၂၄ နိုဝင်ဘာ ၂၀၁၄ - ၁၂:၂၆
ဒါအေရှ် (ခ) IS အဖွဲ့ ဟာ အစ္စလာမ် အမည်ဖြင့် မွတ်စလင်မ်များ ကို မျိုးပြုတ် သတ်ဖြတ်မှု လုပ်နေ / အီရတ်  နိုင်ငံ ခြားရေး ဝန်ကြီး

ယနေ့ အချိန်အခါမှာ ဒါအေရှ် (ခ) IS အနေဖြင့် အီရတ် နိုင်ငံ ရှိ စွန်နီ များနေထိုင်သည့် ဒေသများတွင် လည်း ဝင်ရောက်ပြီး ရာဇဝတ်မှုများ ကျူးလွန်းခဲ့ရာ စွန်နီ မွတ်စလင်မ် များ အနေဖြင့်လည်း ၎င်းတို့အား မုန်းတီးသွားပြီး ဖြစ်ပါတယ် … ဒါအေရှ် (ခ) IS၏ လက်ချက် ဖြင့် အသတ်ခံနေရသူ အများစု မှာ စွန်နီ မွတ်စလင်မ် တွေ ဖြစ်ပါတယ် ...


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အီရတ် နိုင်ငံ ၏ နိုင်ငံခြား ရေးဝန်ကြီး ဂျနာဗ် အီဗရာဟီးမ် ဂျအ်ဖရီ အနေဖြင့် ပြည်ထောင်စု အစ္စလာမ် မစ် အီရန် နိုင်ငံ ကွမ်းမြို့ တွင် ကျင်းပ သည့် ((အစွန်းရောက် နှင့် သက္က်ဖီးရီ တို့၏ မူလ အရင်းအမြစ် များ ဆိုင်ရာ   အစ္စလာမ်မီ အိုလမာ အမြင်  ညီလာခံ )) တွင် အရေးကြီး သည့် ဟောပြောမှု ကို ပြုခဲ့ပါသည်။
ဂျနာဗ် အီဗရာဟီးမ် ဂျအ်ဖရီ၏ မိန့်ခွန်း၏ အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
လက်ရှိ ခေတ်ကာလ ၏ သက်္ကဖီးရီ အနေဖြင့် အစ္စလာမ် သာသနာတော် အတွက်ဆိုပြီး ရာဇဝတ်မှု အမျိုးမျိုးကို ကျူးလွန်းနေကြပါတယ် …ကျွန်ုပ်တို့၏ အကြီးအကဲများ ၊အေလာဟီအိုလမာ (အလ္လာဟ် အရှင်မြတ် အပေါ် အကြောက်တရား ထားသည့် သီလသမာဓိရှိ အိုလမာ ) တို့ ဖက်မှ လောကကြီး တစ်ခုလုံး ကို စစ်မှန်သည့် အစ္စလာမ် သာသနာတော် ဆိုတာ ဘာလဲ ဆိုပြီး မိတ်ဆက် မှုတွေ ပြု ပေး သင့်ပါတယ် ….
ယနေ့ အချိန်အခါမှာ ဒါအေရှ် (ခ) IS အနေဖြင့် အီရတ်  နိုင်ငံ ရှိ စွန်နီ များနေထိုင်သည့် ဒေသများတွင် လည်း ဝင်ရောက်ပြီး ရာဇဝတ်မှုများ ကျူးလွန်းခဲ့ရာ စွန်နီ မွတ်စလင်မ် များ အနေဖြင့်လည်း ၎င်းတို့အား မုန်းတီးသွားပြီး ဖြစ်ပါတယ် … ဒါအေရှ် (ခ) IS ၏ လက်ချက် ဖြင့် အသတ်ခံနေရသူ အများစု မှာ စွန်နီ မွတ်စလင်မ် တွေ ဖြစ်ပါတယ် …
၎င်းအနေဖြင့်ဆက်လက်ပြောကြားသည်မှာ - အီရတ် တွင် ဒါအေရှ် (ခ) ISအဖွဲ့၏ လက်ချက်ကြောင့် အသတ်ခံရသူများတွင် ၂% ခရစ်ယာန်ဘာသာဝင် ၊ ၁၄% ရှီအာ မွတ်စလင်မ်  ၊၈၄ % သည် စွန်နီ မွတ်စလင်မ် ဖြစ်ပါတယ် …  လိုဆိုထားပါတယ် …
ကျွန်တော် အနေဖြင့် ၂၀၁၄  နှစ်မှာ ပြောထားခဲ့ပြီးပါပီ ….ဒီ သောင်းကြမ်းသူ အဖျက်သမား အုပ်စု ဒါအေရှ် (ခ) IS  ဟာ ဒီးန် ဆိုတာ ဘာလဲ … မဇ်ဟဗ်ပ်ဆိုတာ ဘာလဲ ဆိုတာ အသိတရား မရှိတဲ့အုပ်စုပါ ….
ဒါအေရှ် (ခ) IS  အဖွဲ့ ဟာ အစ္စလာမ်အမည် ဖြင့် မွတ်စလင်မ် များ ကို အစိတ်စိတ် လုပ်လိုက်ပြီး ဖြစ် ပါတယ်  ….ကျွန်ုပ်တို့ သိထားရ မည် အချက်က သောင်းကြမ်းသူ အဖျက်သမား သူပုန်တွေ အတွက် မည်သည့်နေရာ မှ မရှိဘူး ဆိုတာ ပါဘဲ ….. ၎င်းတို့ ကို တော်လှန်တာ လော်ဂျစ် ကြဖို့ တော့လို့ ပါ တယ် … ဒီအဖွဲ့တွေ ဟာ ပါလက်စတိုင်း မွတ်စလင်မ်တွေ၏ အကူအညီ တောင်းဆို မှု ကို မျက်ကွယ်ပြု ထားကြပါတယ် ….
ယနေ့မွတ်စလင်မ်များ အနေဖြင့်  ဒါအေရှ် (ခ) IS ၏  အန္တရာယ် ကို နေရာတိုင်း ရင်ဆိုင်နေရပါတယ် ..… အီရတ် နိုင်ငံ ဟာ လက်ရှိ အခြေ အနေမှာသက္က်ဖီးရီ တွေ နေတဲ့နေရာဖြစ်နေပါတယ် …လူကြီး မင်း တို့ သိထား ရမည့် အချက် ကတော့ အီရတ် နိုင်ငံ သားတွေ ဟာ မားမားမတ်မတ် ရ င် ဆိုင်တော် လှန်နေ တယ် ဆိုတာ ဘာဘဲ … ဒါအေရှ် (ခ) IS အဖွဲ့နှင့် တိုက်ခိုက်တဲ့ စစ်သား ဟာ အလွန် တန်ဖိုးရှိ လူတစ်ယောက်ဆိုတာ လည်း သိထားဖို့ လိုပါတယ် …

