အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ မာဇင်ဒရာနီပြည်နယ် ရှိ မဲဟ်မူဒ်အာပါဒ် မြို့ တွင် အေမာမ်ဇိုင်နွလ်အာဗေဒီးန် (အ.စ) ၏ မြစ်တော်တစ်ပါးဖြစ်သည့် ဂျနာဗေ နာစေရ် ကဗီးရ် နှင့် ပတ်သက်ပြီး ပညာပိုင်းဆိုင်ရာ ညီလာ ခံ တစ်ခု ကို ကျင်းပခဲ့ပါသည်။ဤ ညီလာခံ ၏ ပိတ်ပွဲ အခမ်းအနား ကို မဂ်ျမယေဂျဟာနီ ယေ အဟ် လေ့ဘိုက် (အ.စ) ၏အထွေထွေ အတွင်းရေးမှူးချုပ် ဟွဂ်ျဂျသွလ် အစ္စလာမ် မိုဟမ္မဒ် ဟစန် အခ်သရီမှ မိန့်ခွန်း ပြောကြားခဲ့ပါသည်။မဂ်ျမယေဂျဟာနီ ယေ အဟ်လေ့ဘိုက် (အ.စ) ၏အထွေထွေ အတွင်းရေးမှူးချုပ် ဟွဂ်ျဂျသွလ် အစ္စလာမ် မိုဟမ္မဒ် ဟစန် အခ်သရီ အနေဖြင့် အပြည်ပြည်ဆိုင်ရာ နာစေရ်ကဗီးရ် ညီလာခံ ပိတ်ပွဲ အခမ်း အနားတွင် ညီလာခံ အား ကျင်းပရ သည့် ရည်ရွယ် ချက် နှင့် ပတ်သက်ပြီး မိန့်ခွန်း ပြောကြား ခဲ့ပါသည်။ ဤညီလာခံကိုကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာမဂ်ျမယေဂျဟာနီ ယေ အဟ် လေ့ဘိုက် (အ.စ) ၏ အထူးတာဝန် ဖြစ်သည့် အဟ်လေ့ဘိုက် (အ.စ) ၏ နောက်လိုက်များ နှင့် အဆက်အသွယ် ရှိနေ ရန်နှင့်၎င်းတို့က အကူအညီပေးရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ကျွန်ုပ်တို့အနေဖြင့်လည်း အဟ်လေ့ဘိုက် (အ.စ) ၏ နောက်လိုက်များ နှင့် အဆက်အသွယ် ကိစ္စပိုမိုတိုးချဲ့ သွားမည်ဟုလည်း ပြောကြားခဲ့ပါသည်။ ၎င်းအနေဖြင့်ဆက်လက်ပြီး မိန့်ကြားသည်မှာ - အီရန်နိုင်ငံ နှင့် ယီမင်နိုင်ငံ တို့၏ ဆက်သွယ်ရေး အခြေအနေဖက်သို့ ညွန်း၍ ပြောကြားရင် အီရန် နိုင်ငံ၏ ပြည်သူလူထု၊ အထူးသဖြင့် ရဲဟ်ဗရ်ရေ အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်သ် အလီ ခါမေနအီ အနေဖြင့် ယီမင် ရှိ ရှီအာ များ အတွက် နေ့ည ဒိုအာ ပြုပေးနေ ကြောင်း ၊ ယီမင်ပြည် ပွား ရှီအာ များ အနေဖြင့် မိမိတို့ နိုင်ငံတွင် အဆင့်သိက္ခာ များ ဆွတ်ခူးနေရာယူနိုင်မည် ဟုမျှော်လင့်ကြောင်း ပြောကြား ခဲ့ပါသည်။ ၎င်းအနေဖြင့် ဆက်လက် တိုက်တွန်း ပြောကြားသည်မှာ - ယီမင်ရှီအာများအနေဖြင့်လည်း ရလာဒ် တစ်ခုခု ကို ဆွတ်ခူးနိုင်ရန် ဆရက်ဒ် နာစေရ် ကဗီးရ် ပမာ ကြိုးပမ်း အားထုတ်ရမည် ဖြစ်ကြောင်း ၊ဆက်လက်ပြီး ယီမင် ရှီအာ အေမာမ်မီယာ နှင့် ရှီအာ ဇိုက်ဒီယာတို့ အကြား တူညီနေသည့် ကိစ္စများကို ညွန်းပြ ပြောကြားပြီး ကျွန်ုပ်တို့ အကြားတွင်တူနေသည့်အရာများမှာ အမြောက်အများ ရှိနေကြောင်း ကျွန်ုပ်တို့၏ ကုရ်အာန်မှာ တစ်အုပ်တည်း ၊ ရစူလ်(ဆွ) မှာလည်း တစ်ပါးတည်း ၊အေမာမ် အလီ (အ.