၂၇ ဇူလိုင် ၂၀၁၃ - ၁၉:၃၀
အမျိုးသား ပြန်လည်သင်မြတ်ရေးနဲ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ 

၈၈ အရေးတော်ပုံကြီးဟာ မကြာခင် ကျရောက် တော့မဲ့ ဩဂုတ်လ ၈ ရက်နေ့မှာ ဆိုရင် ၂၅ နှစ် မြောက်ငွေရတု သဘင်ပွဲကြီးဖြစ်လာ ခဲ့ပါပြီ။ ဒီအရေး တော်ပုံကြီးကို သမိုင်းသိ မီသူများက ၁၃၅၀ ပြည့် အရေးတော်ပုံကြီးလို့ သဘောထား ခဲ့ကြပါတယ်။ ၁၃၀ဝ ပြည့် အရေးတော်ပုံကြီးဟာ ၁၉၃၈ ခုနှစ် ဇန်နဝါ ရီ ၉ ရက်မှာ စတင်ခဲ့ပါတယ်။ ရေနံမြေ အလုပ်သမား ထုကြီးရဲ့ တရားမျှတတဲ့ တောင်းဆိုချက် ၂၁ ချက်ကို ဘီအိုစီရေနံ ကုမ္ပဏီက မသိကျိုးကျွံပြုနေခဲ့ တာကြောင့် ချောက်နဲ့ရေနံချောင်း အလုပ်သမား ထုကြီး ရဲ့ ၁၉၃၈ နိုဝင်ဘာ ၂၆ ရက်နေ့ အစည်းအဝေးကြီးများ က မိုင် ၄၀ဝကျော်ဝေးတဲ့ ရန်ကုန်အထိ ချီတက်ဆန္ဒပြ ဖို့ ဆုံးဖြတ်ခဲ့ကြပြီး ၁၉၃၈ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့ မနက်အာရုဏ်တက်မှာ စတင်ချီတက်ခဲ့ကြပါတယ်။ လမ်းရွာ၊ရေနံချပ်နဲ့ ချောက်တို့မှ အလုပ်သမား ၁၀ဝ၀ ခန့် ချီတက်ရာမှာ ပါဝင်ခဲ့ကြပါတယ်။ သပိတ်ချီတက် ပွဲကြီးကို တို့ဗမာ အစည်းအရုံး ဌာနချုပ်မှ သခင်ဖိုးလှ ကြီးနဲ့ အဖွဲ့က စီစဉ်ကွပ်ကဲ ပေးကြပါတယ်။ လမ်းခရီး မြို့နယ်များမှ လယ်သမား ၂၀ဝ၀ဝ ကျော်က အလုပ် သမားတပ်ကြီးနဲ့ လာရောက်ပေါင်းစည်း ခဲ့ကြပါတယ်။

ကုန်မရောက်ဖို့ ဖိနှိပ်မှု၊ တားဆီး ဟန့်တားမှု၊ ဖမ်းဆီး မှု အမျိုးမျိုး လုပ်တဲ့ကြားက ဆက်လက်ချီ တက်ခဲ့ကြ ပါတယ်။ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းနဲ့ ကိုဗ ဆွေတို့ကလည်း မကွေးမှာ သပိတ်တပ်ဖွဲ့ကြီးများနဲ့ လာရောက်ပူးပေါင်း အားပေးခဲ့ကြပါတယ်။ နယ်ချဲ့ အစိုးရက ကျောင်းသား ခေါင်းဆောင်များကို ဖမ်းဆီး ခဲ့ကြတဲ့ အတွက် ၁၉၃၈ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ တက္ကသိုလ်နဲ့ အထက်တန်း ကျောင်းသား များက အလုပ် သမားသပိတ်ကြီးထဲ ပါဝင်လာကြပါတယ်။ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အလုပ်သမား တပ်ကြီးဟာ ပြည်ရွှေ ဆံတော် ဘုရားကြီးကို ရောက်လာကြပါပြီ။ ဒီဇင်ဘာ ၂၀ ရက်မှာ ကျောင်းသား ၇၀ဝ၀၊ ၈၀ဝ၀ လောက်က အတွင်းဝန်ရုံးကို ဝိုင်းဝန်းပြီး ဆန္ဒပြခဲ့ကြ ပါတယ်။ ဒီဆန္ဒပြပွဲကို မြင်းစီးပုလိပ်များက ကြမ်းကြမ်းတမ်း တမ်းရိုက်နှက်ဖြိုခွဲခဲ့ကြပါတယ်။ ကျောင်းသားခေါင်း ဆောင်ကိုအောင်ကျော် ဒဏ်ရာပြင်းပြင်းထန် ထန်ရရှိပြီး ၂၂-၁၂-၃၈ မှာ ကိုအောင်ကျော် ကျဆုံး သွားခဲ့ပါ တယ်ဒီဇင်ဘာ၂၇ ရက်နေ့ ကိုအောင်ကျော်ကို သင်္ဂြိုလ်ချိန် မှာဈာပနကော်မတီကကိုအောင်ကျော်ကို နေမျိုးသီဟ သူရဗိုလ်အောင်ကျော်ဘွဲ့ကို ပေးအပ်ခဲ့ကြပါတယ်။

