အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ

(၂၆) ကြိမ်မြောက် အစ္စလာမ် နိုင်ငံများ စည်းလုံးညီညွတ်ရေး  ညီလာခံကို ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင်ငံ ၏ မြို့တော် တီဟီရန်မြို့တွင်  မဟာတမန်တော်မြတ်ကြီး (ဆွ)မီးရှူးသန့်စင် ဖွားမြင်တော်မူသည့ အချိန် အခါတွင်  ကျင်းပ ခဲ့ ပါသည်။ ညီလာခံတွင် အရေးပါး အရာရောက် နိုင်ငံရေး ဘာသာရေး အကြီးအကဲများ နှင့် သမ္မတေါးက်တာ မဟ်မူဒ်                အဟ်မဒ်ဒီနေဂျာဒ် တက်ရောက် နေရာယူခဲ့ကြောင်းသိရ ပါသည်။

 

နှစ်ရက်တာ ကြာမြင့်သော ဤ ညီလာခံ အစည်းအဝေးတွင်ကမ္ဘာ့ နိုင်ငံပေါင်း ၁၂၀ မှ ရှီအာ နှင့် စွန်နီ တွေးခေါ်သူများစုပေါင်းပြီး မွတ်စလင်နိုင်ငံ များ  ကမ္ဘာ့အလယ်တွင်   စည်းလုံးညီညွတ်ရေး  ၊ မွတ်စလင် ကိစ္စ များ ကိုင်တွယ် ဖြေရှင်းရေးတို့နှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြပါသည်။ 

 

ညီလာခံတွင်  တက်ရောက်လာသည့် ပုဂ္ဂိုလ်များမှာ  အီဂျစ်နိုင်ငံ အလ်-အဇ်ဟာရ် တက္ကသိုလ်မှ အာလင်မ်များ ၊  တူနီးရှား၊ ဆီးရီးယား၊ ဆူဒန် စတဲ့နိုင်ငံများမှ မွဖ်သီ ကြီးများ  ပါကစ္စတန်၊ ပါရှန်း ပင်လယ်ကွေ့နိုင်ငံတွေက တွေးခေါ်ပညာရှင်တွေ အပါအ၀င် ပြည်ထောင်စု အစ္စလာမ်မစ် အီရန်က တွေးခေါ်ပညာရှင် ၁၀၀၀၊ မွတ်စလင်ကမ္ဘာရဲ့ ထင်ရှားတဲ့ သိပ္ပံပညာရှင်တွေ၊ နိုင်ငံရေး ပညာရှင်တွေနဲ့၊ ယဉ်ကျေးမှု ပညာရှင် ၃၀၀ စသဖြင့် ပါဝင်တက်ရောက်ကြမည် ဖြစ်ကြောင်း (မဂ်ျမယေ ဂျဟာနီ သက်(က)ရေးဗ် ဗေ မဇာဟေဗ် ) ၏ အထွေထွေ အတွင်းရေးမှူးချုပ်  ဟဇရတ် အာယာသွလ် လ္လာဟ် မော်စင် အာရာကီမှ ထုတ်ဖော် ပြောကြားခဲ့ပါသည်။

(၂၅)  ကြိမ်မြောက် အစ္စလာမ် နိုင်ငံများ စည်းလုံးညီညွတ်ရေး  ညီလာခံကို ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင်ငံ ၏ မြို့တော် တီဟီရန်မြို့တွင် ၂၀၁၂ ခုနှစ်တွင် တမန်တော်မြတ်ကြီး (ဆွ) ၏ မွေးနေ့ အချိန်အခါ တွင် ကျင်းပ ခဲ့ ပြီး ဖြစ်ပါသည်။