အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ
ဆီးရီးယား နိုင်ငံကို ကိုလိုနီ အမေရိကန် ပြည်ထောင်စု စစ်သွေးကြွများ က မတရား စစ်ရေးအရ တိုက်ခိုက်ပါက အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်ရှိ အမေရိကန် အကျိုးစီးပွား များကို ကိုယ်ချင်စာတတ်လာရန် တိုက်ခိုက်နိုင်ကြောင်း အီရတ်ရှိ မျိုးချစ် သာသနာ့ချစ်များ ကို များကို ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင်ငံက မေတ္တာရပ်ခံထားကြောင်း ထားကြောင်း သတင်းဌာနတစ်ခု မှ ဖော်ပြ ထားပါသည်။
အီရန်နိုင်ငံ၏ သတင်းပေးပို့ ချက်ကို ကြားဖြတ်နား ထောင်ရာ မှတစ်ဆင့် အမေရိကန် အကျိုးစီးပွား များကို တိုက်ခိုက်သည့် သတင်း ရရှိခဲ့ခြင်း ဖြစ်ကြောင်း သို့သော်လည်း မည်သည့်ပစ်မှတ် များကို တိုက်ခိုက်ရန် စီစဉ် ထားကြောင်း အမေရိကန်အရာရှိများက ထုတ်ပြန်ခြင်းမရှိပေ။ ဘဂ္ဂဒက် မြို့တော်ရှိ အမေရိကန် သံရုံးကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ကြောင်း အမည်မဖော် လိုသူ အမေရိကန် အရာရှိ တစ်ဦးက ပြောကြားထားသည် ဟု မဟုတ်မမှန် သတင်းတစ်ခု ကို အမေရိကန် ကြေးစား သတင်းဌာန တစ်ခု က လိမ်ထားပြီး လွှင့်ထား လေ၏။
ထို့အပြင် သူများ နိုင်ငံများကို မတရားကျူးကျော် ရန်ရှာနေသူ ၊ ခေတ်သစ် သွေးစုပ် ပုတ်ကောင် စစ်သွေကြွ နိုင်ငံ အမေရိကန် ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန က အီရတ်ခရီးစဉ် များကို မသွားမဖြစ်မှသာ သွားရောက်ကြရန် မိမိ နိုင်ငံသားများ နှင့် လူမျိုးများ သေမည်ကို ကြောက်ပြီး သတိပေး ထားသည်။ အီရတ်နိုင်ငံ ၊နှင့် အီရန် နိုင်ငံ တွင် အမေရိကန် ၊အစ္စရေး နှင့် ၎င်းတို့၏ မဟာမိတ်များက ဆီးရီးယား အပေါ် မတရား လုပ်လာပါက အသက်ခြင်း လှဲရန် အသင့်ရှိ သည့် ရှီအာ မျိုးချစ် ပြည်သူ တပ်မတော် ရှိနေပေသည်။
အီရန်နိုင်ငံ၏ မဟာမိတ်ဆီးရီးယား နိုင်ငံကို အမေရိကန်က စစ်ရေးအရ တိုက်ခိုက်ခဲ့လျှင် အမေရိကန် နှင့်အပေါင်းအပါးတို့သည် အီရန်နှင့်မဟာမိတ်များ၏ ခုခံတော်လှန်မှုကြောင့်မရှုမလှ ဆုံးရှုံးမှုများ နှင့်ရင်ဆိုင်ရမည် ဖြစ်သလို ၊တတိယ ကမ္ဘာ စစ်လည်း ဖြစ်သွားနိုင်ပေသည်။