အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊ အဗ်နာ
ပြီးခဲ့သော လွှတ်တော်အစည်း အဝေး၏ နောက်ဆုံးနေ့ များတွင် ကျယ်ကျယ် လောင်လောင် အဖြစ်ဆုံး သတင်း တစ်ပုဒ်မှာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မှ သမ္မတကြီးသည် လစာ ခံစားခွင့်ထက် လျှော့ယူသဖြင့် ဥပဒေဖောက်ဖျက်ရာ ရောက်ကြောင်း စွပ်စွဲတင်ပြချက်နှင့်ပတ် သက်၍ လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်များေ ထာက် ပံ့ကြေး တစ် လသုံးသိန်းမှ ခြောက်သိန်းတိုးမြှင့်ယူရန် ကိစ္စများဖြစ်ပါသည်
သို့သော် ယင်းဆွေးနွေးချက်များ ကို လွှတ်တော်အစည်းအဝေးများပြီး ဆုံးသွား၍ ယခုဇန်နဝါရီလတွင် ကျင်းပ သည့် နဝမအကြိမ် လွှတ်တော်အစည်း အဝေးတွင်မှ တင်ပြ အတည်ပြုချက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။သမ္မတကြီးသည်လည်းကောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည်လည်း ကောင်း၊ တိုင်းပြည်၏ စီးပွားရေး အခြေ အနေအရ မိမိခံစားရမည့်လစာထောက် ပံ့ကြေးငွေများကို အပြည့်အဝမခံစားဘဲ လျှော့ပေါ့ယူကြသဖြင့် အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ က ထောက်ပြဝေ ဖန်ခြင်းဖြစ် ပါသည်။ သို့သော် တစ်ဖက်ကကြည့် လျှင် လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ပံ့ကြေးကို နှစ်ဆ တိုးမြှင့်ခံစား ရန် အဆိုပြုသဖြင့် မိမိတို့ အခွင့်အရေး ရရှိရန် တစ်ဖက်သို့ စောင်းပေးဝေဖန် ခြင်းပြုသလောဟု သံသယဖြစ်စရာရှိပါ သည်။ ထို့အတူ လွှတ်တော်ဥက္ကဋ္ဌက တခြားနိုင်ငံများတွင် လွှတ်တော်ကိုယ် စားလှယ်များ သည် ကိုယ်ရေးအရာရှိ၊ မော်တော်ကား၊ အခြားအဆောင်အ ယောင်များနှင့်ထောက်ပံ့ကြေးများ ပြည့် ပြည့်စုံစုံရှိသဖြင့် မိမိတို့တာဝန်များကို ကျေကျေပွန်ပွန် ထမ်းဆောင်နို င်သော် လည်း မြန်မာနိုင်ငံ လွှတ်တော်ကိုယ်စား လှယ်များမှာ ထောက်ပံ့ကြေးနည်းပါး၍ လွှတ်တော် ကိစ္စရပ်များကို ကျေကျေပွန် ပွန်မထမ်းဆောင်နိုင်သည့်သဘောပြော သွားသည်ကိုလည်း သိရှိရပါသည်။