၁၃၀ဝ ပြည့်ရေနံမြေသပိတ်ကြီးဟာ ၁၉၃၉ခုနှစ် ဇူလိုင်လအထိ တစ်နှစ်နဲ့ ၇ လ ကြာပါတယ်။ သပိတ်ကြီးဟာ ညွန့်ပေါင်းအစိုးရ ၂ ဖွဲ့ကို ဖြုတ်ချနိုင် ခဲ့ကြပါတယ်။ ရေနံမြေသပိတ်ကြီးအတွင်းမှာ ဗိုလ် အောင်ကျော်၊ အာလံဗိုလ်ဗဖိုးနဲ့ မန္တလေးမှ အာဇာနည် ၁၇ဦးကျဆုံးခဲ့ကြရပါတယ်။ သပိတ်တိုက်ပွဲ ဝင်သူ ၂၀ဝ၀ကျော် အဖမ်းခံခဲ့ကြရပါတယ်။ သပိတ်ကြီးကို အနယ်နယ်မှ လူထု ၂ သန်းကျော် ကထောက်ခံတယ် လို့ နယ်ချဲ့တော်လှန်ရေး ကမှတ်ချက်ပေး ပါတယ် ထောက်ခံပါဝင်သူ ကျောင်းသား တစ်သိန်းကျော်၊ မြို့နေလူထု ၄ သိန်းကျော် ပါဝင်ခဲ့ကြပါတယ်တဲ့။

 ၁၃၀ဝ ပြည့်အရေးတော်ပုံကြီးဟာ အလုပ်သမား၊ လယ်သမား၊ မြို့နေအခြေခံလူတန်းစား၊ ကျောင်းသားနဲ့ ပညာတတ်လူမှုအစုများရဲ့ ပြတ်သားတဲ့နိုင်ငံ ရေးရပ်ခံမှု ကို ဖော်ပြတဲ့ အရေးတော်ပုံကြီးဖြစ်ပါတယ်။ ဒါကြောင့် ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးဟာ ၁၃၅၀ ပြည့်အရေးတော်ပုံကြီးဖြစ်တယ်လို့ တချို့က မှတ်တမ်းတင်ကြတာပါ။

၁၉၈၈ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပေါ်လာ တဲ့အချိန်မှာ ပြည်တွင်းစစ်က အနှစ် ၄၀ ရှိပါပြီ။ စစ်အာဏာရှင်စနစ်က၂၆ နှစ်ရှိပါပြီ။ပြည်တွင်းစစ်ဒဏ်၊ စစ်အာဏာရှင်စနစ်ကကျင့်သုံးတဲ့ ဗျူရိုကရက် လက်ဝါး ကြီးအုပ်အရင်းရှင်စနစ်ရဲ့ လုယက်သွေးစုပ်မှုဒဏ်များ ကြောင့် တိုင်းပြည်ကီူဃ နိုင်ငံဖြစ်ပြီး လူထုကြီးက ဈေးကို အားကိုးနေကြရပါတယ်။ လုပ်ရင်းငတ်နေကြရ တာပါ။

မြန်မာ့မြေယာ ကုန်ထုတ်စနစ်ဟာ ပြုပြင်ပြောင်း လဲမှုမလုပ်ရသေးသည်မက မဆလစစ်အစိုးရက လက်ဝါးကြီးအုပ် မြေရှင်ကြီးစနစ်ကျင့်သုံးနေတာ ကြောင့် မြန်မာ့လယ်သမားထုကြီးဟာ ဖောင်စီးရင်း ရေငတ်ဖြစ်နေကြရပါတယ်။ ဗြိတိသျှကိုလိုနီစနစ်က ခွင့်ပြုသလောက်သာ ရှင်သန်ခွင့်ရခဲ့တဲ့ မြန်မာ့ဒေသ ဆိုင်ရာ အရင်းရှင်စနစ်ဟာ မြန်မာ့စစ်အာဏာရှင်များက ကျင့်သုံးနေတဲ့ စစ်ဗျူရိုကရက်အရင်းရှင်စနစ်ကြောင့် တဖြည်းဖြည်းသေးကျုံ့ချည်နဲ့လာခဲ့ပါတယ်။

