၂၈ စက်တင်ဘာ ၂၀၁၄ - ၁၉:၄၆
သောင်းကြမ်းသူ အစွန်းရောက်များတွင် ပါဝင်ခြင်း ၎င်းတို့အား ကူညီအားပေး ခြင်းသည် ဟရာမ် ဖြစ်၏ / ဒါရွလ်ဖသ်ဝါ / အီဂျစ်

အီဂျစ်နိုင်ငံ ၏ ဒါရွလ်ဖသ်ဝါ မှ ဖသ်ဝါ တစ်ခု အားထုတ်ပြန် ကြေငြာခဲ့ပါသည်။ ထိုဖသ်ဝါမှာ လက်နက်ကိုင် သောင်းကြမ်းသူ အစွန်းရောက်များတွင် ပါဝင်ခြင်း ၎င်းတို့အားမည်သည့်နည်း နှင့်မဆို ကူညီအားပေး ခြင်းသည် ဟရာမ် ဖြစ် ကြောင်း ဖြစ်ပါသည်။


အဲဟ်လေ့ဘိုက် (သ) (အ.စ) သတင်း ဌာန ၊  အဗ်နာ
အီဂျစ် နိုင်ငံ ၏ သတင်းဌာန တစ်ခုဖြစ်သည့်  (အလ်ယောင်မ်မွစ်စဗေအ်) သတင်းဌာန ၏ သတင်း ထုတ် ပြန်ချက် အရ သိရသည်မှာ - အီဂျစ်နိုင်ငံ ၏ ဒါရွလ်ဖသ်ဝါ မှ ပြီးခဲ့သည့် အပတ် ကြာသပတေးနေ့ တွင် မိမိ၏  ဖသ်ဝါ တစ်ခုတွင်ဤကဲ့သို့ ပြောကြားခဲ့လေသည်။
အစွန်းရောက် အယူသည်း အဖွဲ့အစည်းများ အနေဖြင့် မဇ်ဟဗ်၊ဂျေဟာဒ်၊ အစ္စလာမ်မီ အစိုးရ ဆိုသည့် အမည်များ ဖြင့် မြောက်များစွာ သော လူငယ်လူရွယ်များ ကို မိမိတို့၏အမြင်မှား အတွေးမှားများ နှင့်  လမ်းလွဲ လမ်းမှား သို့ ပို့ခဲ့ကြ ပါသည်။ ဖသ်ဝါတွင် ဟရာမ် ဖြစ်ရသည့် အကြောင်အရင်း ညွန်း၍ ဖော်ပြထားသည်မှာ - လူပတ်ဝန်းကျင် ၊လူအသိုင်းအဝိုင်း နှင့် နိုင်ငံများကို ဖျက်စီး  အောင်၊  အလ္လာဟ် ဟို အရှင်မြတ်သခင် ကြီး ၏ ဗန်ဒါ ကျေးကျွန်များ၏ သွေးမြေ ကြအောင် ကြိုးပမ်းလှုပ်ရှား နေပြီး အစ္စလာမ်သာသနာတော် ပုံစံ ဖြင့် ဖျက်စီးနေသည့် အတွက် ကြောင့် ဖြစ်ကြောင်း ၊ ပြီးနောက် ဤကဲ့သို့ သောင်းကြမ်း ဖျက်စီး၊ အကြမ်းဖက်နေသူများနှင့် အစ္စလာမ် သာသနာတော် နှင့် မွတ်စလင်မ် လူထု ကြီးသည် မည်သို့ မျှ မပတ်သက် ၊မဆက်နွယ် ကြောင်း ၊ တနည်း ဆိုရလျှင်  ဤပုဂ္ဂိုလ်များသည် မနုဿလူသား၏ သဘော သဘဝ နှင့် လည်း ဆန်ကျင့် နေကြောင်း ပြဆိုထားပါသည်။
ဖသ်ဝါတွင် (ဆက်လက်)ပြီး  ဖော်ပြထားသည်မှာ - ဤကဲ့သို့ ( IS ၎င်းကဲ့သို့အဖွဲ့များ) ၏အမြင် ရှိသူများ သည်  အစ္စလာမ် သာသနာတော် ၏ အထောက်အထား သက်သေများ ကို မှန်ကန်သည့်နည်းဖြင့် မနားလည် ကြသူများ ဖြစ်ကြကြောင်း ၊ ဟဒီးစ်တော်များ အာယသ်တော် များမှ မိမိတို့လို အပ်သည့် အဓိပ္ပာယ်များ ကို ကောက်နှုတ် နေကြောင်း ၊ မိမိတို့၏ (လူမဆန်သည့်လုပ်ရပ်များ) ကို အကောင် အထည် ဖော်ရာ တွင် လုပ်ရပ်မှန်ကန်ကြောင်း လုပ်ပိုင်ခွင့် ရှိကြောင်း ပြသသည့် အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တ်ာများ ကို သေလာဝသ် (ဖတ်ရွတ်) ပြ ကြောင်း ဖော်ပြ ထားပါသည်။
ဖသ်ဝါတွင် (ဆက်လက်)ပြီး  ဖော်ပြထားသည်မှာ - ဤကဲ့သို့ ( IS ၎င်းကဲ့သို့အဖွဲ့များ) ၏ လှုပ်ရှားမှုများ ၊ ၎င်းတို့၏ ရာဇဝတ် အမှုများ ၊ ပြည်သူလူထု ကို ဒုက္ခပေးခြင်း၊ သွေးစာ ခြင်း (သတ်ဖြတ်မှု များပြုခြင်း ) တို့ကြောင့် ၎င်းတို့နှင့်အတူ ရှိခြင်း ကို ဟရာမ် ဟုသတ်မှတ် ခဲ့ခြင်း ဖြစ်ပါသည်။ တနည်းအားဖြင့် ဤ အကြမ်းဖက် အစွန်းရောက်များကို  ငွေကြေးများ နှင့် ပေးကမ်း ကူညီခြင်း သည်လည်း ဟရာမ် ဖြစ်ပေ သည်။
ဖသ်ဝါတွင် (ဆက်လက်) ပြီး  ဖော်ပြထားသည်မှာ - ဤကဲ့သို့ ( IS ၎င်းကဲ့သို့အဖွဲ့များ) ကို ကူညီ အား ပေး သူများ  သည် အလ္လာဟ် ဟို အရှင်မြတ် ၏ နေအ်မသ်တော်များ နှင့် ဝေးကွာ သွား ချေသည်။
ဖသ်ဝါတွင် (ဆက်လက်) ပြီး   အသားပေးဖော်ပြထား သသည်မှာ - လက်နက်ကိုင် သောင်းကြမ်းသူ အစွန်းရောက်များ( IS ၎င်းကဲ့သို့အဖွဲ့များ) သည် မိမိ ကိုယ်ကို အစ္စလာမ်မီ အစိုးရ ဟုကြေငြာ ပြီး အမျိုးသားများ အမျိုးသမီးများကို သတ်ဖြတ် ခြင်း ၊ ပြည်သူလူထုပိုင် အဆောက်အဦး များ ကို ဖျက်စီး ခြင်း ၊ လုယှက်ဖျက်စီး ခြင်း တို့ကို လုပ်နေကြပေသည်။ ဤလုပ်ရပ်များသည် အစ္စလာမ် သာသနာ တော်၏  ခြေခံ အချက်အလက်များ နှင် မကိုက်ညီ ပေ။
.........................................................