အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
မေးခွန်း - အလ်အဲဇ်ဟဲရ် (တက္ကသိုလ်) ၏အမြင်အရ ရှီအာ မဇ်ဟဗ် အပေါ်လိုက်နာကျင့်သုံးခွင့်ရှိပါသ လား ? အစ္စလာမ်မီ မဇ်ဟဗ် ၏ စိတ်ချယုံကြည်ရသည့် ငါးခုမြောက် မဇ်ဟဗ် ဖြစ်ပါသလား ?
ရှိက်္ခခိုအဇ်ဟဲရ် ဒေါက်တာ အဲဟ်မဒ်သွယေဗ် - ဟုတ်ကဲ့ ရှီအာ မဗ်ဟဗ် ဟာ တရားဝင် မှန်ကန်တဲ့ မဗ်ဟဗ် ဖြစ်ပါတယ်၊ဤကိစ္စအတွက် မည်သည့်ပြဿနာမှ မရှိပါဘူး ။အချို့ အချိန်တွေဆို ကျွန်ုပ်တို့၏ ဖသ်ဝါ ဌာန ချုပ်တွေဟာ ရှီအာ ဖေက်ဟေ ဂျအ်ဖီရီ ၏ အခြေအမြစ် အရ ဖသ်ဝါ ပေးပါတယ် ။ အထူးသဖြင့် မိသားစုဆိုင်ရာ ပြဿနာများ ၊လက်ထပ်ထိမ်းမြားခြင်းကိစ္စများတွင် အခက်အခဲနဲ့ကြုံရတဲ့ အချိန် နောက် အိမ်ထောင်စု ဝင်အချင်းချင်း ပြိုကွဲတဲ့အချိန် ဆို ကျွန်ုပ်တို့ အနေဖြင့် ဖေက်ဟေ ဂျအ်ဖီရီယာ (သို့မဟုတ်) ဖေက်ဟေ ဇိုင်ဒီယာ ထံမှ အကူ အညီ ယူပါတယ်ခင်ဗျား ၊
ဗီဒီယိုကလစ် ကို အောက်ပါ လိပ်စာ အတိုင်းကြည့်နိုင်ပါသည်။
http://www.abna24.com/persian/service/video/archive/2015/01/15/664878/story.html
၁၆ ဇန်နဝါရီ ၂၀၁၅ - ၀၆:၂၁
News ID: 665107
အီဂျစ်နိုင်ငံ အလ်အဲဇ်ဟဲရ် တက္ကသိုလ် ၏ အကြီးအကဲ ရှိက်္ခခိုအဇ်ဟဲရ် ဒေါက်တာ အဲဟ်မဒ်သွယေဗ် အနေဖြင့် ရှီအာမဇ်ဟဗ် ကို မှန်ကန်သည့် မဗ်ဟဗ် အဖြစ် သတ်မှတ်ပေးပြီး ရှီအာမဇ်ဟဗ် အပေါ် လိုက်နာကျင့်ဆောင်ခြင်းကိုလည်း မှန်ကန်ကြောင်း မိန့်ကြားခဲ့ပါသည်။