အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
“လားရှိုးမြို့ အကြမ်းဖက်မှု ပြဿနာ အစ အမျိုးသမီးကို မီးရှို့တယ်ဆိုတဲ့ ကိုနေ၀င်းဟာ သာမန်လူမဟုတ်ပါဘူး။ သူဟာ အရက်ကြောင် ကြောင်တတ်ပါတယ်။ သူ့ရဲ့ ဆေးမှတ်တမ်းတွေကိုလည်း ကျိုင်းတုံကနေ ယူဖို့ လုပ်ထားပါတယ်။ သူရဲ့ ဆေးမှတ်တမ်းတွေရှိပါတယ်။ သူက အဲလို ပုံမှန်မဟုတ်တဲ့ အချိန်တွေဆို အိမ်ကနေ ၃-၄-၅ ရက် ပျောက်သွားတတ်တယ်။ ပြီးတော့မှ ပြန်လာတဲ့အခါတွေရှိတယ်။
နောက်ဖြစ်စဉ်တစ်ခုက လွန်ခဲ့တဲ့ ၄-၅နှစ်က သူဟာ အလုပ်တစ်ခုနဲ့လာရင်း မန္တလေးမြို့ ၂၇-လမ်းဘက်က တည်းခိုခန်းတစ်ခုရဲ့ တိုက်ပေါ်ကနေ ခုန်ချဖို့ လုပ်လိုက်သေးတယ်။ သူဟာ သာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာ သိသာတယ်။ အဲဒီ ဆေးမှတ်တမ်းတွေကိုလည်း ရအောင် ယူထားသင့်ပါတယ်။ တာဝန်ရှိသူတွေက အဲဒါတွေကို ဖျောက်ဖျက်ပစ်လိုက်မှာ စိုးရိမ်ရပါတယ်။
ရဲသတင်း(ရဲဇာနည်)က တက်လာတဲ့အထဲမှာ အဲဒီဖြစ်စဉ်ကို ဖော်ပြရာမှာ အမျိုးသမီးရဲ့ ကိုးကွယ်တဲ့ဘာသာမပါဘူး။ ဒီအမျိုးသားရဲ့ ကိုးကွယ်တဲ့ဘာသာကို ရဲဘက်က ထည့်ထားတာရှိတယ်။ အဲဒါမျိုးဆို ဒါက တမင် ပြဿနာတွေဖြစ်အောင် ဖန်တီးနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ တဖက်က တရားလိုက ဘာသာမဲ့ တရားခံက ဘယ်ဘာသာဆိုတာ ဖော်ပြပြီးရေးတာက ဘယ်လမ်းကို သွားနေတယ်ဆိုတာ သိသာထင်ရှားနေတယ်။