စ) နှင့်ဟဇရသ် ဖွာတွေမာ (စ.အ) အပေါ်ထားသည့် အကီဒါ မှာလည်း တူနေသည်ဖြစ်ရာ ကျွန်ုပ်တို့အကြား ဆက်သွယ်မှု ၊ကို ပိုမို ခိုင်မာ အောင်ဆောက်တည်ဖို့ အကူအညီ အဖြစ် ရှိနေကြောင်း မိန့်ကြားခဲ့ပါသည်။ဟွဂ်ျဂျသွလ် အစ္စလာမ် မိုဟမ္မဒ် ဟစန် အခ်သရီ အနေဖြင့်တိုက်တွန်းမိန့်ကြားသည်မှာ - ကျွန်ုပ်တို့ မွတ်စလင်များ၏ ခွန်အား၊အင်အားသည် တစ်ဦးနှင့်တစ်ဦး ကူညီဖေးမမှု အပေါ်တွင်မူ တည် နေကြောင်းသိထားရမည် ဖြစ်ပါသည်။ အကယ်၍ ကျွန်ုပ်တို့ အနေဖြင့် အချင်းချင်း တစ်စတစ်စ ဖြစ်သွားမည် ၊တစ်ဦးနှင့်တစ်ဦးကွဲ သွားမည် ဆိုလျှင် ကျွန်ုပ်တို့၏ရန်သူ မှ ကျွန်ုပ်တို့ကို အရှင်လတ်လတ် မြို သွားပေလိမ့် မည်။ဝဟာဘီများအနေဖြင့်ရေနံမှရသည့်ငွေများဖြင့် မွတ်စလင်များအကြားမည်ကဲ့သို့ စည်းလုံးမှု ကိုဖျက်စီးအောင်လုပ်နေပြီး မွတ်စလင်များ ကို အပြတ်ရှင်းသွားအောင်ကြိုးစားနေသည်ကို လူကြီးမင်းတို့ မြင်သည့်အတိုင်းပင်တည်း ။ ၎င်းအနေဖြင့်ဆက်လက်ပြီး ရှီအာ ဆန်ကျင့်ဖက် ဆိုက်ယူနစ်ဝါဒီ အစ္စရေးနှင့် အမေရိကန် တို့၏ အစီအစဉ် ကောက်ကျစ်မှုများကို ညွန်းပြ ပြီး ပြောကြားသည်မှာ - ကျွန်ုပ်တို့အနေဖြင့် လော်ဂျစ်နည်း ကျကျ၊ အသိဥာဏ် ရှိရှိနည်းလမ်းများ ဖြင့် ရင်ဆိုင်တိုက်ထုတ်ရမည် ဖြစ်ပါသည်။အကြောင်းသည်က ကျွန်ုပ်တို့ အနေဖြင့်လည်း ၎င်းတို့ကောက်ကျစ်ယုတ်မာ သည် အတိုင်းပြန်လုပ် ၍ မရချေ။ ဒီအတွက်ကြောင့် လော်ဂျစ်နည်း ကျကျ၊ အသိဥာဏ် ရှိရှိနည်းလမ်းများကို ရွေးချယ် ရပေမည်။ဝဟာဘီ များ ကိုကမ္ဘာပေါ်တွင် အရှက်သိက္ခာမရှိကြေင်း သက်သေထူပြရပေမည်။မဂ်ျမယေဂျဟာနီ ယေ အဟ်လေ့ဘိုက် (အ.စ) ၏အထွေထွေ အတွင်းရေးမှူးချုပ် ဟွဂ်ျဂျသွလ် အစ္စလာမ် မိုဟမ္မဒ် ဟစန် အခ်သရီ အနေဖြင့်နောက်ဆုံးပြောကြားသည်ကား - ကျွန်ုပ်တို့ အနေဖြင့်မရ်ဟွမ် အေမာမ် ခိုမေနီ (ရ.ဟ) နှင့် ရဲဟ်ဗရ်အင်ကေလာဗ် တို့ပြထား၊လမ်းညွန်းထား သည့်အတိုင်း လျှောက်လှမ်းပြီး ၎င်းတို့၏ ဆိုဆုံးမမှုများကို လိုက်နာကျင့်သုံး ရပေမည်ဟု ပြောကြားခဲ့ပါသည်။




























