၁၅ ဒီဇင်ဘာ ၂၀၁၃ - ၂၀:၃၀
MWM အဖွဲ့၏ လမ်းပြခေါင်းဆောင် တစ်ဦးဖြစ်သည့် အလာမာ နာစေရ်အဘာစ် မိုလ်သာနီ (ရ.ဟ) အား အကြမ်းဖက် သမားများမှ လုပ်ကြံသတ်ဖြတ်ခဲ့ရာ ရှဟီး

ယနေ့ မဂျလစ်စေဝဟ်ဒသ်သေမွတ်စလေမီး (MWM) အဖွဲ့ ၏ ခေါင်းဆောင်တစ်ဦး နှင့် သဟဖွစ် စေအဇါဒါရီ ကောင်စီ၊ ပန်ဂျဗ်၏ ဒုဥက္ကဋ္ဌ အလာမာ နာစေရ်အဘာစ် မိုလ်သာနီ (ရ.ဟ) အား အကြမ်းဖက် သမား များ မှ လာဟိုရ်မြို့ တွင် လုပ်ကြံသတ်ဖြတ်ခဲ့ရာရှဟီးဒ်ဖြစ်သွားလေရသည်။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊အဗ်နာ ယနေ့မဂျလစ်စေဝဟ်ဒသ်သေမွတ်စလေမီး (MWM) အဖွဲ့ ၏ ခေါင်းဆောင်တစ်ဦး နှင့် သဟဖွစ် စေအဇါဒါရီ ကောင်စီ၊ပန်ဂျဗ်၏ ဒုဥက္ကဋ္ဌ အလာမာ နာစေရ်အဘာစ် မိုလ်သာနီ (ရ.ဟ) အား အကြမ်းဖက် သမား များမှလာဟိုရ်မြို့တွင်လုပ်ကြံသတ်ဖြတ်ခဲ့ကြ၍ရှဟီးဒ်ဖြစ်သွားလေရသည်။ သတင်းများအရ မော်တော်ဆိုင်ကယ်စီးလက်နက်ကိုင်အမည်မသိ အကြမ်းဖက်၊အစွန်းရောက် သမားများမှ အဲဖ်စီတက္ကသိုလ်အနီးတွင် အလာမာ နာစေရ်အဘာစ် မိုလ်သာနီ (ရ.ဟ) အ နေဖြင့် မဂျလစ်ဖတ်ပြီး အပြန် ကားအတွင်း၌စီးနေစဉ် သေနတ်များဖြစ် ပစ်ခေတ်ခဲ့ကြပြီးလူမဆန်စွာ သတ်ဖြတ်မှု ကိုပြုခဲ့ရာ အပြင်းအထန်း ဒဏ်ရာခဲ့လေသည်။ ချက်ချင်းအလာမာအားရှိက်ခ်ဇိုက် ဆေးရုံသို့ပို့ခဲ့ရာ ဆေးရုံရှိဒေါက်တာများမှအလာမာအသက်မရှိ တော့ ကြောင်းထောက်ခံခဲ့ကြလေသည်။ သဟဖွစ် စေအဇါဒါရီ ကောင်စီ အဖွဲ့မှ ဤ လူမဆန်စွာ၊ယောက်ကျားမပီသစွာ လုပ်ကြံသတ်ဖြတ် မှု အား အပြင်းအထန်း ကန့်ကွက် ရှုံ့ ချခဲ့ပြီး (၃)ရက်တိုင် ဝမ်းနည်းကြေကွဲမှု အဖြစ်သတ်မှတ်ကြေငြာခဲ့ လေသည်။ မဂျလစ်စေဝဟ်ဒသ်သေမွတ်စလေမီး (MWM) အဖွဲ့ မှလည်း ဤ လူမဆန်စွာ၊ယောက်ကျားမပီသစွာ လုပ်ကြံသတ်ဖြတ်မှုအား အပြင်းအထန်း ကန့်ကွက် ရှုံ့ ချခဲ့ပြီး ချက်ချင်း အစည်း အဝေး တစ်ခုကို ကျင်းပရန် ထုတ်ပြန်ကြေငြာခဲ့လေသည်။