တစ်ချို့   ပုဂ္ဂိုလ်များ ဟာ ကျွန်တော်တို့တွေ ကို  ဒါအေရှ် (ခ) IS ကို တော်လှန် တိုက်ထုတ် ခြင်း မပြုဖို့ ကြိုးစားနေကြပါတယ် …. သို့သော်လည်းပဲ ယခု အချိန်အနေ ဟာ ကျွန်တော်တို့၏ စစ်တပ် ဟာ ဒါအေရှ် (ခ) IS နှင့်တိုက်ပွဲ ဝင်ရမည် အခြေအနေ ကလွဲလို့ တခြားနည်းလမ်း မရှိဘူးဆိုတဲ့ ရလာဒ် ကို ရထားပါပြီး …
တကမ္ဘာလုံး ရှိ တက်သစ်စလူငယ်များ ၊လူငယ်လူရွယ်များ ဟာ ကျွန်ုပ်တို့၏  သားသမီး ရတနာတွေနဲ့ တူပါတယ် ….ကျွန်တော်တို့ အနေဖြင့် ၎င်းတို့ ကို လမ်းမှား အတွက် အသုံးပြု နေတာကို  လုံးဝ ခွင့်ပြုမှာ မဟုတ်ပါဘူး …
ကျွန်တော် အနေဖြင့် ဤညီလာခံ ဖြစ်မြောက် အောင်စီစဉ်သည့်  ချစ်ရပါသော ပုဂ္ဂိုလ်များကို ကျေးဇူး တင်ပါတယ် … ကျွန်တော် အနေဖြင့် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် မို ရှီးရာဇီး  ၏ မိန့် ဆို ချက်များ ကို လက်တွေ့ အကောင် အထည် ဖော်နိုင်ရန် ကြိုးပမ်း အားထုတ် သွားမယ် ဖြစ်ပါတယ် ….
ပြီးနောက် အာယာသွလ္လာဟ် ကြီး၏ မိန့်ခွန်းတွေ ဟာ ကျွန်တော် တို့ အတွက် လမ်းကြောင်း ပေးထား တယ်လို့  မျှော်လင့် ပါတယ် ...  ၎င်း၏ မိန့်ခွန်း အလင်းရောင် ဖြင့် ကျွန်တော် တို့၏ ရည်ရွယ်ချက်များ အထိ လျှောက်လှမ်း နိုင်မှာ ဖြစ်ပါတယ် …