသည်။မော်လာနာယာစူဗ် ဆပ် အနေဖြင့်ပါကစ္စတန်တွင် ရှီအာ အမျိုးပြုတ် သတ်ဖြတ်ရေး ကိစ္စ အား ကန့်ကွက်ရှုံ့ချ ပြီး အကြမ်းဖက်သမားများ ဖမ်းဆီးချုပ်နှောင်း ရန်နှင့် အပြစ်ဒဏ်ပေးရန် မိမိ၏ တရား၌ ဟောကြားခဲ့ပါသည်။ဤသပိတ်မှောက် ဆန္ဒပြပွဲ တွင် ရှီအာများအပြင် စွန်နီ ညီနောင်များ၊ ဟိန္ဒိုဘာသာ ဝင်များ ၊ဆစ်ခ်ဘာသာဝင်များ နှင့် ခရစ်ယာန် များပါ အပြည့်အဝ ပါဝင် ဆန္ဒပြခဲ့ကြကြောင်း သိရပါသည်။
ထောင်ပေါင်းများစွာသော အိန္ဒိယနိုင်ငံသားရှီအာများ အနေဖြင့် ပါကစ္စတန်တွင် ရှီအာ အမျိုးပြုတ် သတ်ဖြတ်ရေး အား ဆန့်ကျင်ဆန္ဒပြ
၂၁ ဒီဇင်ဘာ ၂၀၁၂ - ၂၀:၃၀
News ID: 374581
ဒီဇင်ဘာလ ၁၈ရက်နေ့ကထောင်ပေါင်းများစွာသောအိန္ဒိယနိုင်ငံသား ရှီအာများ အနေဖြင့် ပါကစ္စတန်တွင် ရှီအာ အမျိုးပြုတ် သတ်ဖြတ်ရေး အား ဆန့်ကျင်ဆန္ဒ ပြခဲ့ကြပါသည်။