၂၃ ဧပြီ ၂၀၁၄ - ၀၃:၁၆
 အစ္စလာမ်မီ အမွေအနှစ်များ ယဉ်ကျေးမှုများ စာပေများ ကို အနာဂတ် မျိုးဆက် သစ်များ အတွက် ထိန်းသိန်းရန် အရေးကြီး

အစ္စလာမ်မီ အမွေအနှစ်များ ယဉ်ကျေးမှုများ စာပေများ ကို အနာဂတ် မျိုးဆက် သစ်များ အတွက် ထိန်းသိန်းရန် အရေးကြီး ကြောင်းတိုက်တွန်းပြီး ဤအရာများပြိုပျက်ခြင်းသည်အစ္စလာမ့် အနာဂတ် ကို အန္တရာယ် ဖြစ်စေနိုင်ကြောင်း အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ် စိုဗ်ဟာနီမှ မိန့်ကြားခဲ့ပါသည်။

 

အဲဟ်လေ့ဘိုက်သ်(အ.စ)သတင်းဌာန၊ အဗ်နာ
ပြည်ထောင်စု အစ္စလာမ်မစ် နိုင်ငံ ကွမ်းမြို့  ရှိ  ထိပ်တန်း မရ်ဂျာယေ သက္က်လီးဒ်တော်များ မှတစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ် စိုဗ်ဟာနီမှ မိမိ၏  ဒရ်စေခါရေဂ်ျ (ရှီအာအေမာမ်မီယာ  ဖေရ်ကာ၏ ဘာသာရေးအတန်း အရ ပါရဂူဘွဲ့ ရပြီးသူများကို သင်ပေးရ သည့်အတန်း ) တွင် ကွမ်းမြို့   တော် ရှိ မြောက်များသွာသော သာသနာ့ ပညာရှင်များ ၊အာလင်မ် များ၊သာသာနာ့ ကျောင်းသားများ အကြား အစ္စလာမ်မီ အမွေအနှစ်များ ယဉ်ကျေးမှုများ စာပေများ ကို အနာဂတ် မျိုးဆက် သစ်များ အတွက် ထိန်းသိန်းရန် အရေးကြီး ကြောင်းတိုက်တွန်းပြီး ဤအရာများပြိုပျက်ခြင်း သည်အစ္စလာမ့် အနာဂတ် ကို အန္တရာယ် ဖြစ်စေနိုင်ကြောင်း အာယာသွလ္လာဟ် အလ်အွဇ်မာ  ဂျအ်ဖရ် စိုဗ်ဟာနီမှ မိန့်ကြားခဲ့ပါသည်။
ဒရ်စေခါရေဂ်ျအတန်းအား ကွမ်းမြို့  တော် ရှိ ဟဇရသ် ဖွာတွေမာမာစူမာ (စ.အ)  သခင်မ ၏ ရောင်ဇာ တော် အတွင်း ရှိ မတ်စဂျစ်ဒ်ဒေ အာဇန်မ် တွင်ကျင်းပခြင်း ဖြစ်ပြီး မြောက်များသွာသော သာသနာ့ ပညာရှင်များ ၊အာလင်မ် များ၊သာသာနာ့ ကျောင်းသားများတက်ရောက်နေရာယူ ၍ သာသနာ့ ပညာ ဆည်းပူးရယူ  ကြပါ သည်။
ဆက်လက်ပြီး အာယာသွလ္လာဟ် မှ မိန့်တော်မူသည်။
အစ္စလာမ်မီ အမွေအနှစ်များ ယဉ်ကျေးမှုများ စာပေများ ကို အနာဂတ် မျိုးဆက် သစ်များ အတွက် အထောက်အထား သက်သေအသွင် ကို ဆောင်စေပြီး ဤအရာများပြိုပျက်ခြင်း သည် အနာဂတ် မျိုးဆက် သစ်များ အတွက် သံသယ၊ ဒွဟ  အသွင်ကို ဆောင်စေလေသည်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ် စိုဗ်ဟာနီမှ တမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) ၏ ရောင်ဇာတော် ၊ အေမာမ် (အ.စ) များ၏ ရောင်ဇာတော် များ၊ ဆွာဟာဗာတော် (ရ.သွေ့) တို့၏ ဂူဗိမာန်တော် များကို ထိန်းသိမ်း ၊ စောင့်ရှောက်ရန် အရေးကြီးကြောင်း ခံယူထားပါသည်။
အထက်ပါ အစ္စလာမ့်မီ အမွေအနှစ်များ ကို  ဂရုမပြုခြင်း၊ မထိန်းသိမ်း မစောင့် ရှောက်မှုတို့ ကြောင့် အနာဂတ် မျိုးဆက် သစ်တို့၏ ဦးနှောက် တွင် လုံးဝ အရှင်းမည်သည့် တမန်တော်မြတ် မှ မပွင့်ခဲ့ ကြောင်း၊ မွတ်စလင်များ အတွက် အလ္လာဟ် ဟို အသျှင်မြတ်ဖက်မှ စေလွတ်တော်မူခြင်း မဟုတ်ကြောင်း သံသယ၊ ဒွဟ  ကို ဖြစ်ထွန်း စေပေမည်။