ယခုအခါ လွှတ်တော်အဆင့်ဆင့် ၏ အစည်းအဝေးများ ပြန်လည်စတင် မည်ဖြစ်၍ ယခုကိစ္စရပ်များကို တင်ပြ ဆွေးနွေးကြမည်ဖြစ်ရာ ကျွန်တော့်အနေ ဖြင့် တိုင်းပြည် အကျိုး၊ ပြည်သူ့အကျိုးကို ရှေးရှု၍ ယင်းကိစ္စရပ်အပေါ် မီးမောင်း ထိုးပြလို၍ ကျွန်တော် ယခုဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါသည်။ပထမဦးစွာ သမ္မတကြီးနှ င့်ပြည် ထောင်စုဝန်ကြီးများ၏ လစာထောက်ပံ့ ကြေးကို ဥပဒေပါအတိုင်း အတိအကျ ခံစားရန် ကျွန်တော်အကြံပြုလိုပါသည်။ သို့သော် လစာကို အပြည့်အ ဝခံစားပြီး လာဘ်မစားဖို့တော့ လိုပါသည်။ အဂတိ မလိုက်စားဖို့တော့ လိုပါသည်။ လစာ လည်း အပြည့်အဝယူမည်၊ လာဘ်လည်း စားမည်ဆိုပါက တိုင်းပြည်မှာ မွဲသထက် မွဲဖို့သာ ရှိပါသည်။ ကျွန်တော် သမ္မတ ကြီးကိုယုံကြည်ပါသည်။ သို့သော် ပြည် ထောင်စုဝန်ကြီးအချို့ကို မယုံကြည်ပါ။ ဒါက ကျွန်တော် တစ်ဦး တည်း သဘောထားဖြစ်ပါသည်။
ယခု ပြည်ထောင်စုဝန်ကြီးများကို ဆန်းစစ်ကြည့်ပါက ယခင်စစ်အစိုးရ လက်ထက်က တာဝန်ယူခဲ့သော ဝန်ကြီး များပါသလို ယခုအစိုးရလက်ထက်မှ တာဝန်ပေးခံရသော အရပ်သားဝန်ကြီး များပါရှိသည်ကိုလည်း တွေ့ရှိရပါသည်။ ကျွန်တော်လေ့လာကြည့်သမျှ ယခင်စစ် အစိုးရလက်ထက်မှပါခဲ့သော တပ်ထွက် ဝန်ကြီးများမှာ ပြောရဲ၊ ဆိုရဲ၊ လုပ်ရဲ၊ ကိုင်ရဲဖြစ်သလို၊ စားရဲ၊ ဝါးရဲဖြစ်မည်ကို စိုးရိမ်ပါသည်။ အရပ်သားဝန်ကြီးများက တော့ မိမိတို့လက်ရှိ ရာထူးဖြစ်သော ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ညွှန် ကြားရေးမှူးချုပ်များစသည့် ရာထူးများမှ လာသော အတတ်ပညာရှင်၊ အသိ ပညာရှင်များဖြစ်၍ မလုပ်ရဲ၊ မကိုင်ရဲဖြစ် သည်ကို လေ့လာတွေ့ရှိရပါသည်။ ဒါကလည်း မိမိတို့ရသော ဝန်ကြီး ရာထူးများ ပြုတ်မှာကို ကြောက်၍ဖြစ် မည်ဟုထင်မြင်ယူဆပါသည်။
ဥပမာ- ပညာရေးဌာနလိုမျိုး၊ အထက်ကခိုင်းမှ တာဝန်ပေးမှ လုပ်တတ်ပြီး မိမိကိုယ် တိုင် တီထွင်လုပ်ပါက အမှားရှိမည်ကို စိုးရိမ်နေကြပါသည်။ယနေ့သမ္မတကြီး ဦးသိန်းစိန်လက်ထက် ဝန်ကြီးများတော့ မသိပါ။ ယခင် စစ်အစိုးရ ဝန်ကြီးများ လက်ထက်က အ တွေ့အကြုံတစ်ခုကို တင်ပြလိုပါသည်။ ကျွန်တော်သည် လွန်ခဲ့သော ၁ဝ နှစ် ကျော်ခန့်က ဘုရင့်နောင်ဘက်တွင် စား သောက်ဆိုင်ဖွင့်သဖြင့် ဆိုင်နှင့်နီးသော သမိုင်းဘက်တွင် တိုက်ခန်းတစ်ခန်းငှား ရမ်းနေထိုင်ခဲ့ပါသည်။ အခန်းပိုင်ရှင်မှာ ယင်းအချိန်က ဆက်သွယ်ရေးဝန်ကြီး တစ်ဦး၏ ဒရိုင်ဘာဖြစ်ပါသည်။ ယင်း အချိန်က တယ်လီဖုန်းတစ်လုံးလျှင် ကျပ်သိန်းသုံးလေးဆယ်ခန့် ပေါက်နေ သောခေတ် ဖြစ်ပါသည်။ ကျွန်တော် တစ်နှစ်စာချုပ်ဖြင့် ငှားရာ စာချုပ်မပြည့် မီ သုံးလအလိုခန့်တွင် အခန်းပိုင်ရှင် အမျိုးသမီးရောက်လာပြီး အိမ်ကို ဆက် ငှား၊ မငှားမေးမြန်းရာ ကျွန်တော်က စာ ချုပ်အရ တစ်လကြိုတင်ပြောမည်ဖြစ် ကြောင်းပြောရာ သူက FMI ငှားရမ်း ထားသော အိမ်များ၊ စင်ကာပူတွင် ငှား ရမ်းထားသော တိုက်ခန်းနှင့်ဆိုင်ခန်း သွားရောက်ပြီးစာချုပ်ချုပ်ရမည်ဖြစ်၍ ယခုလို ကြိုတင်လာရော က်မေးမြန်းခြင်း ဖြစ်ကြောင်း ရှင်းပြရာ ကျွန်တော်လွန် စွာ အံ့သြမိပါသည်။
ဝန်ကြီး၏ ဒရိုင်ဘာတစ်ဦးပင် စင် ကာပူတွင် တိုက်ခန်းဆိုင်ခန်းများ ဝယ် နိုင်သည်အထိ ချမ်းသာသည်ကို သိရှိသူ တိုင်း အံ့သြကြမည်ဖြစ်ပါသည်။ ဒါက စစ်အစိုးရလက် ထက် ဝန်ကြီးဒရိုင်ဘာ တစ်ဦး၏ ချမ်းသာကြွယ်ဝမှုဖြစ်ပါသည်။ ယခုအစိုးရ လက်ထက်တွင်တော့ ဝန် ကြီးများ ဘယ်လောက်ချမ်းသာမည် ဆို သည်ကိုပြည် သူများမ သိရှိပါ။ ဒါ့ကြောင့် လည်း ယနေ့အထိ သူတို့ပိုင် ဆိုင်သော ချမ်းသာကြွယ်ဝမှုကို ချမပြနိုင်သေးခြင်း ဖြစ်ပါသည်။
ဒါက ပြည်ထောင်စုဝန်ကြီးများ နှင့် ပတ်သက်သော ကိစ္စရပ်များဖြစ်ပါ သည်။ လွှတ်တော်ကိုယ်စားလှယ်များ ထောက်ပံ့ကြေးတိုးမြင့်ခံစားခြင်းကိစ္စ တွင်တော့ တိုးမြှင့် လာေ သာ ခံစားခွင့် များနှင့်အတူ တာဝန်ကျေသော လွှတ် တော်ကိုယ်စားလှယ်များဖြစ်ဖို့လိုပါ သည်။ အိပ်ငိုက်နေသော လွှတ်တော် ကိုယ်စားလှယ် များတော့မဖြစ်သင့်ပါ။ နံနက် ၁ဝ နာရီစပြီး ၁၁ နာရီပြီးသော လွှတ်တော်အစည်းအဝေးများ မဖြစ် သင့်ပါ။ အချိန်ဖြုန်းသော လွှတ်တော် မဖြစ်သင့်ပါ။နိုင်ငံလုံးနှင့်ဆိုင်သော ကိစ္စ ရပ်များကို တင်ပြခြင်း၊ မေးမြန်းခြင်း၊ ဆွေးနွေး ခြင်းပြုသလို တိုင်းပြည်အတွက် အကျိုးရှိမည့် ဥပဒေများကို ပြဋ္ဌာန်းနိုင် ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါ သည်။
ရထားလမ်းတံခါး ပိတ်ခြင်းကိစ္စ၊ သာမန်မြို့နယ် စည်ပင်ဈေးအဆင့်တိုး မြှင့်ခြင်းကိစ္စ၊ ရေမြောင်းကိစ္စ၊ လမ်းကိစ္စ စသည့် မြို့နယ်အဆင့်၊ တိုင်းအဆင့်တွင် ဆွေးနွေးဆောင် ရွက်ရမည့် ကိစ္စရပ်များ ကို လွှတ်တော်အသီးသီးတွင် ဆွေးနွေး ခြင်းမပြုသင့်ပါ။ လွှတ်တော်များပီပြင်မှု မရှိသေးပါ။ ကိုယ်စားလှယ်များ၏ စွမ်း ဆောင်ရည်လည်း သိသာ ထင်ရှားမှု မရှိ သေးပါ။ အဆောင်အယောင်များယူပါ။ သင့်တင့်သော လစာတိုးမြှင့်ခံစားပါ။ သို့သော် လွှတ်ေ