အဲဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
ကန်ကြီးဗလီဖြိုဖျက်ခံရစဉ် ပျော်ရွင်နေတဲ့ရဲသားတစ်ဦးရဲ့ဓာတ်ပုံရမည်းသင်းမြို့က ကန်ကြီးဗလီဝတ်ကျောင်းတော် ဖြိုဖျက်ခံရတဲ့အတွက်အစ္စလာမ်ဘာသာဝင်တွေ စိတ်နှလုံးမသာမယာဖြစ်နေချိန်မှာ ပျော်ရွင်နေတဲ့ သူတွေလည်းရှိပါတယ်။
ကန်ကြီးဗလီဝတ်ကျောင်းတော်အမိုးကိုဖြိုဖျက်နေတဲ့အချိန်မှာပျော်ရွင်နေတဲ့ အာဏာပို်င်တစ်ဦးအကြောင်းကိုဖေါ်ပြပေးသူကတော့ ရမည်းသင်းမြို့ မ.ဘ.သ ဥက္ကဌဆရာတော် ဦးစန္ဒောဘာသပဲဖြစ်ပါတယ်။
ရမည်းသင်း မ.ဘ.သ ရဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ဆုံးဖြတ်ချက်အရ အာဏာပိုင်တွေရဲ့အကူအညီအပြည့်အ၀နဲ့ဖြိုဖျက်ခဲ့တဲ့ ကန်ကြီးဗလီဝတ်ကျောင်းတော်ရဲ့ အမိုးတွေကို ယခုလ ၂၀ ရက်နေ့နံနက်ပိုင်းမှာ ဖြိုဖျက်နေတဲ့မြင်ကွင်းနောက်ခံမှာ ပျော်ရွင်နေတဲ့သူတစ်ဦးရဲ့ ပုံကို ရမည်းသင်း မ.ဘ.သ ဥက္ကဌဆရာတော် ရဲ့ ဖဘ စာမျက်နှာမှာဖေါ်ပြထားပါတယ်။
ကန်ကြီးဗလီဝတ်ကျောင်းတော်ကိုဖြိုဖျက်နေတုန်းမှာ ပျော်နေသူတွေအများကြီးရှိနိင်ပေမယ့် ထိထိမိမိ မှတ်တမ်းတင်ခံရသူကတော့ ရမည်းသင်းရဲစခန်းက တပ်ကြပ် ခိုင်လင်းစိုး ပဲဖြစ်ပါတယ်။ကိုဥက္ကာလို့ မြို့ခံအများစုကခေါ်တဲ့ တပ်ကြပ်ခိုင်လင်းစိုးဟာ ရွှေစည်းခုံ ရပ်ကွက် ရဲ့နယ်ထိန်းတစ်ဦးလည်းဖြစ်ပါတယ်။
တာဝန်ရှိသူတစ်ဦးဖြစ်ပါလျှက် ဗလီဖြိုဖျက်နေတုန်း ၀မ်းသာအားရပျော်ရွင်နေတဲ့ တပ်ကြပ်ခိုင်လင်းစိုး(ခ)ဥက္ကာရဲ့ မှတ်တမ်းဓာတ်ပုံဟာ မြန်မာနိင်ငံကဘာသာရေးလွတ်လပ်ခွင့်ဆိုတဲ့အရာနဲ့ အစ္စလာမ်ဘာသာဝင်တွေအပေါ်ထားတဲ့ အာဏာပိုင်အများစုရဲ့ ပုံရိပ်မှန်တစ်ခုကို ခြုံငုံသရုပ်ဖေါ်လိုက်တဲ့ ဖြစ်ရပ်မှန်တစ်ခုလို့လည်း ဆိုကမှားနိင်မယ်မထင်ပါ။
ကျူးကျော်ဆိုတဲ့တစ်ဘက်သတ် စွတ်စွဲချက်နဲ့ ဖြိုဖျက်ခံခဲ့ရတဲ့ ကန်ကြီးဗလီဝတ်ကျောင်းတော်နေရာမှာ
လွန်ခဲ့တဲ့နှစ်ပေါင်း ၃၅၀ ကျော်ကတည်းက အစ္စလာမ်ဘာသာဝင်တွေရဲ့ ၀တ်ပြုဆောင်(ဗလီ)တည်ရှိခဲ့တာဖြစ်ပါတယ်။
မျှတတဲ့တရားစီရင်မှုမရခဲ့ဘဲ တစ်ဘက်သတ်စွပ်စွဲချက်နဲ့ဖြိုဖျက်ခံခဲ့ရတဲ့ ကန်ကြီးဗလီဝတ်ကျောင်းတော် နေရာမှာ ဗုဒ္ဓဘာသာစည်ပင်ပြန့်ပွားစေဖို့ “မဟာဝိဇယသာသနာ့ဗိမာန်တော်ကြီး” ကိုတည်ဆောက်တော့မယ်လို့လည်း ရမည်းသင်း မ.ဘ.သ ဆရာတော်ကသူ့ရဲ့ ဖေ့စ်ဘုတ်မှာကြေညာထားပါတယ်။
မိုးပြာ
Myanmar Msulim Media
နိုဝင်ဘာ ၂၂၊ ၂၀၁၄
၂၇ နိုဝင်ဘာ ၂၀၁၄ - ၂၀:၅၆
News ID: 654494
ကန်ကြီးဗလီဖြိုဖျက်ခံရစဉ် ပျော်ရွင်နေတဲ့ရဲသားတစ်ဦးရဲ့ဓာတ်ပုံရမည်းသင်းမြို့က ကန်ကြီးဗလီဝတ်ကျောင်းတော် ဖြိုဖျက်ခံရတဲ့အတွက်အစ္စလာမ်ဘာသာဝင်တွေ စိတ်နှလုံးမသာမယာဖြစ်နေချိန်မှာ ပျော်ရွင်နေတဲ့ သူတွေလည်းရှိပါတယ်။ ကန်ကြီးဗလီဝတ်ကျောင်းတော်အမိုးကိုဖြိုဖျက်နေတဲ့အချိန်မှာပျော်ရွင်နေတဲ့ အာဏာပို်င်တစ်ဦးအကြောင်းကိုဖေါ်ပြပေးသူကတော့ ရမည်းသင်းမြို့ မ.ဘ.သ ဥက္ကဌဆရာတော် ဦးစန္ဒောဘာသပဲဖြစ်ပါတယ်။