၂၂ ဇန်နဝါရီ ၂၀၁၃ - ၂၀:၃၀

ပါကစ္စတန်နိုင်ငံကရာချီးမြို့တွင်အန်ဂျွန်မန်နေ(နောင်ဂျဝါနန်နေ အစ္စလာမ်)ဖက်မှကြီးမှူးပြီးမဟာတမန်တော်မြတ်ကြီး(ဆွ) ဘဝသမိုင်း ဆိုင်ရာ ညီလာခံ ကျင်းပခဲ့ပါသည်။

ဤညီလာခံ ၏ အစ ပထမပိုင်း မြို့၏အကျော်အမော် ကရီတစ်ပါးမှာ ကျမ်းတော်မြတ်၏ အာယတ်တော်များဖတ်ရွတ်ပြီး စတင်ခဲ့ပါသည်။ ပြီးနောက် ကရာချီးမြို့တွင်အန်ဂျွန်မန် နေ (နောင်ဂျဝါနန်နေ အစ္စလာမ်)၏ ဥက္ကဋ္ဌ သွာရေက် မဟ်ဘူးဗ် မှ ရဘီအိုလ်အောင်ဝလ်လ မြတ်သည် မွတ်စလင်များ အတွက် ဘရကတ်နှင့် ရဟ်မသ် ရှိသည့် လဖြစ်ကြောင်း ၊ဤ အတွက် ကြောင့် မွတ်စလင်များအနေဖြင့် မလွဲမသွေ ထာဝရ ၊နေရာတိုင်း ၊အခြေအနေတိုင်း အလ္လာဟ်ဟို အရှင်မြတ် အား ကျေးဇူးတင်နေရမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မွတ်စလင်များအနေဖြင့် မဟာ တမန်တော်မြတ်ကြီး(ဆွ) ၏ မြင့်မြတ်သည့် စာရိတ္တ တော်များ နှင့် ဘဝသမိုင်းအား မိမိတို့ဘဝ၏ စံနမူနာ မှတ်ကျောက်အဖြင့်လိုက်နာ ကျင့်သုံးရန် ၊ တိုက်တွန်းပြောကြားခဲ့ပါသည်။

ဥက္ကဋ္ဌ သွာရေက် မဟ်ဘူးဗ် မှ အဆုံးတွင် ကရာချီးမြို့နှင့် ပေရှာဝရ်မြို့များတွင် လက်ရှိ ကျွန်တော်တို့ ပြည်သူများအနေဖြင့်လူမျိုးရေး နိုင်ငံရေးတွင် စည်းလုံးညီညွတ်မှုလိုအပ် နေကြောင်း ၊ ပါကစ္စတန်နိုင်ငံ ဘာသောရေး အကြီးအကဲများ ၊ နိုင်ငံတော်အကြီးအကဲများ အနေဖြင့်တညီတညွတ်တည်းစည်းလုံးဖို့မလွဲမသွေလိုပြီး၊သောင်းကြမ်းသူအဖက်သမားများက နိုင်ငံတော်အတွင်းမှ သုတ်သင်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။