၁၈ မေ ၂၀၁၄ - ၀၀:၅၅
ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲကြီး (ရန်ကုန်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ပူးပေါင်းပြီးဆောင်ရွက်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ (ရန်ကုန်တိုင်း) အား ဗဟန်းမြိုနယ် ဗိုလ်စိန်မှန်ကွင်းတွင်ယနေ့ မေလ ၁၇ ရက်နေ့ နံနက် ၈: ၃၀ နာရီက ကျင်းပခဲ့သည်။

အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ပူးပေါင်းပြီးဆောင်ရွက်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ (ရန်ကုန်တိုင်း) အား ဗဟန်းမြိုနယ် ဗိုလ်စိန်မှန်ကွင်းတွင်ယနေ့ မေလ ၁၇ ရက်နေ့ နံနက် ၈: ၃၀ နာရီက ကျင်းပခဲ့သည်။ ယင်းလူထုဟောပြောပွဲတွင် ပထမဦးစွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က ပုဒ်မ၄၃၆အကြောင်းနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာများကို
ဆွေးနွေးဟောပြောပြီးနောက် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာများကို အကျယ်တ၀င့် ဆွေးနွေးဟောပြောခဲ့ကြသည်။ ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးအောင်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလူထုဆန္ဒသဘောထားလက်မှတ်များရယူခြင်းဆိုင်ရာအစီအစဉ်အကြောင်း ရှင်းလင်းတင်ပြပါသည်။ ယနေ့ လူထုဟောပြောပွဲကြီးသို့ တိုင်းရင်းသားပါတီများ၊ ကျောင်းသားအဖွဲအစည်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊အရပ်ဘက်အဖွဲ့အစည်းများ၊ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ၈၈မျိုး ဆက် အဖွဲ့ဝင်များနှင့်ပြည်သူလူထု ၅သောင်းကျော်တက်ရောက်ခဲ့ပြီး နံနက် ၁၀နာရီတွင် အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
Re : National League for Democracy စာမျက်နှာ မှ