၂၀ ဇန်နဝါရီ ၂၀၁၅ - ၁၂:၀၄
. ဂျေဟာဒ် မိုဂ်နီယေ နှင့် ဟစ်ဘွလ္လာဟ် တပ်မှူး တစ်ချို့  ကိုလိုနီ အစ္စရေး လက်ချက်ဖြင့် ရှဟီးဒ် ဖြစ်

ဆိုက်ယူနစ် ဝါဒီ ကိုလိုနီ အစ္စရေး တို့၏ နယ်မြေကျူးကျော်ပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ဆီးရီးယား နိုင်ငံ ဂျိုလန်ဒေသတွင် ရှဟီးဒ် အေမာဒ် မိုဂ်နီယေ ၏ သား ဂျေဟာဒ် မိုဂ်နီယေ နှင့် ဟစ်ဘွလ္လာဟ် တပ်မှူး တစ်ချို့ ရှဟီးဒ်ဘွဲ့ ကို ခံယူခဲ့ကြပါသည်။

ရှဟီးဒ် ဂျေဟာဒ် မိုဂ်နီယေ နှင့် ဆရ်ဒါ ဆိုလိုင်းမါနီ

ရှဟီးဒ် ဂျေဟာဒ် မိုဂ်နီယေ နှင့် ၎င်း၏ဖခင် / ရှဟီးဒ် ဂျေဟာဒ် မိုဂ်နီယေ နှင့် ဟေစ်ဘွလ္လာဟ်ခေါင်း ဆောင် ဆရက်ဒ် ဟစန်နစရွလ္လာဟ်

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အလ်အာလန်မ်သတင်းဌာန၏ သတင်းထုတ်ပြန်ချက်အရ လက်ဘနွန် အခြေစိုက် ဟေစ်ဘွလ္လာဟ်  အဖွဲ့မှ ဂျေဟာဒ် မိုဂ်နီယေ နှင့် ဟစ်ဘွလ္လာဟ် အင်အားစု ၆သီး ရှဟီးဒ် ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ချက် ထုတ် ကြေငြာခဲ့ပါသည်။

ဂျေဟာဒ် မိုဂ်နီယေ ဖခင်မှာ အေမာဒ် မိုဂ်နီယေ ဖြစ်ပြီး ဟဂ်ျရေဇ်ဝန် အဖြစ်ကျော်ကြားသူ ဖြစ်ပါသည်။ ဟေစ်ဘွလ္လာဟ်  အဖွဲ့၏ ဗိုလ်မှူးချုပ် တစ်ဦး ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၁ရက်နေ့ ၂၀၀၈ ခုနှစ်တွင် အစ္စရေး သောင်းကြမ်းသူ အဖျက်သမား သူပုန်များ၏ ဖောက်ခွဲမှု ကြောင့် ဆီးရီးယား နိုင်ငံ ဓမစကတ်မြို့   တွင် ရှဟီးဒ်ဖြစ်ခဲ့ရပေသည်။

ဟေစ်ဘွလ္လာဟ်  အဖွဲ့ မှ တနင်္ဂနွေနေ့ ညချမ်းကို အစီရင်ခံစာ ထုတ်ပြန်ကြေငြာ ခဲ့ပါသည်။ ဟေစ်ဘွလ္လာဟ်  သွေးသောက် အချို့  အနေဖြင့် ကန်နသွီရဟ် ဒေသရှိ မဇ်ရေအေဟ်အလ်မွလ် မြို့ ကို  အခြေအနေ ကို စိစစ် စစ်ဆေး နေကြစဉ် ရန်သူ ဆိုက်ယူနစ် ဝါရီ အစ္စရေး ၏ နယ်ကျော် ရဟတ်ယာဉ် တိုက်ခိုက် သည့် ဒုံး မှန်၍ ဟေစ်ဘွလ္လာဟ်  သွေးသောက် အချို့  ရှဟီးဒ် ဖြစ်ခဲ့ ကြောင်း ထုတ်ပြန် ကြေငြာခဲ့ပါသည်။

 

ရှဟီးဒ်ဖြစ်သွားသူများ၏ အမည် များ

၁။ ရှဟီးဒ် တပ်မှူး မိုဟမ္မဒ် အဲဟ်မဒ် အီဆစာ (ခ) အဗူအီစာ

မွေးနေ့ -  ၁၉၇၂ ခုနှစ် / အရပ်ဆွာလင်းမ်တွင်မွေး ၊ အိမ်ထောင်သည် ၊သားသမီး ၄ဦး ကျန်

၂။ ရှဟီးဒ် ဂျေဟာဒ် မိုဂ်နီယေ (ခ) ဂျဝါဒ်

မွေးနေ့ - ၁၉၈၉ ခုနှစ် / သွာယေဒဗါတွင် မွေး ၊ လူပျို

၃။ ရှဟီးဒ် အဘာစ် အီဗရာဟီးမ် ဟေဂျာဇီ (ခ) ဆရက်ဒ် အဘာစ်

မွေးနေ့ -  ၁၉၇၉ ခုနှစ် / အလ်ဂါဇီယေ တွင် မွေး ၊ အိမ်ထောင်သည် ၊ သားသမီး ၄ဦး ကျန်

၎။ရှဟီးဒ် မိုဟမ္မဒ်အလီဟစန် အဗူလ်ဟစန် (ခ) ကာစင်မ်

မွေးနေ့ - ၁၉၈၅ ခုနှစ် / အိုင်နေကာန မွေး ၊ လူပျို

၅။ရှဟီးဒ် ဃာဇီ အလီဆာဝီ (ခ) ဒါနီယာ

မွေးနေ့ -  ၁၉၈၈ ခုနှစ် / အလ်ဂါဇီယေ တွင် မွေး ၊ အိမ်ထောင်သည် ၊ သားတစ် ဦး ကျန်

၆။ ရှဟီးဒ် အလီဟစန် အီဗရာဟီးမ် (ခ) အိုင်ယူဗ်

မွေးနေ့ - ၁၉၉၃ ခုနှစ် / ယာဟ်မိုရ် အလ်ရှကီးဖ် မွေး ၊ လူပျို