၉ ဒီဇင်ဘာ ၂၀၁၃ - ၂၀:၃၀
ဘာသာရေး တင်းမာမှုထံ တွန်းပို့မောင်းနှင်သူ နှင့် သဟဇာတ၏ အဟန့်အတားဖြစ်စေသူများ

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊အဗ်နာ

ဆောင်းပါးရှင် Eliane Coates ဘာသာပြန်-မြင့်မိုရ်မောင်မောင်

 

အရိပ်အမြွက်မြင်ကွင်း ——————– အစ္စလာမ့်နည်းကျ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း Organisation of Islamic Cooperation (OIC)၏ ကိုယ်စားလှယ်များ ခရီးစဉ်ကို ကန့်ကွက် ဆန္ဒပြရေး အတွက် နိုဝင်ဘာ ၁၂ ရက်တွင် ရန်ကုန်လမ်းမများ၌ ဗုဒ္ဓဘာသာသံဃာ ၂၀၀ မျှ နေရာယူထားခဲ့ကြ၏။ သံဃာများစွာတို့သည် မွတ်စ်လင်မ်ဆန့်ကျင်ရေး အငြိုးတရား နှင့် ဗုဒ္ဓမြန်မာ အမျိုးသားရေးဝါဒကို ထပ်မံ မီးမွှေးလျက်ရှိပြန်သည်။ မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဌဖြစ်ခြင်း နှင့် အခြေခံ အဆောက်အဦး ပြောင်းလဲရေးသည် တိုင်းပြည်အတွက် ဒဏ်ရာဟောင်းကို ကုသပေးနိုင်ပါမည်လော ?

 

ကန့်လန့်ကာအဖွင့်

 

Organisation of Islamic Cooperation (OIC)၏ ကိုယ်စားလှယ်များ ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြရေးအတွက် နိုဝင်ဘာ ၁၂ ရက်တွင် ရန်ကုန်လမ်းမများ၌ ဗုဒ္ဓဘာသာ သံဃာ ၂၀၀ မျှ နေရာယူထားခဲ့ကြ၏။ ယင်းကိုယ်စားလှယ်အဖွဲ့၌ အိုအိုင်စီ အတွင်းရေးမှူးချုပ်နှင့် အတူ အင်ဒိုနီးရှား၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျ၊ တူရကီ၊ ဂျီဘူတီ၊ အီဂျစ် စသည့် အဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံမှ အဆင့်မြင့် ၀န်ကြီးများ ပါဝင်နေ၏။ သူတို့သည် ကမ္ဘာ့အကြီးမားဆုံး အစ္စလာမ့်အုပ်စုအား ဆန့်ကျင်ဆန္ဒပြမှုကို ဆုံတွေ့ခဲ့ရသည်။ ၂၀၁၂ ဖြစ်စဉ်များကိုမှီ၍ မြန်မာ့ပြည်တွင်းရေးကို အိုအိုင်စီမှ ၀င်ရောက် မစွက်ဖက်ရန် တောင်းဆိုလျက် ဗုဒ္ဓဘာသာ သံဃာများက ဆန္ဒပြမှုတို့ကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

 

ရခိုင်ပြည်နယ် အနောက်ပိုင်း ရိုဟင်ဂျာ မွတ်စ်လင်မ်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ၂၀၁၂ ခုနှစ်၊ ဇွန်လ အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် ၁၈ လနီးပါး အကြာတွင် မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်တို့၏ အနေအထားကို သုံးသပ်လေ့လာနိုင်ရန် အလို့ငှာ ကိုယ်စားလှယ်အဖွဲ့ ရောက်လာခဲ့သည်။ ယင်းအကြမ်းဖက်မှုသည် မြန်မာနိုင်ငံအနှံ့ ပျံ့နှံ့သွားကာ လူအသေအပျောက် ၂၄၀ ဦး ရှိခဲ့ပြီး နှစ်သိန်းလေးသောင်း အိုးအိမ်မဲ့ဘ၀သို့ ရောက်ခဲ့သည်။ အကြမ်းဖက်သားကောင် အများစုမှာ ရိုဟင်ဂျာ မွတ်စ်လင်မ်များ ဖြစ်သည်။

