အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ လက်ဘနွန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး (အပ်ဒနန် မန်စူရ် ) အနေဖြင့် ရှဟီး(ဟစန် ရှာသွာ ရီ )၏ ရှာဟာဒတ် သတင်းကြားပြီး ချက်ချင်း ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၊သံရုံး သို့ သွားရောက်ခဲ့ပြီး ကျဆုံးသွားမှု အပေါ် ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင်ငံ၊သံအမတ် အား ဝမ်းနည်း ကြေကွဲ ရကြောင်း ပြောကြားခဲ့ပါသည်။လက်ဘနွန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး (အပ်ဒနန် မန်စူရ် )အနေဖြင့်ဤရက်စက်ကြမ်းကြုတ် သည့် အကြမ်းဖက် တိုက်ခိုက် လုပ်ကြံမှု အား အပြင်း အထန် ပြစ်တင်ရှုံ့ချခဲ့ပြီး ရှဟီး(ဟစန် ရှာသွာ ရီ )၏ ရှာဟာဒတ် အပေါ် ဝမ်းနည်း ကြေကွဲ ကြောင်း ဖွင့်ဟရင် ရှဟီး(ဟစန် ရှာ သွာ ရီ ) သည် လက်ဘနွန် နှင့် အီရန် အကြား နီးကပ်မှု အတွက် အကြောင်း အရင် ခံ တစ်ဦး ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
လက်ဘနွန် နိုင်ငံ ၏ နိုင်ငံရေး အဖွဲ့ အစည်း များ မှ (ဟစန် ရှာသွာရီ ) ၏ လုပ်ကြံ ခံရမှု အပေါ် ကန့်ကွက် ပြစ်တင်ရှုံ့ချ
၁၆ ဖေဖော်ဝါရီ ၂၀၁၃ - ၂၀:၃၀
News ID: 391578
လက်ဘနွန် နိုင်ငံ ရှိ နိုင်ငံရေး အဖွဲ့ အစည်း များ၊ ဘာသာရေး၊ လူမှုရေး ၊ အဖွဲ့ အစည်းအမျိုး မျိုး မှ မိမိတို့၏ အစီရင်ခံစာများ ၊ မိန့်ခွန်း များတွင် လက် ဘနွန် နိုင်ငံတောင်ပိုင်း ပြန်လည် တည်ဆောက် ရေး ကော်မတီ ခေါင်းဆောင် အီရန် နိုင်ငံသား (ဟစန် ရှာသွာရီ ) ၏ လုပ်ကြံ ခံရမှု အပေါ် ကန့်ကွက် ပြစ်တင်ရှုံ့ချခဲ့ကြပါသည်။