အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ အာရှ ဖွံဖြိုးရေးဘဏ် (ADB) သည် မြန်မာနိုင်ငံအား ပထမဆုံး စတင် ထောက်ပံ့မှု အဖြစ်  ဒေါ်လာ သန်း ၅၀ ကူညီမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့မှုကို မတ်လတွင် စတင် ပေးနိုင်မည်ဖြစ်ပြီး အစိုးရ အုပ်ချုပ်မှု ပိုင်းဆိုင်ရာ လူ့အရင်းအမြစ် တိုးတတ်မှု ၊ လုပ်ငန်း ကျွမ်းကျင်မှု ဆိုင်ရာ တိုးတတ်ရေး အတွက် ဒေါ်လာ၂၃ သန်း သုံးစွဲမည် ဖြစ်ပြီး ကျေးလက် ဖွံဖြိုး တိုးတတ်ရေး၊ HIV/AIDS ရောဂါနှင့် ပက်သက်သော စီမံ ခန့်ခွဲမှုများ၊ မြို့ပြ ဖွံဖြိုး တိုးတတ်ရေး အခြေခံ အဆောက်အဦးများ ဖွံဖြိုးရေးများအတွက် ဒေါ်လာ ၁၇ သန်း သုံးစွဲသွားရန် ရှိကြောင်း သိရသည်။

ကျန်သော ထောက်ပံ့မှုများကို လေ့လာ စီစစ်ကာ ဆက်လက် ဆောင်ရွက်သွားရန် ရှိပြီး ပညာရေး၊ ကျမ်းမာရေး၊ ရေရရှိရေး များကို အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။