 

ဗုဒ္ဓမြန်မာအမျိုးသားရေးဝါဒ၏ ရာဇ၀င်

 

ဗုဒ္ဓဘာသာမြန်မာများအကြားရှိ မွတ်စ်လင်မ်ဆန့်ကျင်ရေးအငြိုးအာဃာတသည် လွန်ခဲ့သော နှစ်ပေါင်း ၈၀ ကိုလိုနီ သမိုင်းအပေါ် မကျေနပ်ချက်များမှ အမြစ်တွယ်ရှည်ကြာလာခဲ့သည်။ အိန္ဒိယတိုက်ငယ်နှင့် မြန်မာနိုင်ငံရှိ ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေး၊ ၁၉ ရာစုအတွင်း နယ်စပ် သမိုင်းကြောင်း အပြောင်းအလဲကြီးမားမှုတို့က အထိန်းအကွပ်မဲ့ အပြောင်းအရွှေ့ အ၀င်အထွက် မူဝါဒတစ်ခုကို ဖြစ်ထွန်းစေခဲ့သည်။ ၄င်းအားဖြင့် မြန်မာနိုင်ငံအတွင်း ဘင်္ဂါလီ မွတ်စ်လင်မ် လုပ်သားများကို အလုံးအရင်းဖြင့် ၀င်ရောက်စေခဲ့ကြသည်။

 

ရိုဟင်ဂျာတို့မှာ ပြောင်းရွှေ့ဝင်ရောက်လာသော ဘင်္ဂါလီလူစု၏ မျိုးဆက်များဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေက ရိုဟင်ဂျာတို့ကို မြန်မာတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် ငြင်းပယ်ထားကြောင်း၊ ထို့ကြောင့် ရိုဟင်ဂျာတို့အား ခွဲခြားချိုးနှိမ်ဆက်ဆံရန်လိုအပ်ကြောင်း ဗုဒ္ဓဘာသာသံဃာများက ကြွေးကြော်ပြောဆိုကြ၏။

 

၁၉၃၀ ခုနှစ်များက အကြီးစားဖိနှိပ်မှုအတွင်း ဗုဒ္ဓဘာသာ သံဃာတော်များ၏အုံကြွမှုကြောင့် ဒို့ဗမာ အစည်းအရုံး ဖြစ်ပေါ်လာခဲ့သည်မှာလည်း အမှန်ပင်။ ၄င်းမှတဆင့် ဗုဒ္ဓဘာသာ ဗမာအမျိုးသားရေးဝါဒ နှင့် အိန္ဒိယလူမျိုး ဆန့်ကျင်ရေးအတွေးအမြင်များ တစ်စစ မြင့်တက်လာကြောင်း တွေ့ရသည်။ နောင်သောအခါ မွတ်စ်လင်မ် ဆန့်ကျင်ရေးဖက်သို့ သဘောထားပြောင်းလဲနစ်ဝင်သွားခဲ့သည်။

 

ယနေ့တွင် အရှင်ဝီရသူဦးဆောင်သော ဗုဒ္ဓဘာသာမြန်မာ သံဃာအုပ်စုတစ်စုမှာ အမုန်းတရားဟောပြောမှု၊ အကြောက်တရား မျိုးစေ့ချမှုတို့ဖြင့် ၄င်းအတွေးအမြင်တို့ကို ပြန်လည်မီးမွှေးလျက်ရှိရာ လူမှုဝန်းကျင်အတွင်း ဘာသာရေး ခွဲခြားမှုများ ဖြစ်ပေါ်နေပေသည်။ မန္တလေးမြို့မှ ကျောင်းထိုင်ဘုန်းကြီး ဦးဝီရသူသည် စီးပွားရေးနှင့်လူမျိုးရေးဆိုင်ရာ ၉၆၉ ကမ်ပိန်းကို စတင်သူဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ အနေနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ဈေးဆိုင်များကိုသာ အားပေးဝယ်ယူကြရန် နှိုးဆော်နေကြ၏။

