၂၆ ဩဂုတ် ၂၀၁၄ - ၂၁:၅၀
ရွီအာ ဆိုတာ .... (7)

အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ)မိန့်တော်မူလေသည်။ အို ရှီအာ(အေမာမ်မီယာ)အပေါင်းတို့ ကျွန်ုပ်တို့ အတွက် ဂုဏ်သိက္ခာ ကို တိုးစေသူများဖြစ်ပါစေ၊ ဂုဏ်သိက္ခာမဲ့အောင် အမည် ပျက်အောင်ပြုသူများ မဖြစ်ပါစေနှင့် ၊ လူထုနှင့်ကောင်းမြတ်သည့်စကားများပြောဆိုပါလေ။ မိမိ၏ နှုတ်ကို ထိန်းသိမ်းစောင့်ရှောက်ပါလေ။ အကျိုးမဲ့အဓိပ္ပာယ် မရှိသည့် စကား များ မှ ထိန်းသိမ်း ပါလေ။

အေမာမ်(အ.စ)အတွက်သိက္ခာမြင့်ပေးသူဖြစ်ပါစေ

ဟဒီးစ်တော် (၂၆)
قال الصّادق ع : یا مَعَاشِرَ الشِّيعَةِ كُونُوا لَنَا زَيْناً وَ لَا تَكُونُوا عَلَيْنَا شَيْناً قُولُوا لِلنَّاسِ حُسْناً احْفَظُوا أَلْسِنَتَكُمْ وَ كُفُّوهَا عَنِ الْفُضُولِ وَ قَبِيحِ الْقَوْلِ.
امالی شیخ صدوق ره
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ)မိန့်တော်မူလေသည်။
အို ရှီအာ(အေမာမ်မီယာ)အပေါင်းတို့ ကျွန်ုပ်တို့ အတွက် ဂုဏ်သိက္ခာ ကို တိုးစေသူများဖြစ်ပါစေ၊ ဂုဏ်သိက္ခာမဲ့အောင် အမည် ပျက်အောင်ပြုသူများ မဖြစ်ပါစေနှင့် ၊ လူထုနှင့်ကောင်းမြတ်သည့်စကားများပြောဆိုပါလေ။ မိမိ၏ နှုတ်ကို ထိန်းသိမ်းစောင့်ရှောက်ပါလေ။ အကျိုးမဲ့အဓိပ္ပာယ် မရှိသည့် စကား များ မှ ထိန်းသိမ်း ပါလေ။
ညွှန်း -  အမာလီရှိက်ခ်စူဒူက်(ရ.ဟ)ကျမ်း
သင်ခန်းစာများ
၁။ အဟ်လေ့ဘိုက်(သ)(အ.စ) အတွက် ဂုဏ်သိက္ခာကိုတိုးစေ သူဖြစ် ဖို့ နှင့် လျော့စေသူ မဖြစ်စေဖို့ဆိုထားရာ ရှီအာအချင်းချင်းပြဿနာကို ပြေပြေ လည်လည် မညှိကြဘဲ ဟိုရုံးတိုင်၊ ဒီရုံးတိုင်သူများ သတိပြုသင့်ပေသည်။

၂။ ငါတို့ရပ်ကွက်ထဲက ဟို ရှီအာလေကွ အရက်သမား၊ ဘိန်းစား၊ စိတ်ကြွ ဆေးရောင်းသူ၊ မကောင်းတာလုပ်သူ၊ လူလိမ်လူညာ 420 သမား စသည်ဖြင့် အပြောမခံ ရအောင်နေရ မည်မှာ အထူး အရေးကြီး ပေသည်။
 
၃။ လူထုနှင့်စကားကောင်းကောင်းပြောရမည်ဟု ညွှန်ထားရာ လူမျိုးမရွေး ဘာသာမရွေးဆင်းရဲချမ်းသာမရွေးတို့နှင့် ကောင်းမွန်စွာ ဆက်ဆံရပေမည်။

၎။ နှုတ်သည် အထူးအရေးကြီးလေသည်။ နှုတ်ကြောင့် ချမ်းသာသွား သူများ ဒုက္ခရောက်သူများထုနှင့်ထည်ပင်တည်း စာရူသူ လူကြီးမင်းကိုယ်တိုင် အ နည်း နှင့် အများတွေ့ကြုံဖူးမည်ဖြစ်ပါသည်။