အမျိုးသားလူထုများက ဆင်နွဲနေတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးရှည်ကြာတဲ့လက်နက်ကိုင် တိုက်ပွဲများကြောင့်၊ ဥပဒေတွင်း ဒီမိုကရေစီရေးအင် အားစုများက မရပ်မနားဆင်နွှဲခဲ့ကြတဲ့ ဇူလိုင် ၇ ရက် ကျောင်းသားအရေးတော်ပုံ၊ ၆၃ ပြည်တွင်းငြိမ်းချမ်းရေး လူထုအင်အားပြပွဲကြီး၊ ၆၅ ကျောင်းသားပွဲတော် အရေးအခင်း၊ ၆၇ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှု၊ ၆၇ ဧပြီစစ်တွေ ဆန်လုပွဲ၊ ၆၉ ကျွန်းဆွယ်အား ကစားပွဲ အရေးအခင်း၊ ၁၉၇၀တက္ကသိုလ်ရွှေရတု၊ ၇၄ ဇွန် ၆ အလုပ်သမားသပိတ်၊ ၇၄ ဒီဇင်ဘာဦးသန့် အရေး ကျောင်းသားလှုပ်ရှားမှု၊ ၇၆ မှိုင်းရာပြည့်ကျောင်းသား အရေးတော်ပုံ၊ ၇၈ ယူဂျီလှုပ်ရှားမှု၊ ၈၂ ယူဂျီလှုပ်ရှား မှုစတဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး တို့အားစမ်းပွဲများ ဟာ ၂နှစ်တစ်ကြိမ် ၃ နှစ်တစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီးမှ ၈၈ အရေးတော်ပုံကြီးဖြစ် ပေါ်ခဲ့တာပါ။အရေးတော်ပုံကြီးက (၁)အခြေခံဒီမိုက ရေစီ အခွင့်အရေးများရရှိရေး၊ (၂)မဆလတစ်ပါတီ စစ်အာဏာရှင် စနစ် ဖျက်သိမ်းပေးရေး၊ (၃)ကြားဖြတ် အစိုးရ တစ်ရပ်ဖွဲ့စည်း ပေးရေး၊ (၄)စစ်မှန်ပြီး တရားမျှ တတဲ့ရွေးကောက်ပွဲ တစ်ရပ်ကျင်းပပေးရေး စတဲ့တောင်း ဆိုချက်များတောင်းဆိုခဲ့ကြပါတယ်။

ဒီအရေးတော်ပုံ ကြီးအတွင်းအလုပ်သမား လယ်သမား၊ ကျောင်းသား များ၊ စာရေးစာချီများ၊ ရဲ ၊ သတင်းတပ်ဖွဲ့၊ တပ်မတော် ရေ၊ ၅၀၂လေတပ်၊ မဆလပါတီဌာနချုပ် အမှုထမ်း များကအစပါဝင်ခဲ့ကြပါတယ်။ ၁၉၈၈ ဩဂုတ်လ ၂၂ ရက်နေ့မှာစစ်အုပ် ချုပ်ရေးအမိန့်ရုတ်သိမ်းခဲ့ပါတယ်။ မဆလအစိုးရဟာလူထုဆန္ဒကိုငြင်းပယ်ပြီး ဆန္ဒပြ လူထုနဲ့ ကျောင်းသားများကို ထောင်ချီပြီး ရက်ရက် စက်စက်ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ ဗိုလ်နေဝင်းစစ် အစိုးရနေရာမှာ ဗိုလ်စောမောင်စစ်အစိုးရကို ၁၈-၉- ၈၈ မှာ အာဏာလွှဲခဲ့ပါတယ်။ သမ္မတ ၃ ဆက် အလဲ အလှယ်လုပ်ပေးခဲ့ရပါတယ်။ မဆလပါတီကို ဖျက်သိမ်း ပေးခဲ့ရပါတယ်။ ကျောင်းသားနဲ့လူထု ၃၀ဝ၀နဲ့ ၅၀ဝ၀ အကြား ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။ ၁၃၀ဝပြည့် အရေးတော်ပုံသပိတ်တပ်ဖွဲ့ကြီးကို ဗြိတိသျှအစိုးရက ပစ်ခတ်သတ်ဖြတ်မှုမပြုခဲ့ပါဘူး။

၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးအတွင်းမှာ ပါဝင်ခဲ့ကြတဲ့ လူထုကြီး ကို စစ်အစိုးရက ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ် ခဲ့ပါတယ်။ ဗမာတစ်ပြည်လုံးမှာရှိတဲ့ မြို့ရွာဒေသအသီး သီးက လူထုကြီးဟာ နည်းမျိုးစုံနဲ့ သပိတ်ကြီးအတွင်း ပါဝင်ခဲ့ကြပါတယ်။ ၁၉၃၈ခုနှစ်က ဆင်နွှဲခဲ့တဲ့ သပိတ် ကြီးဟာ တို့ဗမာအစည်းအရုံးကြီးရဲ့ ခေါင်းဆောင်မှု အောက်မှာ ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။ အောက်ခြေ မှာလည်း အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခဲ့ကြတာဖြစ် ပါတယ်။ မန္တလေးသ