အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ယမန်နေ့ညပိုင်း ဘုန်းကြီးတရားပွဲအပြီးတွင် မွတ်စလင်မ်ပိုင် ဆိုင်တချို့မှခုံများအား ၉၆၉ အဖွဲ့ဝင်များမှ မင်းမဲ့စရိုက်ဖြင့် ၀ိုင်းဝန်းရိုက်ချိုးခဲ့ကြကြောင်း၊ ယင်းကဲ့သို့ ဖျက်ဆီးမှုများမှာ ကျိုက်ထို တစ်မြို့တည်းတွင် မဟုတ်ဘဲ မွန်ပြည်နယ်ရှိ မြို့ကြီးတချို့တွင် ပြုလုပ်နေကြောင်း၊ လွန်ခဲ့သော ၃-ရက်ခန့်ကလည်း မွန်ပြည်နယ် ဘီလင်းမြို့တွင် အလားတူ ဖျက်ဆီးမှုမျိုးရှိခဲ့ကြောင်းသိရသည်။ဘီးလင်းမြို့ရှိ ၉၆၉ အဖွဲ့သည် ဘုန်းကြီးက ဦးဆောင်ဖွဲ့စည်းထားပြီး အရပ်သားများပါဝင်ကြောင်း၊ တရားပွဲများ ပြုလုပ်ရာတွင်လည်းတရားပွဲတွင်မွတ်စလင်မ်မုန်းတီးရေးကိုသာ ဟောပြောလေ့ရှိပြီးတရားပွဲပြီးသည်နှင့် မွတ်စလင်မ်ပိုင်များကို ဖျက်ဆီးလေ့ရှိလာကြောင်း၊ ၉၆၉-အဖွဲ့သည် ရှပ်အင်္ကျီအဖြူရောင်ပေါ် တွင် ၉၆၉ တံဆိပ်ရိုက် ၀တ်စုံဆင်တူ ၀တ်ဆင်၍ ဥပဒေမဲ့ မင်းမဲ့စရိုက်များ ပြုလုပ်နေကြောင်းသိရသည်။ဘီးလင်းမြို့တွင် မွတ်စလင်မ်မုန်းတီးရေး လှုံ့ဆော်စာများ၊ မုန်းတီးရေး တရားပွဲများကို ပြုလုပ်ပြီး မုန်းတီးရေးတရားခွေများကို ဖြန့်ဝေနေကြသည်မှာ လအတန်ကြာပြီဖြစ်ကြောင်း၊ မွတ်စလင်မ် မုန်းတီးရေး လှုံ့ဆော်မှုများအတွက် ဘီးလင်းမြို့ရှိ မွတ်စလင်မ်လူကြီးများမှ နိုင်ငံတော်အထိ တင်ပြအစီရင်ခံထားကြောင်း၊ မျိုးဆက်သစ် ကျောင်းသားများအဖွဲ့၊ ပြည်နယ် သာသနာရေးရာ ၀န်ကြီးဌာန၊ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်(၂)ဦး၊ အစ္စလာမ်သာသနာရေးရာကောင်စီ၊ မအဖအဖွဲ့နှင့် ဌာနဆိုင်ရာအဆင့်ဆင့် တို့သို့ တင်ပြအကြောင်းကြား ထားသော်လည်း ယင်း မုန်းတီးရေးလှုံ့ဆော်မှုများအား မည်သူမှ ဟန့်တားနိုင်ခြင်းမရှိကြောင်း၊ မည်သည့်အတွက်ကြောင့် တရားဥပဒေစိုးမိုးရေးကို မပြုလုပ်သည်ကို စဉ်းစား၍မရကြောင်း သိရှိရပါသည်။
၉ မတ် ၂၀၁၃ - ၂၀:၃၀
News ID: 398723
ကျိုက်ထိုမြို့၌ မနေ့ည (၈-၃-၂၀၁၃)နေ့ညက ပြုလုပ်သော ဘုန်းကြီးတရားပွဲအပြီး တွင်မွတ်စလင်မ်ဆိုင် တချို့မှခုံများရိုက်နှက်ဖျက်ဆီးခံရကြောင်း သတင်းရရှိခဲ့ပါသည်။