၆ ဇူလိုင် ၂၀၁၄ - ၁၀:၀၉
 ဟဇရသ် ယူနွစ် နဘီ (အ.စ)၏ ကဗရ်တော်အား တိုက်ခိုက်စော်ကား ၊ ကဗရ်အား တူးဖော်ရန် ကြိုးစား

ဒါအေရှ် (ခ) (ISIL) အစ္စလာမ့်ခုတုံးလုပ်သူပုန် အဖွဲ့ မှ အီရတ်နိုင်ငံမော်စေဲလ်မြို့ ရှိ ဟဇရသ် ယူနွစ် နဘီ (အ.စ)၏ ကဗရ်တော်အား တိုက်ခိုက်စော်ကား ၊ ကဗရ်အား တူးဖော်ရန် ကြိုးစားခဲ့ပါသည်။

အဲဟ်လေ့ဘိုက်(သ) သတင်းဌာန ၊ အဗ်နာ
အီရတ်နိုင်ငံ၏ သတင်းဌာန၏ သတင်းပေးပို့ချက် အရ သက္က်ဖီးရီးအဖွဲ့ ဒါအေရှ် (ခ) (ISIL) အစ္စလာမ့်ခုတုံးလုပ်သူပုန် အဖွဲ့မှ အီရတ် နိုင်ငံမော်စေဲလ်မြို့ ရှိ မြတ်အလ္လာဟ်၏ တမန်တော်မြတ် ဟဇရသ် ယူနွစ် (အ.စ) ၏ ကဗရ်တော်အားပြိုဖျက်စော်ကားခဲ့ပါသည်။ပြီးနောက် ကဗရ်အား တူးဖော်ရန် ကြိုးစားလျက် ရှိကြောင်း ကြားသိရပါသည်။


အီရတ်နိုင်ငံ၏ သတင်းဌာန အလ်မိုစ်လာ မှ အီရတ်စစ်တပ် အရာရှိ တစ်ဦး ၏ှ သတင်းပေးပို့ချက် ကို ကိုးကားပြီး တင်ပြသည်မှာ သက္က်ဖီးရီးအဖွဲ့ ဒါအေရှ် (ခ) (ISIL) အစ္စလာမ့်ခုတုံးလုပ်သူပုန် အဖွဲ့ သည် အီရတ် နိုင်ငံမော်စေဲလ်မြို့ ရှိ မြတ် အလ္လာဟ်၏ တမန်တော်မြတ် ဟဇရသ် ယူနွစ် (အ.စ)၏ ကဗရ်တော်အားပြိုဖျက် စော်ကား ခဲ့ကြပါသည်။ပြီးနောက် ကဗရ်အား တူးဖော်ရန် ကြိုးစားလျက် ရှိကြောင်း ဖြစ်ပါသည်။
ဒါအေရှ် (ခ) (ISIL) အစ္စလာမ့်ခုတုံးလုပ်သူပုန် အဖွဲ့ဟာလွန်ခဲ့သည့်ဇွန်လ ၁၆ ရက်နေ့ကလည်း အီရတ်နိုင်ငံမော်စေဲလ်မြို့ ရှိဟဇရသ်ဒါနီယာနဘီ (အ.စ) နှင့် ဟဇရသ်ယူနွစ်နဘီ (အ.စ)တို့၏ ကဗရ်တော်များ ကို သော့ခတ် ပိတ်ထားခဲ့ကြလေသည်။ဤမြင့်မြတ်သည့်နေရာရှိ အကျိုးဆောင် များအားလုံးကို ပြန်ပြေးဆွဲထားကြောင်းလည်း သိရှိခဲ့ရပါသည်။
ဤအတော်အတွင်း ကူဝိတ် သတင်းစာ အလ်ရအီးမှ လည်း ဒါအေရှ် (ခ) (ISIL) အစ္စလာမ့်ခုတုံးလုပ်သူပုန် အဖွဲ့ အားခုခံတော်လှန်ဖို့ အီရတ်မရ်ဂျာယေသက်္ကလီးဒ်၏  မိန့်ကြားချက်သည် သီးသန့်အဖွဲ့တစ်ခု ၊ဖေရ်ကာ တစ်ခု နှင့် သာ မဆိုင်ဘဲ အီရတ်ရှိ အဖွဲ့ အစည်း အားလုံးနှင့် ဆိုင်ကြောင်း ရေးသား ဖြန့်ချိခဲ့ပါသည်။
ဆက်လက်ပြီး ၎င်း သတင်းစာ မှဖော်ပြ ရေးသားသီးကုံးထား သည်မှာ အီရတ်ပြည်သူလူထု အနေဖြင့်အီရတ် တပ်မတော်ကို အားပေးကူညီထောက်ခံခြင်းသည် အီရတ်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားဖို့ မကောင်းကြံစည်မှုကို ဟန့်တားပေးသည့် ခိုင်မာ တောင့်တင်း အုတ်နရံ့ ဖြစ်ပြီး ဒါအေရှ် (ခ) (ISIL) သူပုန်အစွန်းရောက်များ လှုပ်ရှားပြနေသည့် ဖေရ်ကာဆိုင်ရာစစ်ပွဲ (ရှီအာ ၊စွန်နီ စစ်ပွဲ ) အရောင်မသွင်ကြောင်း အီရတ် မရ်ဂျာများမှ မိန့်ကြားထားတော်မူခဲ့သည်ဟု ဖော်ပြ ထားပါသည်။
ဤသတင်းစာမှ ဆက်လက်ပြီး ပါရှန်းပယ်လင်ကွေ့ ရှိအရပ်နိုင်ငံအချို့ သည်လည်း အီရတ် နိုင်ငံတွင် ရှီအာ ၊စွန်နီ စည်းလုံး ညီညွတ် သွား ကြမည်ကို မလိုလား မနှစ်မြို့ကြောင်း  ပြောပြထားပါသည်။