၂၈ ဇူလိုင် ၂၀၁၄ - ၁၈:၁၆
မန္တလေးမြို့တွင် ညမထွက်ရအမိန့် ၁ နာရီ လျှော့ချ

မန္တလေးမြို့မှာ ည ၉ နာရီကနေ မနက် ၅ နာရီထိ မူလကသတ်မှတ်ထားတဲ့ ညမထွက်ရအမိန့်ကို ဇူလိုင်လ ၂၁ ရက်က ည ၉ နာရီကနေ မနက် ၃ နာရီအထိ ပြောင်းလဲ ပေးခဲ့ပြီး အခု ဒီနေ့မှာတော့ ည ၁၀ နာရီမှ နံနက် ၃ နာရီကို ပြောင်းလဲသတ်မှတ် လျှော့ချပေးလိုက်တာဖြစ်ပါတယ်။

အဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။ ။အဗ်နာ

မန္တလေးမြို့တွင် ညမထွက်ရအမိန့် ၁ နာရီ လျှော့ချ

မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မြို့နယ် ၇ မြို့နယ်မှာ ထုတ်ပြန်ထားတဲ့  ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်အချိန်ကို အာဏာပိုင်တွေက ၁ နာရီ ထပ်မံလျှော့ချပေးလိုက်ပါတယ်။

မန္တလေးမြို့မှာ ည ၉ နာရီကနေ မနက် ၅ နာရီထိ မူလကသတ်မှတ်ထားတဲ့ ညမထွက်ရအမိန့်ကို  ဇူလိုင်လ ၂၁ ရက်က ည ၉ နာရီကနေ မနက် ၃ နာရီအထိ  ပြောင်းလဲ ပေးခဲ့ပြီး အခု ဒီနေ့မှာတော့ ည ၁၀ နာရီမှ နံနက် ၃ နာရီကို ပြောင်းလဲသတ်မှတ် လျှော့ချပေးလိုက်တာဖြစ်ပါတယ်။

မန္တလေးမြို့မှာ ညမထွက်ရတာကြောင့် မြို့ခံလူထုတွေရဲ့  စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ အခက်အခဲတွေ ကြုံတွေ့နေရလို့ ဒီအမိန့်ကို ပြန်ရုပ်သိမ်းပေးဖို့  မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီက မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ ပြီးခဲ့တဲ့ သီတင်းပတ်က တင်ပြတောင်းဆိုထားပါတယ်။

REF;ဒီဗွီဘီ