အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ရဟ်ဗဲရ် အင်ကေလာဗ် ဟဇရတ် အာယာသွလ်လ္လာဟ် အလ် အွဇ်မာ ဆရက် အလီ ခါမေ နာအီ အနေဖြင့်မိမိ မိန့်ခွန်း တော်အတွင်း ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံသည် ပြီးခဲ့သည် နှစ် ၁၃၉၁ ခုနှစ် အရင်းရှင်းစနစ် ကျင့်သုံးနေသည့် ကမ္ဘာ နိုင်ငံများ ၏အထူး သဖြင့် စီးပွားရေး နှင့် နိုင်ငံရေး အရ ပိတ်ဆို့ ခြင်းခံရသည် ဖက် ညွှန်ပြတော် မူပြီး ၊ လက်ရှိ ၁၃၉၂ ခုနှစ်အား ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ၏ စီးပွားရေး နှင့် နိုင်ငံရေး အ တွက် မျှောင်လင့်မှု ၊တိုးတက် ကောင်းမွန် မှု၊ လှုပ်ရှားမှု စသည်တို့ဖြင့် ပြောကြား တော် မူရင် ယခု နှစ် ၁၃၉၂ ခုနှစ် နှစ်သစ်အား ( ဟေမာ စေ ယေစီယာစီ ဝါ ဟေမာစေယေ အေက်သေဆွာဒီ ) အမည်မှည့် ပေးကြောင်း မိန့်တော်မူလေ၏။ရဟ်ဗဲရ် အင်ကေလာဗ် ဟဇရတ် အာယာသွလ်လ္လာဟ် အလ် အွဇ်မာ ဆရက် အလီ ခါမေ နာအီ ၏ မိန့်ခွန်းတော် ၏ ဆိုလိုချက် အကျဉ်းမှာ ခွသ်ဗာ နှင့်အတူ အောက်ပါအတိုင်း ဖြစ်ပေသည်။بسماللهالرّحمنالرّحيميا مقلّب القلوب و الأبصار، يا مدبّر اللّيل و النّهار، يا محوّل الحول و الأحوال، حوّل حالنا الی احسن الحال .اللّهمّ صلّ علی حبيبتك سیّدة نساء العالمين فاطمة بنت محمّد صلّی الله عليه و ءاله. اللّهمّ صلّ عليها و علی ابيها و بعلها و بنيها. اللّهمّ كن لولیّك الحجّة بن الحسن صلواتك عليه و علی ءابائه فی هذه السّاعة و فی كلّ ساعة ولیّا و حافظا و قائدا و ناصرا و دليلا و عينا حتّی تسكنه ارضك طوعا و تمتّعه فيها طويلا. اللّهمّ اعطه فی نفسه و ذرّیّته و شيعته و رعیّته و خاصّته و عامّته و عدوّه و جميع اهل الدّنيا ما تقر به عينه و تسرّ به نفسه.ပြည်ထောင်စု အစ္စလာမ်မီ အီရန် နိုင်ငံ နှင့် ကမ္ဘာ အနှံ တံင် မှီတင်းနေထိုင်နေကြသည့် ချစ်ခင်လေးစား ရပါသော ကျွန်ုပ်တို့၏ အီရန်နီ လူမျိုး များ၊ ဧည့်သည်တော်များ အားလုံး နှစ်သစ် အတွက် မင်္ဂလာအပေါင်း ခညောင်းပါစေလို့ ပြောကြား လိုက်ပါတယ်။ဤ နှစ်သစ်မင်္ဂလာ နှင့် နှစ်သစ် ၏ ပထမဆုံးနေ့ အား အလ္လာဟ် ဟို အရှင်မြတ် သခင် ထံတော်မှ အထူးသဖြင့် ကျွန်ုပ်တို့၏ ချစ်ရပါသောသာသနာ့ နှင့် နိုင်ငံ တော်အတွက် ကုရ်ဗာနီများ ပေးခဲ့သူများ၊ရှိုဟာဒါ မိသားစု ဝင်များ၊ အစ္စလာမ်နှင့် နိုင်ငံတော် အတွက် တိုက်ပွဲ တွင် ဒဏ်ရာ ရခဲ့သူများ နှင့် ၎င်းတို့၏ မိသားစု ဝင်များ ၊ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ အတွက် တာဝန် ထမ်းဆောင် နေသူတိုင်း ၊ တကမ္ဘာလုံး ရှိ မွတ်စလင် များ၊ အတွက် ပျော်ရွင်မှု ၊ အောင် မြင်မှု ၊ လန်းဆန်း မှု ကို ရရှိ ကြပါစေလို့ ဆု မွန် ကောင်း တောင်းလိုက်ပါတယ် …ပြီးနောက် ကျွန်ုပ်တို့အားလုံး ကိုလည်း မိမိတို့၏ တာဝန်များ ကို ကျေပွန် စွာ ထမ်းဆောင် နိုင်ဖို့ စွမ်းအား ရပါ ဆု မွန် ချွေလိုက်ရပါတယ် …ကျွန်ုပ် ၏ချစ်ခင်လေစားရပါသော နှစ်သစ်၏ ဧည့်သည်တော် များ အပေါင်း ခင်ဗျား … ကျွန်တော်တင်ပြမည့် အရာ ကို ဂရုပြုပေး စေလိုပါတယ် …ယခုနှစ်သစ် ကူးနေ့ နှင့် အီးဒ်နေ့များ အကြား တွင် (အရန်းမ်မေ ဖွာတေမီယေ(စ.အ) ) နှင့်ကြုံနေသဖြင့် ထိုရက်များကို ရို သေဖို့ ၊ လေးစားဖို့ ကျွန်ုပ် တို့ အားလုံး အတွက် အရေး ကြီးပါတယ်…ပြီးခဲ့သည့် နှစ်ဟောင်း ၁၃၉၁ ခုနှစ်မှာ ပြီးခဲ့သည့် နှစ်များကဲ့သို့ ဖြစ်ခဲ့ ပါတယ်…အရောင်စုံ ၊ အကွက်စုံလာပါတယ် ၊ ပျော်ရွင်စရာများရှိသလို ၊ဝမ်းနည်းကြေကွဲ ဖွယ်တွေလည်း ကြုံခဲ့ ရပါတယ်…အောင်မြင်မှုတွေ ဆွတ်ခူး နိုင်ခဲ့သလို ၊နောက်ကျပြီး လက်လွတ်ပေးခဲ့ရတာတွေလည်း ရှိခဲ့ပါတယ် …လူသား၏ ဘဝတာ တလျောက်လုံး ဟာ ဒါမျိုး တွေနှင့် ရင်ဆိုင် တွေ့ကြုံ ရမှာ ဖြစ်ပါတယ် …အားနည်းမှု နှင့် အားသာမှု ၊အနှိမ့် နှင့်အမြင့် ဒွန်တွဲနေပါတယ်… အရေးကြီးတာ အားနည်းမှု များ အနှိမ်များ ကို မိမိကိုယ့် မှ ထုတ် ပစ် နိုင်ဖို့ ၊ အားသာမှုများ နှင့် အမြင့်များဆီ မိမိကိုယ့် ကို အရောက် ၊ ရောက်အောင် ပို့နိုင်ဖို့ပါဘဲ …၁၃၉၁ ခုနှစ်ကိုပြန် ကြည့်မည် ဆိုရင် . .. ကျွန်ုပ်တို့၏ ရန်သူတွေ ၊ ကမ္ဘာအရင်းရှင် ဝါဒီ တွေဟာ ကျွန်ုပ်တို့ကို အဖက်ဖက်ကနေ တိုက်ခိုက် နေတာ အထင်အရှား ပါဘဲ …အထူး သဖြင့် နိုင်ငံရေး ကဏ္ဍ နှင့် စီးပွားရေး ကဏ္ဍ ကို မြင်ရမှာပါ။ကျွန်ုပ်တို့ တွေဟာလည်း အဖက်ဖက်မှ တိုက်ခိုက် မှု ကို အလ္လာဟ် ဟိုအရှင်မြတ် သခင်၏ကျေးဇူးတော်ဖြင့် ကာ ကွယ် နိုင်ခဲ့ပြီး အောင်မြင်မှုများ တိုးတက်မှုများ ကို ဆွတ်ခူး နိုင်ခဲ့ပါတယ် …ဤအကြောင်း နှင့် ပတ်သက်ပြီး မနက်ဖန် ( မတ်လ ၂၁ရက်နေ့ ၊အေမာမ်ရေဇာ(အ.စ) ရောင်ဇာတော်အတွင်း ) မိန့်ကြားမည့် မိန်းခွန်းတော်တွင် အကျယ်တဝင့် ဟောကြားပါမယ် …ကျွန်တော်အနေဖြင့် အီရန်သက္ကရာဇ် ၁၃၉၂ နှစ်သစ် အား ( ဟေမာ စေ ယေစီယာစီ ဝါ ဟေမာစေယေအေက်သေဆွာဒီ ) အမည်ပေး မှည့်လိုက်ပါတယ် …ဝစလာမ်မွန်း(န) အလိုင်းကွမ်း
ရဟ်ဗဲရ် အင်ကေလာဗ်
အီရန်သက္ကရာဇ် ၁၃၉၂ နှစ်သစ် အား ( ဟေမာစေ ယေစီယာစီ ဝါ ဟေမာစေယေ အေက်သေဆွာဒီ ) အမည်မှည့်
၁၉ မတ် ၂၀၁၃ - ၂၀:၃၀
News ID: 401656
ရဟ်ဗဲရ် အင်ကေလာဗ် ဟဇရတ် အာယာသွလ်လ္လာဟ် အလ် အွဇ်မာ ဆရက် အလီခါမေနာအီ အနေဖြင့် အီရန်သက္ကရာဇ် ၁၃၉၂ နှစ်သစ် အား ( ဟေမာ စေ ယေစီယာစီ ဝါ ဟေမာ စေယေ အေက်သေဆွာဒီ ) အမည်မှည့် ပေး ခဲ့ပါသည်။