အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ အီဂျစ် နိုင်ငံကိုင်ရိုမြို့ အနီးရှိရွာလေးတစ်ရွာ တွင်မနေ့ညက အေမာမ်ဇမန်(အ.ဂျ)မွေး နေ့ကျင်း ပနေချိန် တွင်အစွန်းရောက် အစ္စလာမ်သာသနာ ကိုဖျက်စီး နေသည့် စလဖီ(ဝဟာဘီ)များ မှ ရက်ရက် စက်စက်သားရဲ တိရစ္ဆာန်ထက်ပင် ဆိုးသွမ်းစွာတိုက်ခိုက် သတ်ဖြတ်ခဲ့ကြရာ ရှီအာအာလင်မ် တစ်ပါး နှင့် ကျန်သုံးဦးရှဟီးဒ်ဖြစ်သွားခံရ လေသည်။သတင်းအထောက်အထားများ အရ ကိုင်ရိုမြို့အနီးရှိ အဗူ မွတ်စလင်ဆိုသည့် ရွာကလေး တစ်ရွာ တွင် ရွာနေ ရှီအာတချို့အနေဖြင့် အေမာမ်ဇမန်(အ.ဂျ) ၏မွေးနေ့ မင်္ဂလာ အထိမ်းအမှတ် အဖြင့် အစီအစဉ် များ ကျင်းပရန် ထိုရွာရှိ ရှီအာ အာလင်မ် ရှိက်ခ်ဟစန် ရှဟာသေဟ် ၏နေအိမ် တွင် ကျင်းပနေလေ၏။

ထိုအချိန် ထိုရွာလေးရှိ အစွန်းရောက် စလဖီ(ဝဟာဘီ)များ ရောက်လာကြပြီး အိမ်ကို ဝိုင်းထားလိုက် ကြလေသည်။ ပြီးနောက် မထွက်ထွက်ရန် ခြိမ်းခြောက်မှု များ ပြုလုပ်ခဲ့ကြလေသည်။ နောက်ဆုံး လူအင်အားခြင်းမမျှ သဖြင့် အိမ်ပြင်သို့ မထွက်လာသည် ကိုအခွင့်ကောင်း ယူပြီး ယောက်ကျားများ မပီသစွာ၊အစ္စလာမ့်သာသနာတော်၏ တရားဝင် ဥပဒေများကို ကျောခိုင်းပြီး အစွန်းရောက် စလဖီ (ဝဟာဘီ)များ မှ ရက်ရက် စက်စက်သားရဲ တိရစ္ဆာန်ထက်ပင် ဆိုးသွမ်းစွာ အိမ်ကို တိုက်ခိုက်၊မီးရှို့ ကြလေသည်။စလဖီ(ဝဟာဘီ)များ မှ ရက်ရက် စက်စက် သားရဲ တိရစ္ဆာန်ထက်ပင် ဆိုးသွမ်းစွာ ရှီအာအာလင်မ် တစ်ပါး ဖြစ်သည့် ရှိက်ခ် ဟစန်ရှဟာသေဟ် နှင့် ကျန် ညီအစ်က၃ ဦး ပေါင်း ၄ဦး ကို ပြင်းပြင်းထန်ထန် ရိုက်ပြီး သတ်လိုက်ကြလေသည်။ ပြီးနောက် အိမ်ရှိ ပစ္စည်းများကို လုံးဝဖျက်စီး ခဲ့ကြလေသည်။ ဖျက်စီးယုံ သတ်ယုံဖြင့် မဝသေးဘဲ မလ်အူး(န) စလဖီ (ဝဟာဘီ ) များ မှ အိမ်ကိုပါ မိမိတို့ ရှေ့ဆောင် ယဇီးဒ် (လ.န) နှင့် သူ၏နောက်လိုက်များ(လ.န)ကရ်ဗလာတွင်အဟ်လေ့ဘိုက်(အ.စ)နှင့်နောက်လိုက် တော်များ ၏ တဲများကို မီးရှို့ လူမဆန် ခဲ့ကြသလို မီးရှို့ ခဲ့ကြလေသည်။

သတ်ပုံသတ်နည်းမှာလည်း သားရဲ တိရစ္ဆာန်ထက်ပင် ဆိုးသွမ်း လှပေသည်။ ရက်ရက်စက်စက် ဝဟာဘီ လူအုပ်ကြီးမှ ကျောက်ခဲများဖြင့်ခေါင်းများကို ထုထု ပြီး သတ်ခဲ့ကြလေသည်။၎င်းတို့၏ ခန္ဓာကိုယ် မှ အဝတ်များ ကို ဆွဲ ဖြဲခဲ့ကြပြီး ဘာသာတရား တရားမရှိသများ ပင်မလုပ်သည့် ရှက်စရာ အလွန်တရာကောင်းသည့် လုပ်ရပ် မြေကြီးပေါ်တရွတ် တိုက် ဆွဲပြီး လူမဆန်သည့် လုပ်ရပ်များ ကို လုပ်ခဲ့ကြလေသည်။ ဤလူမဆန်သည်လုပ်ရပ်သည် အီဂျစ်နိုင်ငံတွင် ဖေရ်ကာ ၊မဇ်ဟဗ် အဓိကရုဏ်း ၏ အစပထမဖြစ်ပြီး ၊အစွန်းရောက် ဝဟာဘီများ ၏ အခြေအမြစ်မဲ့ ဟောကြားမှုများ နှင့် ဖသ်ဝါများကြောင်း တစ်မျိုး ၊ တက်လာသည့် သမ္မတ အသစ် မူစီ ၏ ဆီးရီးယား နိုင်ငံ နှင့် ဆက်သွယ်ရေးကို ဖြတ်တောက် လိုက် မှုကြောင့်တစ်နည်း ၊အေခ်ဝမ်းနေ မွတ်စလင်အဖွဲ့ မှ ဆီးရီးယား အစိုးရ ဆန်ကျင့်ပြီး တိုက်ခိုက်ရန် ၊ တိုက်ပွဲ ဝင်ရင် ဖိတ်ခေါ် ပြီး နောက် တစ်သွယ် ဖြစ်ပေါ်လာရခြင်း ဖြစ်သည့်ဟု ဆိုလျှင် မှား လိမ့် မည် မဟုတ်ချေ။






