အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
၂၀၁၃ ခုနှစ် ဇွန်လ ၅ ရက်မှ ၇ ရက်နေ့ အထိ မြန်မာနိုင်ငံမှာ ပထမဆုံး ပြုလုပ်ခဲ့တဲ့ World Economice of East Asia ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရဲ့ Icon နိုင်ငံသားများ အတွက် လုပ်ချင်တာတွေ လုပ်ပေးနိုင်ဖို့ သမ္မတ ဖြစ်လိုကြောင်းနဲ့ သမ္မတ ဖြစ်ဖို့လည်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း ဒုတိယ အကြိမ် တရားဝင်ပြောကြား ကြေညာ ခဲ့ပါတယ်။
ဒီပြောကြားမှု နှစ်ကြိမ်မှာ သူမရဲ့ ပွင့် လင်းဖြောင့်မတ်တဲ့ စိတ်ဓာတ်နဲ့ စရိုက်ကို ထပ်မံတွေ့ရှိ လိုက်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလကြားဖြတ် ရွေးကောက်ပွဲမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲထက် ပိုမို အရှိန်အဟုန် ပြင်းပြ ကြီးမားတဲ့ ပြည်သူလူထု ထောက်ခံ မှုနဲ့ နောက်တစ်ကြိမ် Land Slide Sweeping အနိုင်ရရှိ ပြီးနောက် ဇွန်လမှာ သူမရဲ့ စစ်အာဏာရှင် ဖိနှိပ်မှုအောက် ၂၂ နှစ်အပြီး ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ကိုသွားရောက် ခဲ့စဉ်ကတည်းက ဒီ Strong and Straight Forward No Cunning Character ကို စတွေ့ခဲ့ရပါတယ်။ နိုင်ငံ ခြားရင်းနှီး မြှုပ်သူတွေ မြန်မာနိုင်ငံရဲ့ အခြေ အနေကို မျက်စိမှိတ် အကောင်းမမြင်ဖို့ သတိပေး စကား ပြောကြား ခဲ့တဲ့ ဒေါ်စုကို သံသယ ဖြစ်မိကြောင်းနဲ့ မယုံကြည်နိုင် ကြောင်း ဝေဖန်ပြစ်တင် ခံခဲ့ရပါတယ်။ ဦးနု ဘာသာပြန်တဲ့ မိတ္တဗလဋီကာ စာအုပ်ကို မြန်မာလို ရေးထားလို့ မဖတ်ဘူးရင် တောင် ဒေးလ်ကာနယ်ဂျီရဲ့မူရင်းစာအုပ် How To Win Friends and Inrluence People ကိုတော့ ဒေါ်စုဖတ်ဖူးဖို့ ကောင်းပါတယ်။ ဒါမှမဟုတ် အဲဒီနည်းတွေ ကျင့်သုံးဖို့ကိုပဲ မသတီလို့လား။ မိတ်ဆွေ တစ်ယောက် ပြောတာကို သတိရ မိပါတယ်။
ဗိုလ်ချုပ် အောင်ဆန်းရော၊ သမီးဒေါ်အောင်ဆန်းစု ကြည်ရောပါ အစိုးရ ဌာနမှာ အလုပ်ဝင်လုပ် ရင် တစ်ပတ်ခု နစ်ရက်တောင် မခံဘဲ အလုပ် ပြုတ်ဖို့သေချာ သလို ကုန်သည် စီးပွားလုပ် ရင်လည်း အရင်းပါအိတ်စိုက်မွဲပြာကျ သွားမှာ မလွဲဘူးဆိုတဲ့ မှတ်ချက်ပါပဲ။ နား မလည်ဘဲ စိတ်ထဲရှိတဲ့ အတိုင်း ဒဲ့ဒိုးကြီး ပြောတတ်တဲ့ စိတ်ဓာတ်နဲ့ ရိုးသားမှု ကတော့ သားအဖ နှစ်ယောက် အတူတူပဲ။ တစ်ခါ အိန္ဒိယနိုင်ငံ သွားခဲ့တုန်းကလည်း မြန်မာ နိုင်ငံရဲ့ အပြောင်းအလဲဟာ စိတ်ချရတဲ့ အနေအထားမှာ မရှိဘဲ အချိန်မရွေး နောက် ကြောင်းပြန်လှည့် သွားနိုင်ကြောင်း ပြောပြန် ပါပြီ။ အစိုးရနဲ့ ပြေလည်ကာစ အချိန် လွှတ်တော် ထဲမှာလည်း ထိုင်ခုံတောင် မပူ သေးတဲ့ အချိန်မှာ အဲဒီလိုရှင်းရှင်း ဘွင်းဘွင်း ပြောချလိုက်ပုံကတော့ နောင်ရှေ့ဆက်သွား ရမည့် Dirty Political Game မှာ ဘယ် တော့ ခြေထိုး၊တံတောင်နဲ့တွက်၊ နံကြားကို လက်သီးနဲ့ ပုန်းထိုးခံရပြီး လွင့်ထွက်သွား မလဲဆိုတာ စိတ်ပူမိတာ အမှန်ပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဘမျိုး ဘိုးတူ အာဇာနည်သွေးရဲရဲ တောက်နေပေ မယ့်လည်း အဆင့်မြင့် ပညာတတ် လူကြီး လူကောင်းအမူအကျင့်တွေ Graduated Gentleman Behaviour and Mindest Attitude စွဲကပ် နေတာဟာ ဒီနေ့မြန်မာ နိုင်ငံရဲ့နိုင်ငံရေး အနေအထားအရ အန္တရာယ် များလှ ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှု ရလဒ်ကို ဝေဖန်ခဲ့ပြီး နိုင်ငံရဲ့အောက်ခြေ လူတန်းစား တွေဟာပြောင်းလဲမှု အသီးအပွင့်ကို မခံစား ရကြောင်းပြောခဲ့ တာတွေ့ရတော့ ဒေါ်အောင် ဆန်းစုကြည်ကို မြန်မာနိုင်ငံမှာ သမ္မတ မဖြစ်စေလိုတာ အမှန်ပါပဲ။ ဘာကြောင့် လည်းဆိုတာ တင်ပြဆွေးနွေး ပါမယ်။
အထူးသဖြင့် ရခိုင်အရေးလို မသီတာထွေး ဆိုတဲ့ မိန်းကလေး တစ်ယောက် အဓမ္မကျင့် အသတ်ခံရတဲ့ ကိစ္စက အစပြုဖြစ်ပွားတဲ့ အရေးအခင်းမှာ နိုင်ငံပိုင် အစိုးရမီဒီယာ တွေကနေ မူစလင် ကုလားဆိုတဲ့ အသုံး အနှုန်းကို သိသိသာသာ ထင်ထင်ရှားရှား အထူးပြု ကြေညာ သွားတာ၊ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းကိစ္စမှာ သူမ လာ ရောက်မည့်နေ့အရုဏ်တက်စအချိန်ကိုက် သပိတ်စခန်းကို S.W.A.T Style နဲ့ဖြိုခွင်း လိုက်ပါလျက် စုံစမ်းစစ်ဆေးရေးကော်မရှင် မှာ ဥက္ကဋ္ဌတာဝန်ပေးလိုက်တာ၊ ဆက် လက်ဖြစ်ပေါ်လာတဲ့ မိတ္ထီလာမြို့ အရေး အခင်းကစတဲ့ ကွင်းဆက်အကြမ်းဖက်မှု ဖြစ်ရပ်တွေမှာ Well Trained Merenary Butchers တွေရဲ့ သားရဲတိရစ္ဆာန်လုပ်ရပ် တွေဟာ ဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့ ခဲ့ရတဲ့ ၂၀ဝ၃ ခုနှစ် ဒီပဲယင်း Massacre ရဲ့ ထပ်တူလုပ်ရပ်ဖြစ်နေပြီး ဘဝမှာ နှစ်ကြိမ် ကံမကောင်း လုပ်ကြံမှု သေဘေးက မလွတ် နိုင်သူဆိုတာ သတိပေးလိုရင်း သမ္မတဖြစ် မည့် လမ်းဆီလျှောက် လှမ်းမည့် ဒေါ်စု တစ် ယောက် အဲဒီအဆက် မပြတ်ဆောင့်ဝင်လာ မည့် Man Made Conspiracy တွေကို ရင်ဆိုင်ကျော်ဖြတ်ရုံ မဟုတ်ဘဲ၊ ဖယ်ရှား အဆုံးသတ်နိုင်စွမ်း ရှိမှာသာ ငါးမန်းတွေနဲ့ ဆက်ပြီးရေကူး ပါလို့အကြံပြုရင်း သမ္မတ မဖြစ်စေလိုတဲ့ အချက်အလက် အကြောင်း ရင်းတွေကို တင်ပြပါမည်။
