အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊ အဗ်နာ အန္ဒိယနိုင်ငံ အရှေ့ ပိုင်း Pali မြို့ မှာ နေထိုင်တဲ့ အသက် ၈၃ နှစ်အရွယ် အဖွားအို ဖြစ်ပါတယ်။
သားတစ်ဦးတည်းရှိပြီး သားဖြစ်သူဟာ နှလုံးရောဂါကြောင့် ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ မကွယ်လွန်ခင်က တောက်လျှောက်သားဘေးမှာ နေပေးခဲ့ပါတယ်။ ယခုတော့ အလုပ်ပြန်လုပ်နေပါပြီ။ Pali မြို့ ကနေ Shila မြို့ ကို ဘတ်စ်ကားတိုးစီးပြီး ယခုလို ဈေးရောင်းစားပါတယ်။
သာမန် သူ့အရွယ်အမျိုးသမီးတစ်ယောက် သူ့ဒေသမှာဆိုရင် ဒီလို အားကိုးသူမရှိရင် တောင်းစားတဲ့ ဘဝကို အများစု ရောက်တယ်လို့ ဆိုပါတယ်။ သူမ ကတော့ အဲ့လိုမဟုတ်ပဲ မြို့ တစ်ခုကနေ တစ်ခု ကူးပြောင်းလို့ အပင်ပန်းခံပြီး ဈေးရောင်းပါတယ်။
အစိုးရအနေနဲ့ သက်ကြီး ရွယ်အိုများအတွက် ကျန်းမာရေး ပြုစုစောင့်ရှောင့်မှု မတတ်နိုင်သေးတဲ့ ခေတ်ကာလမှာ ယခုလို ကိုယ်အားကိုယ်ကို ရပ်တည်တဲ့ ၈၃ နှစ်အရွယ် အမျိုးသမီးဟာ အသက် ရှင်တဲ့ ဘဝတစ်လျှောက်လုံး အလုပ်လုပ်သွားမယ်လို့ ဆိုပါတယ်။