အဟ်လေ့ဘိုက် သတင်းဌာန ၊ အဗ်နာ
ဆီးရီးယားနိုင်ငံစမတ်စကတ်မြို့တော်ဟူမေဒေသရှိဂျနာဗေစကီနာ(စ.အ)ရောင်ဇာတော်အား ပြိုဖျက် အရိုအသေမဲ့ မှုများပြုရန် လက်နက်ကိုင် ဝဟာဘီအစွန်းရောက် အစ္စလာမ် သာသနာ ကို နာမည်ဖျက်နေသူ တချို့း ဝင်ရောက်ခြင်း ကို ဆီးရီးယား အစိုးရတပ်မတော်မှ ကာကွယ် တိုက်ထုတ်ခဲ့ပါသည်။ သို့သော် နှစ်ဖက် ပစ်ခတ်ပြုများ ကြောင့် ရောင်ဇာတော် ၏ဂွနှ်ဗတ်တော် ၊မီနာတော် နှင့် တံတိုင်များ တော်တော် ကို ဖျက်စီး သွားရပေသည်။
လက်နက်ကိုင် ဝဟာဘီအစွန်းရောက် အစ္စလာမ် သာသနာ ကို နာမည်ဖျက်နေသူများ အ နေဖြင့် မိမိတို့အား ရောင်ဇာ တော်၏ ပတ်ပတ်လည်တွင်ဝိုင်းထားသည့်ဆီးရီးယားအစိုးရတပ်မ တော် အား ပြန်လည် ပစ်ခတ် နိုင်ရန် ရောင်ဇာတော်ရှိ ဂွန်ပတ်တော်အား ပစ်ခတ်ပြီး ဖျက်စီး ခဲ့ကြ သည်။
ထိုပြင် ရောင်ဇာတော် အပြင်တွင် လူ မဆန်သည့် ကြံစည်မှုဖြင့် ဗုံးများစီစဉ်ထား ခဲ့ရာ ဆီးရီးယား အစိုးရတပ်မတော် မှ အချိန်မှီ ဗုံးများ မကွယ် အောင် ကာကွယ်နိုင်ခဲ့ပေသည်။
သို့သော်ဤ လူမဆန်သည့် အုပ်စု သည် ရောင်ဇာတော်အတွင်း ပိုင်းတွင် ခိုအောင်နေပြီး မိမိတို့ အပြင် ထွက်သည့် နှင့် ရောင်ဇာတော်အာ လုံးဝ ပြို ကျဖျက်စီး သွားစေရန် ဗုံးများထောင်ထားပေသည်။
ဤအတွက်ကြောင့် လောလောဆယ် အချိန် အထိ ဆီးရီးယား အစိုးရတပ်မတော် မှ ၎င်းတို့ကို ရောင်ဇာမှ ထွက်ပြီး ၊ဗုံးများ ကို ရှင်းရန် ကြိုးပမ်းဆဲ ပင် ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဤ အစ္စလာမ် အမည်ခံ လက်နက်ကိုင် အစွန်းရောက် ဝဟာဘီများ အနေဖြင့် ကမ္ဘာ့ အစ္စလာမ် ဘာသာ ဝင်တို့၏ အထွတ် အထိပ် ထားသည့် နေရာများ ကို လူမဆန်စွာ ဖျက်စီး နေသည့် ဖြစ်ရာ အခြားဘာသာခြား တို့၏ အထိပ် ထားသည့် နေရာများ ကို ဖျက်စီးနေကြ သည်မှာ လည်း ဥာဏ်ရှိသူတိုင်း ၊ ထမင်းစား ကြီးသူတိုင်း အတွက် မဆန်းတော့ချေ။