________________________________________




 အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ) ၏ရှီအာ  

ဟဒီးစ်တော် (၂၇)
عن المفضل قال الصادق ع : إِنَّمَا شِيعَةُ جَعْفَرٍ مَنْ عَفَّ بَطْنُهُ وَ فَرْجُهُ وَ اشْتَدَّ جِهَادُهُ وَ عَمِلَ لِخَالِقِهِ وَ رَجَا ثَوَابَهُ وَ خَافَ عِقَابَهُ فَإِذَا رَأَيْتَ أُولَئِكَ فَأُولَئِكَ شِيعَةُ جَعْفَرٍ.
اصول کافی جلد 2 ، خصال جلد 1 باب الخمسه
စကားပြေအဓိပ္ပာယ်
မိုဖွစေလ်ထံမှရီဝါယသ်တော်လာရှိလေသည်။ အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်တော်မူလေသည်။
ဧကန်မုချ အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ ရှီအာ ဆိုသည်မှာ - ထိုသူသာလျှင်ဖြစ်ချေသည်။ ၎င်း၏ ၀မ်းဗိုက်နှင့် အရှက်အင်္ဂါ သည်သန့်ရှင်း လေသည်။ (ဆိုလိုသည်မှာ ဤအရာနှစ်ခုစလုံး ကို ဟရမ်လုပ်ငန်းများမှ ထိန်းသိမ်းခြင်းဖြစ်ပေသည်။ ) အပြင်းအထန် (မိမိစိတ်ရိုင်းစိတ်မိုက်) နှင့် ဂျေဟဒ်ပြု လေ၏။ မိမိ၏အလုပ်များကို မိမိ၏ဖန်ဆင်းရှင်မြတ် အလ္လာဟ် နှစ်မြို့  မြတ်နိုးမှုအတွက်သာလျှင် ဆောင်ရွက်လေ၏။ မြတ် အလ္လာဟ် ချီးမြှင့်မည့် စ၀ါးဗ် ကို မျှော်လင့်ပြီး အရှင်၏ အဇားဗ်ကို ကြောက်ရွံ့ လေ၏။ အသင်အနေဖြင့် ဤကဲ့သို့သော် သူများတွေ့ ရမည်ဆိုလျှင် (မှတ်ပါ)ထို သူများသည် အေမာမ် ဂျအ်ဖရ် ဆွာဒစ်(အ.စ)၏ ရှီအာများပင်ဖြစ်ပေသည်။
ညွှန်း အူစူလေကာဖီကျမ်းအတွဲ(၂) စေဆွာကျမ်း အတွဲ ၁ အခန်း (၅)
သင်ခန်းစာများ
(၁) သမာအာဇီဝကျကျဖြင့် မိမိဝမ်းဗိုက်ကို မဖြည့်သူများ၊ မိမိအရှက်၊ ကိုယ်လုံး ကိုယ်ပေါက်ကို ဟိုပေါ်ဒီပေါ် ၊ မော်ဒယ်ပုံစံပြုသူများ အထူးသတိပြု သင့်ပေ သည်။ မိမိကိုယ်ကို ရှီအာဟုလည်းဆိုမည် ဤကဲ့သို့ လည်းပြုမည် ဆိုလျှင် ရှီအာစစ်၊ ရှီအာမှန်မဟုတ်ချေ။

(၂) ဂျေဟဒ်ပြုသူဖြစ်လေသည်။ သောင်းကြမ်းသူ၊ ဖျက်စီးသူ၊ လူသတ်သူကို ရှီအာအမြင်၊ စစ်မှန်သည့် အစ္စလာမ့်အမြင်၌ ဂျေဟဒ်မမည်ချေ။ မိမိ၏ စိတ်ရိုင်းစိတ်ပုပ်များကိုတိုက်ထုတ်ခြင်းကိုကြီးမားသည့်ဂျေဟဒ်ဟုဆိုထားလေ၏။ သို့သော်မိမိကို ကျူးကျော်လာသူများကိုခုခံပိုင်ခွင့်ရှိလေသည်။ မိမိဖက်မှ မစကြလေချေ။
 
(၃) မြတ်အလ္လာဟ် နှစ်မြို့  ကို ဦးစားပေးရမည်။ တခြားအတွက်မဖြစ်စေရ။

(၄) အောင်မြင်မှုနှင့်ဆုံးရှုံးမှု၊ စ၀ါးဗ်နှင့်အဇဗ်သည် မြတ်အလ္လာဟ် လက်ထဲ ၌သာရှိသည်ကိုအသေအချာမှတ်သား ထားသင့် ပေသည်။

(၅) ဤကဲ့သို့သော် ရှီအာများသည် ရှိတော့ရှိတယ်ရှား၏။ နည်း၏။ ကျွန်တော် တို့အားလုံးသည်လည်း ဤစစ်မှန်သည့် ရှီအာစစ်များ စာရင်းတွင်ဝင်ပါစေဟု မြတ်အလ္လာဟ်ထံဆုချွေလိုက်ရပါသည်။

(၆) ဤကဲ့သို့ အရည် အသွေးများ ထွက်ပေါ်လာရန် အမြဲ  ကြိုးစားနေ သင့်ပေ သည်။


________________________________________