 

အကြောင်းရင်းနှစ်ရပ်

 

ရိုဟင်ဂျာဆန့်ကျင်ရေးလှိုင်းတံပိုးအောက်ဝယ် အဓိကအကြောင်းရင်း နှစ်ရပ် ရှိနေ၏။

 

ပထမအကြောင်းမှာ ဗုဒ္ဓဘာသာဗမာလူ့အသိုင်းအ၀ိုင်းတွင် အစ္စလာမ်သည် တစ်စစဖြင့် လွှမ်းမိုးလာခြင်း ဟု အတွေးအမြင် စိမ့်ဝင်နေမှုဖြစ်သည်။ ၄င်းမှာ မွတ်စ်လင်မ် လူဦးရေကြီးမားမြင့်တက်လာမှုက မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာကို ဖယ်ထုတ်တော့မည်လော ဟူသည့် စိုးကြောက်ခြင်းပင်။ ယင်းပူပန်မှု၏ပင်စည်ကား ရိုဟင်ဂျာ အများအပြားတို့သည် မြန်မာ့ ဓလေ့ထုံးတမ်း၊ ဘ၀နေဟန်များနှင့် သဟဇာတဖြစ်အောင် မနေထိုင်သောအချက်ဟု ဆိုရပေမည်။ လူ့အခွင့်အရေး တိုက်ပွဲဝင်သူ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်းကောင်း၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှလည်းကောင်း စိုးရိမ်မကင်းကြောင်း ဆိုနေသည့်တိုင် ယခုနှစ် မေလ၌ လူဦးရေလျော့ကျသွားရေးအတွက် ရိုဟင်ဂျာတို့အပေါ် ချိုးနှိမ်သည့်အားဖြင့် ကလေးနှစ်ယောက်သာယူရေး မူဝါဒကို တစ်ဖက်သတ်သွတ်သွင်းပြဋ္ဌာန်းရန် မြို့များစွာမှ စတင်ဆော်သြလာကြသည်။

 

ရခိုင်ပြည်နယ်အစိုးရ၏ပြောခွင့်ရပုဂ္ဂိုလ်၏အဆိုအရ ရိုဟင်ဂျာတို့သည် မိမိတို့၏မွေးဖွားနှုန်းမြန်ခြင်းဖြင့် ဗုဒ္ဓဘာသာဝင်များအား အစ္စလာမ်သို့ သွတ်သွင်းရန် ကြိုးစားနေကြောင်း ရိုဟင်ဂျာလူဦးရေမှာ ဒေသခံဗုဒ္ဓဘာသာဝင်များ၏ ဆယ်ဆအထိတိုးမြင့်သည့်အချက်ကို ထောက်ပြထား၏။ သို့တစေ Harvard’s Ash Centre for Democratic Governance and Innovation မှ စီးပွားရေးပညာရှင်များက ရိုဟင်ဂျာတို့၏မွေးဖွားနှုန်းတိုးတက်မြင့်မားနေသော မည်သည့် အထောက်အထားကိုမျှ မတွေ့ရပါဟု အချေအတင် ဆိုထားသည့်အပြင် ထိုအချက်နှင့်ဆန့်ကျင်စွာ ရိုဟင်ဂျာအများစုသည် ဘင်္ဂလားဒေ့ရှ်ဖက်သို့ ၁၉၅၀ ခုနှစ် ကတည်းက တအုံတကျင်း ထွက်ခွာသည့်ကွင်းဆက်အား ၄င်းတို့မှ တွေ့ခဲ့ရကြောင်း ဆိုကြသည်။

 

ဒုတိယအကြောင်းရင်းမှာ လူနည်းစုမွတ်စ်လင်မ်တို့သည် မြန်မာ