၈ ဩဂုတ် ၂၀၁၄ - ၀၈:၂၅
 ဟဇရသ် အာယာသွလ္လာဟ် နူးရီဟမ်ဒါနီ ဝဟာဘီများ နှင့်အတူ မိုနာစေရဟ် (အမှားအမှန်ကိုခွဲခြားသက်သေထူခြင်း) ပြုရန် အသင့်ရှိ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နူးရီဟမ်ဒါနီ အနေဖြင့် ရှောင်ဝါလ ၈ ရက်နေ့ (ဝဟာဘီများမှ) ဂျန္နသ် သိုလ် ဗကီးလ် အားစော်ကားဖျက်စီး ပြိုချသည့် နှစ်ပတ်လည် အမှတ်ရ အစီအစဉ် အချိန်အခါ တွင် ဝဟာ ဘီများကို ဤမတရားသည့် လုပ်ရပ်နှင့်ပတ်သတ်ပြီး ပြစ်တင်ရှုံ့ ချကာ၎င်းတို့နှင့် လော်ဂျစ်ကျကျ မိုနာစေရဟ် (အမှားအမှန်ကိုခွဲခြားသက်သေထူခြင်း) ပြုရန် ဖိတ်ခေါ် ကြေငြာခဲ့ပါသည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဟဇရသ် အာယာသွလ္လာဟ်  အလ်အွဇ်မာ နူးရီဟမ်ဒါနီ အနေဖြင့် ရှောင်ဝါလ ၈ ရက်နေ့ (ဝဟာဘီများမှ)   ဂျန္နသ် သိုလ် ဗကီးလ် အားစော်ကားဖျက်စီး ပြိုချသည့်   နှစ်ပတ်လည် အမှတ်ရ အစီအစဉ် အချိန်အခါ တွင် ဝဟာ ဘီများကို ဤမတရားသည့် လုပ်ရပ်နှင့်ပတ်သတ်ပြီး ပြစ်တင်ရှုံ့ ချကာ၎င်းတို့နှင့် လော်ဂျစ်ကျကျ မိုနာစေရဟ် (အမှားအမှန်ကိုခွဲခြားသက်သေထူခြင်း) ပြုရန် ဖိတ်ခေါ် ကြေငြာခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။
ဟဇရသ် အာယာသွလ္လာဟ်  အလ်အွဇ်မာ နူးရီဟမ်ဒါနီ အနေဖြင့် မိမိ၏ မိန့်ခွန်းတော်တွင် ထုတ်ဖော် မိန့် ကြားသည်မှာ - “ရှောင်ဝါလ ၈ ရက်နေ့သည် မွတ်စလင်မ်လူထု၏ နှလုံးသားကို နိုးထစေပြီး၊ အဲဟ်လေ့ဘိုက်(သ) (အ.စ) အား အချစ်မေတ္တာထားသူများ အတွက် ဝမ်းနည်းပူဆွေးမှုကို ပြန်လည် ပြီးအသစ် ဖြစ် စေသည်ဟု မိန့်ကြားခဲ့ပါ သည်။”
ဆက်လက်ပြီး ဟဇရသ် အာယာသွလ္လာဟ်  အနေဖြင့် မိမိ၏ မိန့်ခွန်းတွင် ဆက်လက် မိန့်သည်ကား -
“ ဤလုပ်ရပ် သည် တရားမဝင်သည့် ဖေရ်ကာ  (ဝဟာဘီ) ၏ လုပ်ရပ်ဖြစ်ပြီး၊ ကဗဲရ်များ ကို တည်ဆောက်ခြင်းနှင့် ဇေယာရသ်ပြုခြင်းကို ကျမ်းတော်မြတ် ကုရ်အာန်နှင့်စွန္နသ်တော် အရ ဆန်ကျင့် တယ်လို့ (ဝဟာဘီများမှ ) ထင်မှတ်ထားကြလေကြောင်း” မိန့်တော်မူလေသည်။
ဟဇရသ် အာယာသွလ္လာဟ်  မှဤ ဖေရ်ကာ အားအစ္စလာမ့် သာသနာတော်အတွက် အမည်းစက် အဖြစ် မိန့်ကြားတော်မူပြီး ဆက်လက်၍ “ ကျွန်ုပ်အနေဖြင့် လော်ဂျစ်ကျကျကိစ္စအားလုံးအတွက် ဝဟာဘီများ နှင့် မိုနာစေရဟ် (အမှားအမှန်ကိုခွဲခြားသက်သေထူရန်) ပြုရန် အသင့်ရှိ ကြောင်း အကြိမ် ကြိမ်  ဖိတ်ခေါ် ကြေငြာခဲ့ပါသည်။” ဝဟာဘီများ၏ ကျမ်းစာအုပ်များမှ အဖြေထုတ်ပေး မည် ဖြစ် ကြောင်း၊ သို့ သော် ဤ ဖေရ်ကာ အနေဖြင့် မည်သည့် အခါမှ မိုနာစေရဟ် (အမှားအမှန်ကိုခွဲခြားသက်သေထူခြင်း) ကို ပြုဖို့ အသင့်မရှိဘဲ အမြဲတစေ အကြမ်းဖက်တိုက်ခိုက်မှု ၊(လူမဆန်မှု ) လုပ်ရပ်များပြုလုပ်၍ သာ အစ္စလာမ့် ဘာသာအား နာမည်ဖျက် နေကြောင်း ၊ သားရဲ တိရိစ္ဆာန်များ ပမာ မွတ်စလင်မ် များ၏ သွေးကို မြေကျအောင် လုပ်နေကြောင်း  မိန့်ကြားခဲ့ပါသည်။
ဟဇရသ် အာယာသွလ္လာဟ်  အလ်အွဇ်မာ နူးရီဟမ်ဒါနီ၏ မိန့်ခွန်းတော်တွင် ဆက်လက်လာရှိသည်မှာ  - ဖေရ်ကာ ဝဟာဘီ ၏ လက်ချက်ဖြင့် ဖျက်စီးခဲ့သည့် အစ္စလာမ်မီ ဆိုင်ရာမြင့်မြတ် သည့် အထိမ်း အမှတ်များ နှင့် စပ်လျဉ်းပြီး အပြင်းအထန်း ကန့်ကွက်  ပြစ်တင် ရှုံ့  ချကြောင်း နှင့် မွတ်စလင်မ် လူထု အားလုံးကို ဤကိစ္စ အား ဖြေရှင်းနိုင်ဖို့ ညီညွတ်စည်းလုံးကြရန် ဖိတ်ခေါ်ကြောင်းလာရှိပါသည်။