၁၈ ဇန်နဝါရီ ၂၀၁၅ - ၀၆:၁၁
ရှီအာ အားရက်စက်စွာ သတ်ခဲ့သူ တရားခံ အကရာမ်မိုလ်ဟက် ခေါ်လာဟိုရ်ရီ  ကို မနေ့က မနက် ၆ခွဲ တွင် ကြိုးမိန့်ပေး

ပါကစ္စတန် နိုင်ငံ အခြေဆိုက် ဂျအ်ဖရီပရာက်စ် သတင်းဌာန မှ ကိုးကားပြီး တင်ပြရပါမည်ဆိုလျင် - ရှီအာ အားရက်စက်စွာ သတ်ခဲ့သူ တရားခံ အကရာမ်မိုလ်ဟက် ခေါ်လာဟိုရ်ရီ ကို မနေ့က မနက် ၆ခွဲ တွင် ကြိုးမိန့်ပေး ခဲ့ပါသည်။ အကရာမ်မိုလ်ဟက် ခေါ်လာဟိုရ်ရီ ကို လာဟိုရ် မြို့ ၏ နာမည်ကျော် ထောင်ဖြစ်သည့် ကုတ်လခ်ပသ် တွင် ပေးခဲ့ခြင်းဖြစ်ပါသည်။ အကရာမ်မိုလ်ဟက် ကို ဇန်နဝါရီလ ၇ရက်နေ့ ကြာသပတေးနေ့ တွင် ကြိုးမိန့်ပေး မည် ဖြစ်သော် လည်း အသတ်ခဲ့ရသူ၏ ကျန်ရစ်သူများ ဖက်မှ ကျေအေးကြောင်း စာရောက်ရှိလာသည့် အတွက် ကြိုးမိန့်ကို ရပ်ခဲ့ပေသည်။


အဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊အဗ်နာ

=========


ပါကစ္စတန် နိုင်ငံ အခြေဆိုက် ဂျအ်ဖရီပရာက်စ် သတင်းဌာန  မှ ကိုးကားပြီး တင်ပြရပါမည်ဆိုလျင် -
ရှီအာ အားရက်စက်စွာ သတ်ခဲ့သူ တရားခံ အကရာမ်မိုလ်ဟက် ခေါ်လာဟိုရ်ရီ  ကို မနေ့က မနက် ၆ခွဲ တွင် ကြိုးမိန့်ပေး ခဲ့ပါသည်။ အကရာမ်မိုလ်ဟက် ခေါ်လာဟိုရ်ရီ  ကို လာဟိုရ် မြို့  ၏ နာမည်ကျော် ထောင်ဖြစ်သည့် ကုတ်လခ်ပသ် တွင် ပေးခဲ့ခြင်းဖြစ်ပါသည်။ အကရာမ်မိုလ်ဟက် ကို ဇန်နဝါရီလ ၇ရက်နေ့ ကြာသပတေးနေ့ တွင် ကြိုးမိန့်ပေး မည် ဖြစ်သော် လည်း အသတ်ခဲ့ရသူ၏ ကျန်ရစ်သူများ ဖက်မှ ကျေအေးကြောင်း စာရောက်ရှိလာသည့် အတွက် ကြိုးမိန့်ကို ရပ်ခဲ့ပေသည်။
တရားခံ အကရာမ်မိုလ်ဟက် ခေါ်လာဟိုရ်ရီ   သည် ၂၀၀၁ခုနှစ် တွင် ရှိုကုတ်ဒေသတွင် ဖြစ်ပွားခဲ့သည် သာသာရေး ၊မဇ်ဟဗ်ရေး အဓိကရုဏ်း တွင် ရှီအာမွတ်စလင်တစ်ဦးဖြစ်သူ နယရ်အဘာစ် ကို သေနတ်နှင့် ရက်စက်စွာ ပစ်သတ်ခဲ့သူဖြစ်ပါသည်။ ဤ အတွက်ကြောင့် ဖိုင်ဆဲလ် အပါဒ် ရှိ သောင်းကြမ်း သူပုန်များဆိုင်ရာ အထူး တရားခုံရုံးမှ ၂၀၀၄ ခုနှစ်တွင် ၎င်းကျူးလွန်ခဲ့သည့် ရာဇဝတ်အမှု အရ သေဒဏ်ချမှတ်ခဲ့ပါသည်။
တရားခံ အကရာမ်မိုလ်ဟက်အား မြိုနယ် တရား ရုံး နှင့် ဗဟိုတရားရုံးမှ အယူခံ ဝင်ပြီးနောက် ပါကစ္စတန် သမ္မတ မှ ၎င်းအတွက် အသနားခံ အမိန့် ကိုပယ်ချ ခဲ့ပါသည်။ပြီးနောက် သေဒဏ်အမိန့်ကို ပေးခဲ့ပါသည်။ သို့သော်  အသတ်ခဲ့ရသူ၏ ကျန်ရစ်သူများ ဖက်မှ ကျေအေးကြောင်း စာရောက်ရှိလာသဖြစ် ကြိုးမိန့် မှ လွတ်မြောက်ခဲ့ပါသည်။ တဖန် တရားရုံးတစ်ခု မှ အသတ်ခဲ့ရသူ၏ ကျန်ရစ်သူများ ဖက်မှ ကျေအေးကြောင်း စာ မှာ ကျန်ရစ်သူ များ အားလုံးဖက်မှ မဟုတ်သည့် အထောက်အထား သက်သေကြောင့် ကျေအေးစာကို ပယ်ချပြီး အင်္ဂါနေ့က ကြိုးပမ်းကို ပေးခဲ့ပါသည်။ဤအမိန့်ကို မနေ့က လက်တွေ့ ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါသည်။
တရားခံအားကြိုးပေးပြီးနောက် ၎င်း၏ရုပ်ကလပ်ကို ၎င်း၏ မိသားစုအား ပြန်လည်ပေးအပ်ခဲ့ပါသည်။
သိထားရမည့် အချက်မှာ ကျေအေးစာတွင် အသတ်ခံရသူ နှင့် သတ်သူ နှစ်ဦး ဖက်မှ အချို့   မိသားစုဝင်များ အကြား သဘောတူခဲ့ကြခြင်းဖြစ်ပါသည်။ အဖွဲ့ ၂ခု (ရှီအာနှင့် စွန်နီ အစွန်းရောက်ဝဟာဘီ) မှ သဘောတူ ကျေအေးခဲ့ကြခြင်း မဟုတ်ပါ ။တချို့  မီဒီယာ များမှာ အဖွဲ့ ၂ခု (ရှီအာနှင့် စွန်နီ အစွန်းရောက်ဝဟာဘီ) မှ သဘောတူ ကျေအေးခဲ့ကြသည်ဟု မှားယွင်းစွာ ထုတ်လွှင့်ခဲ့ပါသည်။

ရှီအာ အားရက်စက်စွာ သတ်ခဲ့သူ တရားခံ အကရာမ်မိုလ်ဟက် ခေါ်လာဟိုရ်ရီ