အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာဂျာမဏီနိုင်ငံ သူ အမျိုးသမီး တစ်ဦးသည် အေမာမ်ဟိုစိုင်း(န)(အ.စ)နှင့် စပ်လျဉ်းပြီး ဟဇရတ် အာယာသွလ်လ္လာဟ် အလ်အွဇ်မာ ဆရက် ဆွာဒစ် ရူဟာနီ ရေးသားထားသည့် စာအုပ် အား လေ့လာပြီး ၊ပြီးခဲ့ သည့် အပတ်တွင် တရားဝင် ရှီအာ အဖြင့် ကြေငြာခဲ့လေသည်။သူမသည် ဟဇရတ် အာယာ သွလ်လ္လာဟ် အလ်အွဇ်မာ ဆရက် ဆွာဒစ် ရူဟာနီ ရုံးခန်းတွင် ဧပြီလ ၁၄ရက်နေ့ တွင် ဝင်ရောက် ပြီး အာယာသွလ် နှင့်တွေ့ဆုံ စကားဆိုခဲ့ရာ အာယာသွလ် မှ သူမ အား အစ္စလာမ် ဘာသာနှင့် ပတ်သတ် ပြီးအကျဉ်းချုပ် ၊ အနှစ်ချုပ်ကို တင်ပြခဲ့ ပါသည်။ သူမသည်ကြားနားပြီးနောက် အရင်လည်း အာယာသွလ်လ္လာဟ် ၏ အေမာမ်ဟိုစိုင်း(န)(အ.စ)နှင့် စပ်လျဉ်းပြီး ရေးသားထားသည့် စာအုပ်အား လေ့လာ ပြီးလည်း ဖြစ်ရာ ကလေမာယေရှဟာဒတ်သိုင်းဖတ်ရွတ်ပြီး တရားဝင် ရှီအာ အဖြင့် ကြေငြာခဲ့လေသည်။သူမအနေဖြင့် မိမိ၏ အစ္စလာမ် အမည်အား ဟွန်စနာ မှည့်ခဲ့လေသည်။ ပြီးနောက် သူမ အနေဖြင့် အာ ယာ သွလ်လ္လာဟ် အား အင်္ဂလန် နိုင်ငံ နှင့် ဂျာမဏီ နိုင်ငံရှိ မျိုးဆက် သစ် လူငယ်များ အနေဖြင့် အစ္စ လာမ် သာသနာ နှင့်ပတ်သက်ပြီး သိရှိနားလည်မှု ကို စိတ်ဝင်စားကြကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် ၎င်း တို့ အနေဖြင့် စွန်နီ စာအုပ်များ ၊ သာသနာပြုများ နှင့် အများဆုံးရင်းနှီး ခွင့်ရပြီး ရှီအာ စာအုပ်များ ၊ သာသနာပြုများ နှင့် ရင်းနှီး ခွင့်ရမှု မှာ ဤနိုင်ငံများ တွင် အရမ်း နည်းပါးကြောင်း တင်ပြ ခဲ့လေသည်။ ဆက်လက်ပြီး မိမိအနေဖြင့် အစ္စလာမ်သာသနာတော်ကို သက်ဝင်ယုံကြည်ပြီး ရှီအာ မဇ်ဟဗ် ကို လက်ခံခဲ့ရမှု သည် အေမာမ် ဟိုစိုင်း(န) (အ.စ) ၏ တော်လှန်ရေး အကြောင်း အာ ယာ သွလ်လ္လာဟ် ရေးသားထားသည့် စာအုပ်ကို လေ့လာ ပြီး အေမာမ် ဟိုစိုင်း(န) (အ.စ) ၏ အချစ်မေတ္တာကြောင့် ဖြစ်ကြောင်း တင်ပြ ခဲ့ပါသည်။
၂၂ ဧပြီ ၂၀၁၃ - ၁၉:၃၀
News ID: 411998
ဂျာမဏီနိုင်ငံသူအမျိုးသမီးတစ်ဦးသည်အေမာမ်ဟိုစိုင်း(န)(အ.စ)နှင့်စပ်လျဉ်းပြီးရေးသားထားသည့်စာအုပ် အားလေ့လာပြီး၊ပြီးခဲ့သည့်အပတ်တွင်ရှီအာဖြစ်ခဲ့လေသည်။