အဲဟ်လေ့ဘိုက်(သ)(အ.စ) သတင်းဌာန ၊ အဗ်နာ
မရ်ဂျာယေသက္က်လီးဒ်တော်များမှတစ်ပါးဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ မှ ယနေ့မနက်(တနင်းလာနေ့ ) တွင် ဟဇရသ် အာယာသွလ္လာဟ် မဲဟ်ဒဝီး ကနီး မဂျ လစ် စေခိုဗ်ရဂန် ဥက္ကဋ္ဌ ၏ ကျန်းမာရေး အခြေအနေ မေးမြန်းရန် သွားရောက်ခဲ့ပါသည်။
ဤကိစ္စနှင့်ဆက်နွယ်ပြီး အီးဗ်ရာဟီးမ် အန်ဆွာရီရန်း အာယာသွလ္လာဟ် မဲဟ်ဒဝီးကနီး ရုံးဥက္ကဋ္ဌ မှ ပြောကြားခဲ့သည်မှာ -
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ မှ နှလုံးဆိုင်ရာဆေးရုံး ရှဟီးဒ် ရေဂျာရီ ဆေးရုံးသို့ ယနေ့ (တနင်းလာနေ့) မနက်ပိုင်းတွင် ဟဇရသ် အာယာသွလ္လာဟ် မဲဟ်ဒဝီး ကနီး ကျန်းမာရေးအခြေအနေ ကိုလာရောက်မေးမြန်းခဲ့ပြီး ၎င်းအတွက် ဒိုအာယေရှဖာ ပြုပေးခဲ့ကြောင်း ဖြစ်ပါသည်။
၎င်းမှဆက်လက်ပြီးပြောကြားသည်မှာ -
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ မှမိုမေနီများနှင့်ပြည်သူလူထုအား အာယာသွလ္လာဟ် မဲဟ်ဒဝီးကနီး ကျန်းမာလာရန် အတွက်စူရဟ်ဟမ်ဒ် ဖတ်ရွတ်ပေးပြီး ဒိုအာ လုပ်ပေးကြရန် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ကြောင်း၊ အာယာသွလ္လာဟ် မဲဟ်ဒဝီးကနီး ကုသပြုစုပေးနေကြ သည့် ဒေါက်တာများနှင့် ကုသမှုအခြအနေနှင့်ပတ်သတ်ပြီးစကားပြောဆို မေးမြန်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ မှ သတင်းထောက်များ ကိုမိန့်ကြား ခဲ့သည်မှာ -
အာယာသွလ္လာဟ် မဲဟ်ဒဝီးကနီး နှင့်ကျွန်တော်၏ ခင်မင်ရင်နှီးမှုဟာနှစ်ပေါင်းများစွာအရင် တော်လှန်ရေးမအောင်မှီအချိန်ကနေစခဲ့ကြောင်း ၊၎င်း ဆေးရုံးတက်ကုသမှု ခံယူ နေရ သည့် သတင်းကြားရပြီးနောက်ပိုင်းကျွန်တော်တို့အားလုံး ၎င်း၏ ကျန်းမာရေး အတွက် ဒိုအာများတောင်းနေကြောင်း မိန့်ကြားခဲ့ပါသည်။
==================================================
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ မှ ဟဇရသ် အာယာသွလ္လာဟ် မဲဟ်ဒဝီးကနီး ကျန်းမာရေးအခြေအနေ သွားရောက် မေးမြန်း
၂၀ ဩဂုတ် ၂၀၁၄ - ၁၈:၄၈
News ID: 632460
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ မှ နှလုံးဆိုင်ရာဆေးရုံး ရှဟီးဒ် ရေဂျာရီ ဆေးရုံးသို့ ယနေ့ (တနင်းလာနေ့) မနက်ပိုင်းတွင် ဟဇရသ် အာယာသွလ္လာဟ် မဲဟ်ဒဝီး ကနီး ကျန်းမာရေးအခြေအနေ ကိုလာရောက်မေးမြန်းခဲ့ပြီး ၎င်းအတွက် ဒိုအာယေရှဖာ ပြုပေးခဲ့ကြောင်း အာယာသွလ္လာဟ် မဲဟ်ဒဝီးကနီး ရုံးဥက္ကဋ္ဌ မှ ပြောကြားခဲ့ပါသည်