အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
========================
ရဲဟ်ဗရ်အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ ၂၃ကြိမ် မြောက် ပြည်လုံးကျွတ် နမာဇ်ဆိုင်ရာ ကွန့်ဖရင့် တွင် မိန့်ခွန်း မိန့်ကြားခဲ့သည်ကား -
ဤ အနှိုင်းမဲ့ အစ္စလာမ် ဘာသာရေး တာဝန် တနည်းအားဖြင့် နမာဇ် ကို ပတ်ဝန်းကျင် တွင် အကောင် အထည်ဖော်လာအောင် လက်တွေ့ ရုပ်လုံးထွက်လာအောင်ကြီးမား တန်ဖိုးရှိသည့် ကြိုးပမ်းလှုပ်ရှား မှုများ ပြုခဲ့ရပါတယ် ။ ဤ အတွက် အဖြစ်မှန်တရား ၊အမှန်တရား ကို မြတ်နိုးမှု ဖြင့် စိစစ် သင့်ပေတယ်။ အကြောင်းမှာ နမာဇ် ဝတ်ပြုသူများ အထူးသဖြင့် လူငယ် လူရွယ် တို့၏ ဘဝတည်ဆောက်မှု အပေါ် အာနိသင်သက် ရောက်မှု အပြည့်အဝ ရှိနေသည့် အတွက်ကြောင့် ဖြစ်ပါတယ်။
ရဲဟ်ဗရ်အင်ကေလာဗ် မှ ဆက်လက်ပြီးမိန့်ကြားသည်မှာ -
နမာဇ် ဝတ်ပြုတည်ဆောက်ပုံ ၊ နမာဇ် ဝတ်ပြုမှု ကျယ်ပြန့် လာ ရန် ကြိုးပမ်းမှု ဆိုင်ရာခြေလှမ်းများ ကိုလည်း စိစစ် သုံးသပ်သင့်ပါတယ် ။ ပြည်လုံးကျွတ် နမာဇ်ဆိုင်ရာ ကွန့်ဖရင့်ကို ပြီးပြည့်စုံမှု အထိရောက်ရန် အဖြစ်မှန်တရား ၊အမှန်တရား ကို မြတ်နိုးမှု ၊ပညာရှိဆန်စွာ ဖြင့် စိစစ်ခြင်း ဖြင့် စမ်းသပ်ကြည့် ဖို့ရန် အရေးကြီး လို အပ် ပါတယ် ။ ရရှိလာမဲ့ ရလာဒ်အဖြေ အပေါ် လက်တွေ့ ကျင့်သုံး အကောင် အထည် ဖော် ဖို့ အရေးကြီး ကိစ္စ ဖြစ်ပါတယ် ။ ၂၃ကြိမ်မြောက် ပြည်လုံးကျွတ် နမာဇ်ဆိုင်ရာ ကွန်ဖရင့် သည် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ အဲဟ်ဝါဇ် မြို့ တွင် ကျင်းပခြင်း ဖြစ်ပြီး ၂ရက်တာ ကြာမြင့်မည် ဖြစ်ပါသည်။
မြတ်အလ္လာဟ်၏ အမည်ဖြင့် ဦးစွာ အစပြုပါ၏။ ထို အရှင်မြတ်သည် အလွန်တရာ သနားကြင်နာ ၊ ညှာတာ တော်မူသည့်၊မဟာ ဂရုဏာ အရှင်မြတ်ပင်တည်း ။
နှစ်စဉ်နှစ်တိုင်းကျင်းပသည့် ဤ ပြည်လုံးကျွတ် ကွန်ဖရင့် သည် မွန်မြတ်ပြီး စိတ်အား ထက်သန်မှု ကြောင့် ဦးနှောက်များနှင့် နှလုံးသားများ အတွင်း နမာဇ် နှင့် ပတ်သက်ပြီး ၊ စဉ်းစားတွေးခေါ် ရန် ဝါသနာ နှင့် စိတ်အားထက်သန်မှု ကို ဖြစ်ပေါ် စေပါတယ်။ ပြီးနောက် အစ္စလာမ် သာသနာတော် ၏ အနှိုင်းမဲ့ ဤတာဝန် (နမ်ာဝတ်ပြုခြင်း ) သာသနာနှင့် သာသာတရား ရိုသေကိုင်းရှိုင်းသူများအတွက် ခိုင်ခံ့သည့် အခြေခံ အုတ်မြစ် ဖြစ်တဲ့ (နမာဇ်) နှင့်ပတ်သက်ပြီး အခြေခံအချက်အလက်များ၊ မှတ်သားစရာ အချက်များ ၊သတိပေးချက်များ ကို ပတ်ဝန်းကျင် အတွင်း သိလာအောင် လုပ်ခြင်းလည်း ဖြစ်စေ ပါတယ်။ ဤကွန့်ဖရင့် ကို စီစဉ်သူများ နားထောင်ပေးကြသူများ ၊ရေးသားကြသူများ သည် ဤသို့ပြု စွမ်းနိုင်ခြင်းဟာ အလ္လာဟ် ဟို အရှင်မြတ် ဖက်တော်မှ အလွန် ကြီးမားသည့် ကျေးဇူးတော်ကြောင့် ဖြစ်ပါသည်။
