အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊ အဗ်နာ ဤညီလာခံ အား ဒေသဆိုင်ရာ အကျော်အမော် ကာရီ ယေ ကုရ်အာန် ၏ ကျမ်းတော်မြတ်ကုရ်အာန် ဖတ်ရွတ်မှု ဖြင့်စတင်ခဲ့ပါသည်။ ဆက်လက်ပြီး မောင်လာနာ ဖိုင်ဇဲလ် အယားဇ် အန်ဂျွန်မန် အဟ်လေ့စွန္နတ် ကောင်စီ၊ပါကစ္စတန်(အထွေထွေ အတွင်းရေးမှူး ) အနေဖြင့် မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ ဘဝ သမိုင်းနှင့် ပတ်သက်ပြီးတရားဟောကြားခဲ့ ပါသည်။မောင်လာနာ ဖိုင်ဇဲလ် အယားဇ် နှင့် ဆက်လက်ပြောကြားသည်မှာ -မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ အချစ်မေတ္တာ သည် မွတ်စလင်များ အားလုံး၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ၊ တရင်မှ တရင် သို့ သယ်ဆောင်လာ ခဲ့ကြခြင်း ဖြစ်ပါသည်။ရတနာသိုက်ပမာ မွတ်စလင် မျိုးဆက်သစ်များ လက်သို့ တဆင့်တဆင့် လွဲပြောင်းခဲ့သည့် အဖိုးတန် ရတနာ ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ၎င်း အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် နောက်ဆုံး တမန်တော် မြတ်ကြီးမဟာတမန် တော်မြတ် ကြီး (ဆွ) ၏ ဘဝ အပေါ် အကီဒါရှိပြီး လက်တွေ့ လိုက်နာ ကျင့်သုံး မည် ဆို လျှင် လောကီ လောကုတ္တရာ နှစ်ဌာန တွင် အောင်မြင်မည် ဖြစ်ကြောင်းပြောကြား ခဲ့ပါသည်။ဤညီလာခံအား ဧပြီလ ၂၀ ရက်နေ့ က ကျင်းပခဲ့ ခြင်း ဖြစ်ပါသည်။
၂၂ ဧပြီ ၂၀၁၃ - ၁၉:၃၀
News ID: 412007
အန်ဂျွန်မန် အဟ်လေ့စွန္နတ် ကောင်စီ ၊ပါကစ္စတန် ၏ ကြီးမှူး မှုဖြင့် ဤအန်ဂျွန်မန်၏ ရုံးခန်းတွင် ခါသမ်မွလ် အန်ဗီယာ (ဆွ) ၏ ညီလာခံ အား ကျင်းပ ခဲ့ပါ သည်။