၂၁ ဧပြီ ၂၀၁၃ - ၁၉:၃၀
တောင်ကြီးမြို့  ဗဟိုရ်မဏ္ဍပ်၌ သင်္ကြန်အတက်နေ့ ညနေပိုင်းတွင် ၉၆၉ စာနှင့်အခွေ များ လက်သိပ်ထိုး ဖြန့် ဝေခဲ့

အဟ်လေ့ဘိုက် (အ.စ)သတင်းဌာန ၊ အဗ်နာ

ပြီးခဲ့သည့် သင်္ကြန် အတက်နေ့ တွင် တောင်ကြီးမြို့ရှိ အစိုးရ မဏ္ဍပ်တစ်ခုဖြစ်သော ဗဟိုရ်မဏ္ဍပ်တွင် မွတ်စလင် ဆန့် ကျင်ရေးတရားများပါဝင်သည့် ၉၆၉ တရားခွေနှင့်စာများကို လက်သိပ်ထိုးပုံစံမျိုးနဲ့ လူလေးငါးယောက်က ဝေသွားသည်ဟု လက်ဝယ်ရရှိခဲ့သူတစ်ဦးက M-Media သို့ ပြောပါသည်။

ယင်းဗဟိုရ်မဏ္ဍပ်သည် မြို့မဈေးကြီးနှင့် ကပ်လျက်ရှိတည်ရှိပြီး သင်္ကြန် အပြီးမြို့မဈေးအတွင်း ရှိဆိုင်အချို့တွင်လည်း ယင်း တရားခွေများ လာပေးသည်ကို မြင်တွေ့ ခဲ့ရကြောင်း မျက်မြင်တစ်ဦးက ပြောပါသည်။

” ဒီသင်္ကြန်မတိုင်ခင်ကပေါ့၊ ဟိုမိတ္ထီလာအရေးအခင်းလည်း မဖြစ်သေးတဲ့ အချိန်က သီလရှင်တစ်ပါးက ဆိုင်မှာ အခွေလာရောင်းတယ်။ သူကဆိုင်ထဲမ၀င်ခင် ဗုဒ္ဓဘာသာ ဆိုင်လားလို့ အရင်မေးတယ်။ ဟုတ်တယ် ဆိုတော့မှ ခွေကိုပြပြီး ဒါက အမျိုး၊ ဘာသာအတွက် ဟောထားတဲ့ အခွေပါ။ အရမ်းကောင်းပါတယ်။ မော်လမြိုင်ဘက်မှာ အရမ်းပေါက်တယ်။ အားပေးပါအုန်း ” လို့ ဆိုတယ်ဗျာ။ ကျွန်တော်တို့ ကလည်း ဈေးရောင်းက ရှုပ်နေချိန် ပြီးတော့ သိပ်လည်း စိတ်မ၀င်စားတာနဲ့ မ၀ယ်ဖြစ်ခဲ့ဘူး။ အဲဒီမှာ သီလရှင်က မ၀ယ်ရ ကောင်းလားဆိုပြီးတော့ ကျွန်တော်တို့ ကိုတောင် သိပ်မကြည် မလင်ဖြစ်သွားခဲ့သေးတယ်လို့ ” ဗုဒ္ဓဘာသာ ၀င်တစ်ဦးက M-Media သို့ ပြောပြပါသည်။