အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
သင်္ကြန်ဆိုတာ မြန်မာတွေ အတွက် အဖိုး မဖြတ်နိုင်တဲ့ ရတနာ တစ်ပါးလိုပဲ။ ပွဲတော်တွေထဲမှာမှ လူမျိုး ဘာသာ မရွေး ၀င်ပြီးပျော်နိုင် တဲ့ပွဲလေးပါ။ ပြီးတော့ သင်္ကြန်ရေ ဆိုတာလည်း အေးမြတဲ့ ရေစင်လေး တွေပါပဲ။ သင်္ကြန်မှာ ၀တ်စားဆင် ယင်မှုက အရေးကြီးတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ အရမ်း အတို အပြတ်တွေ၊ သရုပ်ပျက်မယ့် အ၀တ်အစားတွေ မ၀တ်တာ ကောင်းမယ်။
မြနှင်းလည်း အောက်ကနေ အသားကပ် စတော်ကင် အရှည်တွေ ၀တ်ပြီးမှ အပေါ်က တစ်ခုခု ၀တ်မှာပါ။ တခြားသူတွေရဲ့ဝတ်စား ဆင်ယင်မှုကို သိပ် မဝေဖန်ချင် ပါဘူး။ ဒါပေမဲ့ ကိုယ့်အန္တရာယ်ကို ကိုယ်ကြည့်ရှောင် နိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။
အခုခေတ်က တိုးတက်လာတာနဲ့အမျှ သင်္ကြန်ဆိုတာနဲ့ အရက်သောက်ပြီး ကဲမယ် ဆိုတာက ထုံးစံတစ်ခုလို ဖြစ်နေတယ်။ သင်္ကြန်ဆိုရင် အရက်သောက်တာက ဓလေ့တစ်ခု ကျနေတာပဲ။ အရက်မသောက်လည်း ပျော်လို့ ရပါတယ်။ အရက်ဝင်သွားရင် သွေးဆူလွယ်တယ်။ ဒေါသထွက် လွယ်ပြီး ပြဿနာဖြစ်တတ်တယ်။ တစ်ဖက်လူက ကိုယ့်ကိုမခံချင် အောင်စတာနဲ့ ရန်ဖြစ်တော့တာပဲ။ မိန်းကလေးတွေဆိုလည်း အသိစိတ် တွေပျောက်ပြီး မှားယွင်းတတ်ကြတယ်။ အဲဒါကြောင့် ထိန်းထိန်း သိမ်းသိမ်းနဲ့ ပျော်စေချင်ပါတယ်။ အခုအချိန်က ပွင့်လင်းမြင်သာလာတဲ့ အချိန်ဆိုတော့ အရက်သောက်တာ ဆန်းတော့ မဆန်းပါဘူး။ သတိကပ် ဖို့တော့ လိုတယ်။
နိုင်ငံခြားသားတွေ လည်း သင်္ကြန်ဆိုရင် မြန်မာပြည်ကို လာလည်ကြတယ်။ သူတို့တွေလည်း မြန်မာ့ ရိုးရာ သင်္ကြန်ပွဲကို ၀င်ပြီးနွှဲ ပျော်ကြတယ်။ တချို့ဆို တကူးတကကို လာလည်ပြီး ပျော်ကြတာ။ အဲ ဒီအတွက် သူတို့ကို မြန်မာတွေရဲ့ သင်္ကြန်ဟာ အရမ်း ပျော်ဖို့ ကောင်းတယ်။ စည်းကမ်းလည်း ရှိတယ်၊ မောင်နှမ သားချင်းလို ကိုယ်ချင်းစာစိတ်လည်း ရှိပြီး အေးမြတဲ့ သင်္ကြန် ဆိုတာပြချင်တယ်။ သူတို့ကို သိစေ ချင်ပါတယ်။