၁၈ ဖေဖော်ဝါရီ ၂၀၁၃ - ၂၀:၃၀

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တွင် လန်ဒန် မြို့တွင် ရှီအာ မွတ်စလင် များ မှ ပါကစ္စတန် နိုင်ငံ ကွေတာမြို့ရှိ ဟဇာရာတောင်း(န) ဒေသ တွင် ဖြစ်ပွားခဲ့သည့် ရှီအာ မွတ်စလင် အမျိုး ပြုတ် ဗုံးပေါက်ကွဲတိုက်ခိုက် မှု အတွက် ပါကစ္စတန်ဟိုင်း ကော်မ ရှင်း ရှေ့တွင် သပိတ်မှောက် ဆန္ဒပြ ခဲ့ကြပါသည်။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ဤ ပါကစ္စတန်ဟိုင်း ကော်မ ရှင်း ရှေ့တွင် သပိတ်မှောက် ဆန္ဒပြ မှု သည် အင်္ဂလန် နိုင်ငံ ရှိ မဂ်ျမာယေ အေမာမ်မီယေ နှင့် ဥရောပ ရှီအာ အိုလမာ ကောင်စီ၏ မေတ္တာရပ်ခံ တိုက်တွန်း ကြောင့် သပိတ်မှောက် ဆန္ဒပြ ခဲ့ကြပါသည်။ဥရောပ ရှီအာ အိုလမာ ကောင်စီ မှ ကြေငြာချက်ထုတ်ပြန် ခဲ့ ပါသည်။ ဤ သပိတ်မှောက် ဆန္ဒပြ မှု သည်ပါကစ္စတန် နိုင်ငံ ကွေတာမြို့ရှိ ဟဇာရာတောင်း(န) ဒေသ တွင် ဖြစ်ပွားခဲ့ သည့် ရှီအာ မွတ်စလင် အမျိုး ပြုတ် ဗုံးပေါက်ကွဲတိုက်ခိုက် မှု ကို  ပြစ်တင်ရှုံ့ချမှု ဖြစ်ပြီး ၊ ပါကစ္စတန် နိုင်ငံ တွင် ဤလူမဆန်သည့် လုပ်ရပ် ကို မရပ်မချင်း ဆက်လက် ပြီး သပိတ် မှောက် ဆန္ဒပြ မှု ကို ပြုသွားမည် ဖြစ်ကြောင်း ပြောငြာခဲ့ပါသည်။ထိုနည်းတူစွာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တွင် ပါကစ္စတန် နိုင်ငံ အဝန်း ရှိ ရှီအာ မွတ်စ လင်များ မှ လည်း ကွေတာမြို့ရှိ ဟဇာရာတောင်း(န) ဒေသ တွင် ဖြစ်ပွားခဲ့ သည့် ရှီအာ မွတ်စလင် အမျိုး ပြုတ် ဗုံးပေါက်ကွဲတိုက်ခိုက် မှု ကို အပြင်း အထန် ကို  ပြစ်တင်ရှုံ့ချ ခဲ့ကြကြောင်း သိရပါသည်။