ပထမ အချက်ကတော့ ဒေါ်အောင် ဆန်းစုကြည်ဟာ မည်းထူစိတ်ထား မထား နိုင်ခြင်းပါပဲ။ Tick & Darkened Strategy ကို အာရှတရုတ်နွယ်ဖွား စီးပွားရေး လုပ်ငန်းရှင်တွေက စပြီးတီထွင်ကျင့်သုံးခဲ့ ကြပြီး ကတိ၊ ကျင့်ဝတ်၊ စည်းကမ်း၊ တကယ့်အစစ်အမှန် အရည်အချင်းဆိုတဲ့ အခြေခံနီတိကျင့်စဉ်ကို အခြေအနေအရ အေးအေးဆေးဆေးနောက်မတွန့် မျက်နှာ မပျက်ဘဲ ဖောက်ဖျက်ပြီး ကိုယ်ပိုင် ကိုယ် ကျိုးစီးပွားသည်သာ အဓိကဆိုတဲ့စိတ်ဓာတ် နဲ့လုပ်ရပ်ကိုအချိန်တိုင်း ကျင့်သုံးခြင်း နည်း ဗျူဟာဖြစ်ပါတယ်။ Reputation, Dignity, Reliable and honouranble business Ethic စီးပွားရေး သိက္ခာတွေကို အလေးထားတဲ့ အနောက်တိုင်း သားတွေ နောက်ကောက် ကျရတဲ့ ရိုက်ချက်တွေ လည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ပါတီတို့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရရှိ လိုက်ပြီးနောက် ကြုံတွေ့ လိုက်ရတဲ့ န.ဝ.တ စစ်အစိုးရရဲ့ လုပ်ရပ်ဟာ အဲဒီမည်းထူ နည်း ဗျူဟာရဲ့ အပြောင်မြောက်ဆုံး အဆင့်ဂုဏ် ထူးတန်း လက်ရည်ပဲ ဖြစ်ပါတယ်။ မျက်နှာ ထူတော့မပူ တော့ဘူး။ မျက်နှာ မည်းနေ တော့ ရှက်သွေး ဖြန်းတာ၊ မျက်နှာပျက် သွားတာ လူမမြင်တော့ ဘူးဆိုတဲ့ နည်း ဗျူဟာကို အခြေခံ ထားတဲ့ သိက္ခာမဲ့ ရှက် ကြောပြတ် ရက်စက်ပြတ်သား ယုတ်ညံ့ ကောက်ကျစ်တဲ့ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေ ကျင့်သုံးတဲ့နည်း ဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်မှာ အဲဒီ အရည်အချင်း မရှိ ပါဘူး။
ဒုတိယ အချက်ကတော့ ဒေါ်အောင် ဆန်းစုကြည်ဟာ ဖခင်ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်းလိုပဲ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ မျက်နှာနဲ့ အကျိုးကိုသာ ရှေ့တန်းတင် ဦးစားပေး တတ်တဲ့ အားနည်းချက်ဖြစ်ပါ တယ်။ ပညာရှိ မဟော်သဓာ ဖြတ်ထုံးမှာ သားငယ်ကို အလယ်မှာ ထားပြီး ဘီလူးမ နဲ့လူသား မိခင် အပြိုင်ဆွဲရတဲ့ သားငယ်လု ပွဲမှာအစက တည်းက နုတ်ထွက်သွားမည့် သူဖြစ်ပါတယ်။ အဲ့ဒီစိတ်မျိုးဟာ နိုင်ငံရေး နှင့် တိုင်းပြည်အုပ်ချုပ်ရေးမှာ အားနည်း ချက်တစ်ခုဖြစ်ပြီး ပုဂံခေတ်က သထုံပြည် မနူဟာဘုရင်နဲ့ ဖိလစ်ပိုင်န