ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွင် ၉ နှစ်အရွယ်ကျောင်းသူကို ကျောင်းထိုင်ဘုန်းကြီးက အဓမ္မပြုကျင့်
===============================
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင် ကြီးမြို့ရှိ မေတ္တာဘုန်းတော်ကြီးစာ သင်ကျောင်းတွင် အသက် ၉ နှစ်အ ရွယ်ရှိ ကျောင်းသူတစ်ဦးကို အသက် ၄၈ နှစ်ရှိ ကျောင်းထိုင်ကိုယ်တော်က အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ဇန်န ဝါရီလ ၁၄ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။
-
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၃ ရက် က တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ နယ်မြေ ၄ (မြောက်) စေတီတော် လမ်းရှိ မေတ္တ...ာဘုန်းတော်ကြီး စာ သင်ကျောင်းတွင် ဟိုပုံးမြို့နယ်၊ လုံ ဟိန်းကျေးရွာနေ ကျောင်းထိုင်ဆရာ တော် ဦးကုသလ(ခ) ဦးကျော်စိန်သည် ၎င်းကျောင်း တွင် ပညာသင်ကြားနေ သော အသက် ၉ နှစ် အရွယ်ရှိ ကျောင်း သူတစ်ဦးအား သားမယားအဖြစ်ပြု ကျင့်ခဲ့ကြောင်း၊ ယခင် ကလည်း အဆိုပါ ကျောင်းသူကို ၎င်းအခန်းထဲသို့ ခေါ်ကာ အဓမ္မပြုကျင့်ခဲ့ဖူး သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။
-
ထိုသို့ပြစ်မှုကျူးလွန်သူ ဦးကျော် စိန်အား ပြည်နယ်သာသနာရေး ဒု ညွှန်ကြားရေးမှူးဦးနေဝင်း၊ မြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဦးဂုဏဝံ သာလင်္ကာရ ဆရာတော်ထံတွင် လူ ဝတ်လဲကာ သက်ဆိုင်ရာက ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။ပြီးခဲ့သည့် အောက်တိုဘာလကလည်း အဆိုပါ ကျောင်းထိုင်ကိုယ်တော်သည် ဘုန်းကြီးကျောင်းတွင် စာသင်ကြား နေ သည့် ၇နှစ်အရွယ် မိန်းကလေး တစ်ဦးကို ဆုံးမသည်ဟုဆိုကာ ရက် စက်စွာ ရိုက်နှက်သဖြင့် မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးမှူးနှင့် မြို့နယ် သာသနာရေးဦးစီး ဌာနတို့တွင် ခံဝန် လက်မှတ် ရေးထိုးထားရကြောင်း ဘုန်း ကြီးကျောင်းတွင် စာသင်ပြပေးနေသည့် ဆရာမတစ်ဦးထံက သိရသည်။
-
‘ကျွန်မစာသင်သွားတိုင်း ကလေး မလေးက လိုက်မဆိုဘူး၊ စာပွဲပေါ်မှာ အိပ်ပျော်နေတတ်ပြီး ကျွန်မကိုလည်း ရှောင်နေတတ်တယ်။ ဘုန်းကြီးနား ကို သိပ်ကပ်လွန်းလို့ အဲဒီကတည်းက သံသယဖြစ်နေတာ’ဟု စာပြပေးနေ ကျ ဆရာမက ဆိုသည်။
-
အမှုအခင်းနှင့်ပတ်သက်၍ အရွယ်မရောက်သေးသူကို သားမယား ပြုကျင့်သူ ဦးကျော်စိန်အား အရေးယူ ပေးရန် ဘုန်းတော်ကြီးစာသင် ကျောင်း တွင် ကျောင်းဆရာအဖြစ် လုပ်ကိုင်သူ ဦးဇော်ဇော်အောင်က တ ရားလိုပြုလုပ် တိုင်တန်းသဖြင့် အ မှတ်(၁) မြို့မရဲစခန်းက မုဒိမ်းမှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး ကျူးလွန်ခံရသူ ကျောင်းသူအား မြို့ နယ်တရားသူကြီး ၏ ဆေးစစ်ခွင့်နှင့် အတူ စဝ်စံထွန်းဆေးရုံတွင် ဆေးစစ် မှုခံယူနေကြောင်း သိရသည်။
==================
The Ladies News Journal
၁၈ ဇန်နဝါရီ ၂၀၁၅ - ၂၀:၂၄
News ID: 665611
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင် ကြီးမြို့ရှိ မေတ္တာဘုန်းတော်ကြီးစာ သင်ကျောင်းတွင် အသက် ၉ နှစ်အ ရွယ်ရှိ ကျောင်းသူတစ်ဦးကို အသက် ၄၈ နှစ်ရှိ ကျောင်းထိုင်ကိုယ်တော်က အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ဇန်န ဝါရီလ ၁၄ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။