ယခု ဤတန်ဖိုး ရှိလာသည့် ကြိုးပမ်းမှုများ၏ ရလာဒ် အာနိသင်များ ၊ ရုပ်လုံးများ ကို အဖြစ်မှန် တရားဆို သည့် ချိန်ခွင်တွင် တိုင်းတာ ရမည့် အချိန်အခါ ရောက်နေပြီး ဖြစ်ပါတယ်။ကြည့်ရမည့် အချက်မှာ နမာဇ် ဝတ်ပြု တည်ဆောက်သူများ ၊ နမာဇ်ကို ပေါ့ပေါ့တန်တန် မသတ်မှတ်သူများ ၊အထူးသဖြင့် လူငယ်လူရွယ်များ နှင့် နမာဇ် လောက တွင် ပထမဆုံးခြေလှမ်းချသူများ၏ လှုပ်ရှား မှုများတွင် ဤ(ကွန့်ဖရင့်၏) ဖိတ်ခေါ်မှု ကမည်သို့ ထိရောက် သက်ရောက်မှု ရှိသည်ဆိုသည့် အချက်ပင် ဖြစ်ပါတယ် ။
နမာဇ် ၏ အခြေအနေ ၊ (ခူရှုး နှင့်ခူစူ) ခေါ် နှိမ့်ချခြင်းနှင့် အာရုံစိုက်ခြင်း ကို ထိန်းသိမ်း ခြင်း နှင့် ပတ်သက် ပြီးလည်း ကြည့်ရမည် ဖြစ်ပါတယ် ။
ဤ(ခူရှုး နှင့်ခူစူ) ဟာ ကောင်းမြတ်သည့်လုပ်ရပ် ၊ရဟ်မာနီ လုပ်ရပ် ဖြစ်သည့်(နမာဇ်) ၏ အနှစ်သာရ နှင့် ဝိဥာဉ် အစစ်ဖြစ် ပါတယ် ။ပြီးနောက် မစ်ဂျစ်ဒ် ကျောင်းတော်များ ဆောက်လုပ်ပေးခြင်း ၊ ကျောင်းများ နှင့် တက္ကသိုလ်များတွင် နမာဇ် ဆောက်တည်နိုင်ဖို့ စီစဉ်ပေးခြင်း ၊ကုန်လမ်းခရီးနှင့် လေကြောင်း ခရီးစဉ်များတွင် နမာဇ်ဝတ်ပြုသူများ အတွက် နေရာ စီစဉ်ပေးခြင်း ၊ ဓာတ်ပုံများ အသံများ ဖြင့် နမာဇ် ဝတ်ပြုမှု အတွက် တိုက်တွန်းရန် နည်းပညာများ သုံးခြင်းတို့၏ တာဝန်ခံ အစိုးရ အရာရှိများ ကိုလည်း ကြည့်ရမည် ဖြစ်ပါတယ်။
၎င်းပြင် ဤအနည်းငယ်(အချိန်) နှင့် အနှစ်သာရ အပြည့်ပါသည့်လုပ်ရပ် (နမာဇ်) ၏ ကောင်းကွက် ကောင်းကျိုး များ တင်ပြခြင်းဆိုင်ရာ ကိစ္စတွင် တာဝန်များ လွဲအပ်ခံထားရသူများ ၊ စာအုပ်နှင့် ဆောင်းပါး ရေးသား သီကုံးမှုနှင့် အခြား လှုပ်ရှားမှုများတွင် တာဝန်ပေးခြင်းခံရထားရ သှုများကို မည်သည့် အတိုင်းအတာ အထိ တာဝန်ကျေကြောင်း ကြည့်ရပေမည်။
နမာဇ်ဆိုင်ရာ ကွန့်ဖရင့် သည် မင်္ဂလာ တစ်ပါးဖြစ်ပါတယ် ၊ အကျိုးရှိတဲ့လုပ်ရပ် ဖြစ်ပါတယ် ၊ သို့သော် လည်းပဲ တန်ဖိုးရှိသည့် ခြေလှမ်းကို ပြီးပြည့်စုံသည့် ပွိုင့် အနီးအထိရောက်အောင် ကြိုးစား နိုင်သထက် ကြိုးစားရန် အရေးကြီးလို အပ်ပါတယ်။ ဤအတွက် အမှန်တရားကို မြတ်နိုးမှု ၊ အသိဥာဏ်ပညာ ရှိမှု ဖြင့် စိစစ် ၊စစ်ဆေးရန် ၊တိုင်းဆနိုင်ရန် စိတ်အားထက်သန်စွာ ကြိုးစားရမည် ဖြစ်ပါတယ် ။ ဤ(ကြိုးပမ်း မှု) ၏ ရလာဒ်များကို ဤလှုပ်ရှားမှု၏ ဖန်တီးရယူမှု လို့နားလည် ရပေမည်။
လူကြီးမင်းတို့ အားလုံး အတွက် အထူးသဖြင့် တန်ဖိုးရှိ အာလင်မ်မေဒီးန် ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ် မွစ်လေမီး ဂျနာဗ် ဗေ ကရာအသ်သီ အတွက် အလ္လာဟ် ဟို အရှင်မြတ် ထံတော်ဝယ် စွမ်းအားရရှိ ရန် ဆုမွန် ဒိုအာပြုပါတယ်။
ဆရ်ဒ် အလီခါမေနအီ
ဒေဲ ၉ ရက် ၁၃၉၃ ၊