အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
၉၆၉ အကြမ်းဖက်မှုများ လှုံ့ဆော်ရေး နှင့် ဖန်တီးမှုများ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့၊ မိတ္ထီလာ ပဋိပက္ခတွင် ဓါတ်ပုံအတုများ သုံး၍ ဘုန်းကြီး အသတ်ခံရမှုကို ဝါဒဖြန့်ခဲ့သူ၊ မစိုးရိမ်တိုက်သစ်က ဘုန်းကြီးဆိုး ဦးဝီရသူ၏ ဖေ့စ်ဘစ်စာမျက်နှာတွင် မနေ့က နေ့လည် ၁၂ နာရီဝန်းကျင်၌် ရွှေတိဂုံဘုရားပေါ်သို့ မွတ်စ်လင်မ် အမျိုးသမီးတစ်ဦးက အစ္စလာမ် အမျိုးသမီးတွေ ဝတ်ဆင်ကြတဲ့ ပုံစံမျိုး ဝတ်ဆင်ပြီး အဖော်အမျိုးသမီးငယ်တစ်ဦးနဲ့ တက်လာတယ် ဆိုပြီး ဖော်ပြထားတာတွေ့ရပါသည်။
နှင်းဆီပန်းအနီရောင်တွေ “တစ်သောင်းဖိုး” (အတိအကျ ကိုသိနေ၏) ဝယ်လာပါတယ် ဟုလည်းဖော်ပြထားပါသည်။ ထို့နောက် အဲဒီအမျိုးသမီး နှစ်ယောက်ဟာ ဓါတ်ပုံ အကျအန အရိုက်ခံခဲ့သေးတာ ကိုလည်း တွေ့ရပါတယ်။
ထို့အပြင် ရခိုင်ပဋိပက္ခ တွေမှစတင်ပြီး ဝါဒဖြန့် သတင်းလှုံ့ဆော်မှုတွေနဲ့ ထင်ရှားတဲ့ Eleven မီဒီယာ မှလည်း ဘုန်းကြီးဆိုး ဦးဝီရသူနှင့် ပဋိပက္ခတွေဖြစ်အောင် တညီတညွှတ်ထဲ လှုပ်ရှားနေတာ သိပ်ကို ထင်ရှားနေပါတယ်။ Eleven မီဒီယာမှ အစ္စလာမ် ခေါင်းဆောင်တွေ ရဲ့ သတင်းစာရှင်းလင်းပွဲ တွေအကြောင်းကို နေ့စဉ်ထုတ် ဇွန် ၁၃ နှင့် ဇွန် ၁၅ သတင်းစာတွေမှာ သတင်းဖော်ပြမှုတွေ၌ နားလည်မှုလွဲအောင်ဖော်ပြခဲ့တာတွေကို တွေရှိခဲ့ရပါတယ်။
“ELEVEN” နဲ့ ပြည်ထဲရေးမှ ထိပ်ပိုင်းခေါင်းဆောင် ရဲ့ ပူးပေါင်းလုပ်ကြံသတင်း၊ ဝါဒဖြန့် သတင်း web site တစ်ခုဟု၊ မီဒီယာ လောကတွင် အပြောများတဲ့ သစ်ထူးလွင် “http://www.thithtoolwin.info/2013/06/blog-post_3086.html” မှလည်း ရန်ကုန်တွင် ပဋိပက္ခနှင့် သတ်ပွဲတွေ မဖြစ်ဖြစ်အောင် ယခုကဲ့သို့ လုပ်ကြံသတင်းမျိုးကို ဖန်တီးပြီး ဖြန့်ဝေနေတာကို အားလုံးတွေ့မြင်နေရ ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်ယုံကြည့် အမြတ်တနိုး အထားဆုံး ဖြစ်တဲ့ ရွှေတိဂုံ ဘုရားကို အသုံးချနေပါပြီ။ ဒီကိစ္စမှာ ဒီအမျိုးသမီးဟာ အစ္စလာမ် ဘာသာဝင် မဟုတ်မှန်း လူတိုင်းသိရှိနိုင်ပါတယ်။ ဒီအမျိုးသမီးဟာ လွန်ခဲတဲ့ နှစ်က ၉၆၉ လှုံ့ဆော်ရေး ဗီဒီယို အခွေတွေမှာ ကလေးမြို့ က မဝါဝါမြင့် အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ အမျိုးသမီးပါ။ “အသိသာကြီးပါ ဒါလုပ်ကြံသတင်းပါ” ဆိုပြီး။ “ပြီးသွားပြီဘဲ ထားလိုက်တော့” ဆိုလျှင်တော့ ရန်ကုန်မြို့အပါအဝင် တနိုင်ငံလုံးအတွက် သိပ်မကြာတဲ့ကာလဟာ အတော့်ကို ရင်လေးစရာဖြစ်နေပါပြီ ခင်ဗျာ။
ပြဿနာတွေ အားလုံးက ယခုကဲ့သို့ လုပ်ကြံ ဝါဒဖြန့်မှုတွေမှ စတင်ပြီး ဘာသာရေး အဆောက်အဦး တွေ မီးလောင်ပြာကျ၊ အပြစ်မဲ့ သူတွေ ဇီဝိန်ချုပ် ငြိမ်းခဲ့ရတာ အားလုံ မြင်တွေ့ သိရှိကြပါတယ်။
သက်ဆိုင်ရာ အာဏာပိုင် တွေက ဘာမှ ကိုင်တွယ်ခြင်းမရှိဘဲ လွှတ်ထားတာတော့ သိပ်ထင်ရှားနေပါတယ် ဆိုပေမဲ့ ထပ်မံ၍ “ကျေးဇူးပြုပြီး ဒီကိစ္စတွေကို ရပ်တန့်ပေးပါလို့” တောင်းဆိုလိုပါတယ်။
ဒီအပြင် အခြား ငြိမ်းချမ်းမှုနဲ့ တိုင်းပြည် အရေးကို ဆောင်ရွက်နေတဲ့ ရွှေဝါရောင် သံဃာ့ အဖွဲ့ အစည်းနဲ့ တိုင်ပင် ပူးပေါင်းပြီးတော့ အစ္စလာမ် ကွန်ရက်တွေက ဒီကိစ္စကို ဖော်ထုတ် ရှင်းလင်းပေးခြင်းဖြင့် ဖြစ်ပွားလာမည့် မလိုလားအပ်မှုတွေကို ကြိုတင် ကာကွယ်မှု ပြုလုပ်နိုင်ကြရန် မေတ္တာရပ်ခံအပ်ပါတယ်။
ကိုခန့်