အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
ယနေ့ အာဇာဒ်အမည်ရှိ ဝဟာဘီ၊စလဖီလက်နက်ကိုင် အစွန်းရောက် အဖွဲ့မှ ဆီးရီးယား နိုင်ငံ ဓမတ်စကတ်မြို့ရှိ ဂျနာဗေ
စကီနာ (စ.အ) ၏ရောင်ဇာတော် တခြမ်း အား ရှဟီးဒ် လုပ်ခဲ့ကြ သည်။
ဤလူမဆန်သည့် အဖွဲ့မှ သခင်မလေး ဟဇရတ် စကီနာ (စ.အ) ၏ရောင်ဇာတော် အား ရော့ခ် ကတ် များဖြင့် ပစ်ခဲ့ပြီး ရောင်ဇာတော်
တခြမ်းအား ရှဟီးဒ်ပြုခဲ့ပြီး ၊ဆုံးရုံးများစွာကို ဖြစ်ပေါ်စေ ခဲ့ကြသည်။
ဆီးရီးယား အစိုးရသတင်းဌာန မှဟဇရတ် အမာရေယာစေရ် (ရ.သွေ့) နှင့် ဟဇရတ် အဝေရ်စီ ကေရ်နီ (ရ.သွေ့) တို့၏ ရောင်ဇာတော် များ တွင် ဗုံးပေါက်ကွဲမှု သတင်းမှာ မမှန်ကန်ကြောင်း ကြေငြာ ခဲ့ပါသည်။
အာဇာဒ်အမည်ရှိ ဝဟာဘီ၊စလဖီလက်နက်ကိုင် ၊ အစွန်းရောက် လူမဆန်သည့် အဖွဲ့ အနေဖြင့်သခင်မကြီး ဟဇရတ် ဇိုင်နပ် (စ.အ) ၏ ရောင်ဇာတော် အား ပျက်စီးပြိုချရန် ကြိမ်းမောင်း နေကြပေသည်။
ဤမလ်အူးဒ်အဖွဲ့အနေဖြင့် အကြိမ်ပေါင်း မနည်း သခင်မကြီး ဟဇရတ် ဇိုင်နပ် (စ.အ) ၏ရောင်ဇာတော် အား ပျက်စီးပြိုချရန် တိုက်ခိုက် ကြိုးစားခဲ့ကြသော်လည်း ၊ အလ္လာဟ် ဟို အရှင်မြတ် သခင်၏ ကျေးဇူးတော် နှင့် အလိုတော်ဖြင့်မ ပျက်စီး၊မပြိုချ နိုင် ကြသေးချေ။