အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန၊ အဗ်နာ
အလ်ကိုင်ဒါ အစွန်းရောက် အစ္စလာမ့် အမည်ခံ အဖွဲ့၏ လက်အောက်ခံ သက္က်ဖီးရီများမှ ဆီးရီးယားနိုင်ငံ အဒ်လဗ် ဒေသ၏ တောင်ပိုင်းဒေသတွင် ဆီးရီးယား တပ်မတော် သား ၈ဦးအားလူမဆန်စွာ ရက်ရက်စက်စက်ခေါင်းဖြတ် ရှဟီးဒ် လုပ်ခဲ့ကြလေသည်။
သတင်းအထောက်အထား အရ ဆီးရီးယား တပ်မတော် သား ၈ဦးအားခေါင်းဖြတ် သတ်ဖြတ်ခဲ့ကြပြီး နောက် ၎င်းတို့၏ ခေါင်းမဲ့နေသည့် ကိုယ်ခန္ဓာများကို မြေကြီးပေါ် မှ တရွတ်တိုက် ဆွဲ ပြီး မရို မသေ ပြုခဲ့ကြလေသည်။
ရှဟီးဒ် ဖြစ်ခဲ့ကြသည့် ဆီးရီးယား တပ်မတော် သား ၈ဦး အနက် မှ တစ်ဦး မှာ မာလစ်က် အမည် ဖြစ် ဗိုလ် တစ်ဦးလည်း ပါဝင်ပေသည်။ ၎င်းကို ခေါင်းဖြတ် ရှဟီးဒ် လုပ်ပြီးနောက် ၎င်း၏ခေါင်းပြတ်နှင့်အတူ ဓာတ်ပုံ ရိုက်ယူခဲ့ကြလေသည်။
အလ်ကိုင်ဒါ အစွန်းရောက် အစ္စလာမ့် အမည်ခံ အဖွဲ့၏ လက်အောက်ခံ သက္က်ဖီးရီများမှ ခေါင်းဖြတ် သတ်ယုံအထိသာ မတင်းတိမ် နိုင်ကြဘဲ ရှဟီးဒ် တို့၏ခေါင်း ပြတ်များ ကို ဘောလုံးလုပ်၍ ကစား ခဲ့ ကြပြီး ကိုယ်ခန္ဓာ များကို ချေဖျက် ၊နင်းခြေခဲ့ကြလေသည်။
အံ့သြဖွယ်ကောင်းသည့် အချက်မှာ ကမ္ဘာ့ နေရာ အသီးသီးတွေ ဝင်ရောက်ရှုပ် ကြပြီး လူ့အခွင့် အရေး လူ့အခွင်ရေး ဆိုသည့် ညာသံ ကိုပေးနေသည့် အဖွဲ့များမှ ဆီးရီးယား နိုင်ငံ တွင် ဖြစ်ပွားနေသည့် လူမဆန်သည့် ဖြစ်ရပ်မှန်များ ကို မရှုံ့ ချ ၊မကန့်ကွက်ဘဲ လက်နက်များ ငွေကြေးများ နှင့် အကူ အညီ အထောက်အပံ့ပေးလျက်ရှိကြောင်း သိရပါသည်။