၁၉ မေ ၂၀၁၃ - ၁၉:၃၀
ဘဟ်ရိန်း  အိုလမာ  ဖက်မှ  ဟဇရတ်  အာယာသွလ် လ္လာဟ် အီစာကာစင်မ် အိမ်အား  တိုက်ခိုက်မှု အတွက် ကန့်ကွက် တားမြစ်

ဘဟ်ရိန်းအိုလမာဖက်မှဟဇရတ်အာယာသွလ်လ္လာဟ်အီစာ ကာစင်မ်အိမ်အားအာလေခလီဖွာ၏ကြေးစားလုံထိန်းများ ၏တိုက်ခိုက်မှုအတွက်အပြင်းအထန်းကန့်ကွက်တားမြစ်ကြောင်း မိမိတို့၏အစီရင်ခံစာတစ်ခုတွင်ထုတ်ပြန်ကြေငြာခဲ့ကြပါသည်။

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာဘဟ်ရိန်း အိုလမာဖက် မှ ဟဇရတ်အာယာသွလ် လ္လာဟ် အီစာ ကာစင်မ်အိမ်အား အာလေခလီဖွာ ၏ကြေးစားလုံထိန်းများ၏လူမဆန်သည့်မတရားတိုက်ခိုက်မှုအတွက်အပြင်းအထန်းကန့်ကွက်တားမြစ် ကြောင်းမိမိတို့၏အစီရင်ခံစာ တစ်ခုတွင် ထုတ်ပြန်ကြေငြာခဲ့ကြပါသည်။ဘဟ်ရိန်း အိုလမာ မှ လေးပါးဖြစ်သည့် ရှိက်ခ် အဗ်ဒွလ်ဟိုစိုင်း(န) အလ်စသ်ရီ ၊ ဆရက် ဂျဝါဒ် အလ်ဝေဒါအီ ၊ ဆရက် အဗ်ဒွလ်လ္လာဟ် အလ်ဂရီးဖီ ၊နှသ့် ရှိက်ခ် မိုဟမ္မဒ် ဆွာလေ အလ်ရဘီအီ တို့မှာအစီရင်ခံစာ တစ်ခုတွင် ကျွန်ုပ်တို့ အနေဖြင့် ဤ လူမဆန်သည့် လုပ်ရပ်အား အပြင်း အထန်း ကန့်ကွက်တားမြစ် ပါတယ် … ရဲရင့် သတ္တိရှိသည့် ဘဟ်ရိန်း ပြည်သူ လူထုအနေဖြင့်လည်း ငြိမ်းချမ်း အေးငြိမ်းစွာ ဤလုပ်ရပ်အား ကန့်ကွက် ဆန္ဒပြကြရန် မေတ္တာရပ်ခံ လိုက်ပါတယ် … ဆိုထားပါသည်။ဘဟ်ရိန်း အိုလမာမှ ဤ အန္တရာယ်ကြီးမားပြီး လူမဆန်သည့်လုပ်ရပ်အတွက် လက်ရှိ ဥပေဒေ စနစ် များကို ထောက်ပြပြီး ဘဟ်ရိန်း ပြည်သူလူထု အနေဖြင့် မိမိတို့ ဘာသာရေး ခေါင်းဆောင် အပေါ်စော်ကား မှု အတွက် နှုတ် ပိတ်နေကြမည် မဟုတ်ကြောင်း ထုတ်ဖော် ကြေငြာ ခဲ့ပါသည်။ဟဇရတ်အာယာသွလ် လ္လာဟ် အီစာ ကာစင်မ်အိမ်အား အာလေခလီဖွာ ၏ ကြေးစားလုံထိန်းများ ၏ လူမဆန် သည့် မတရားတိုက်ခိုက်မှု သည် မေလ၁၇ ရက်နေ့ သောကြာနေ့ မနက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ ခြင်း ဖြစ်ပါသည်။