အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
မဂ်ျ မယေဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဌာန ကွမ်း ၏ စာပေ ယဉ်ကျေးမှု ဆိုင်ရာ ကဏ္ဍ ၏ တာဝန်ခံ အကြီး အကဲ ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွတ်စလေမီး ဒေါက်တာ လက်ဇာအီမှ ((အစွန်းရောက် နှင့် သက္က်ဖီးရီ တို့၏ မူလ အရင်းအမြစ် များ ဆိုင်ရာ အစ္စလာမ်မီ အိုလမာ အမြင် ညီလာခံ )) ပြောကြားသည်မှာ - သက္က်ဖီးရီတို့၏ အလွန်တရာ မကောင်းသည့် ခြေလှမ်းမှာ အပြစ်မဲ့ ပုဂ္ဂိုလ် များကို အလွယ်တကူ သတ်ဖြတ်ခြင်း ဖြစ်ပါတယ် ....
ဤလုပ်ရပ်အတွက် အတွေးအခေါ် ဖက်ကရော စာပေယဉ်ကျေးမှုဖက်ကပါ လှုပ်ရှားနေပါတယ် .....ကြေးစား ပွဲစားတွေဘဲ ဤလှုပ်ရှားမှုအတွက် လှုပ်ရှားနေတာမဟုတ်ပါဘူး....
ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွတ်စလေမီး ဒေါက်တာ လက်ဇာအီမှ ဆက်လက် ပြောကြားသည်မှာ - သက္က်ဖီးရီအဖွဲ့များ ၏ပြစ်မှုဒုစရိုက်များ ကို ဟန့်တားရန် အကောင်းတကာ အကောင်းဆုံးနည်းလမ်း မှာ စာပေယဉ်ကျေးမှု ဆိုင်ရာ လှုပ်ရှားမှုများဖြစ်ပါတယ် .. .
ဤလှုပ်ရှားမှု ဟာ အိုလမာ၏ သမိုင်းပေးတာဝန် ဖြစ်ပါတယ် ...
အိုလမာအနေဖြင့် မိမိတို့ ၏ နိုင်ငံများတွင်ဤကဲ့သို့သော် ညီလာခံများ ကို စီစဉ်ကျင်းပ သင့် ပါသည်။ အိုလမာအနေဖြင့် သက္က်ဖီးရီ အတွေးအခေါ်များ ကို ဖြတ်တောက်နိုင်ရန် သာသာနာရေး၊မဇ်ဟဗ်ရေး ဆိုင်ရာ လမ်းများခင်း ပေးရမှာ ဖြစ်ပါတယ် …
ဒေါက်တာ လက်ဇာအီ မှ အဗ်နာ သတင်းဌာန သတင်းထောက် အား ဆက်လက်ပြောကြားသည်ကား - မွတ်စလင်မ်များ အနေဖြင့် အစ္စလာမ်မီ အသိုင်းအဝိုင်းတွင် ဘဝတည်ဆောက်ရင်း မိမိတို့၏ လုပ်ငန်း ကိစ္စ များကို ဒီး(န်) နှင့်အညီ လုပ်ဆောင်နိုင်ရန် ကြိုးပမ်းကြပါတယ် ....အိုလမာ အစ္စလာမ်အနေဖြင့် သက္က်ဖီးရီတို့၏ လုပ်ရပ် ဟာသာသနာ နှင့် ဆန့်ကျင်နေပြီး သာသနာအမြင်တွင် ဟရာမ် ဖြစ်တယ် ဆိုတာ ကို ရှင်းပြ မယ်ဆို လျှင် အလွန်တရာ အကျိုးအနိသင် သက်ရောက်မှု ရှိမှာ ဖြစ်ပါတယ် ....
===============================================