၁၃ ဖေဖော်ဝါရီ ၂၀၁၅ - ၁၈:၂၆
 ဗေရှာဝရ်မြို့   ရှိ ရှီအာဗလီ နှင့် အေမာမ်ဘာရာ တွင် အကြမ်းဖက်သမားများ ဝင်ရောက် တိုက်ခိုက် ၇၉ ဦး ရှဟီးဒ်နှင့်  ဒဏ်ရာရ / ဓာတ်ပုံ

ပါကစ္စတန် နိုင်ငံ ဗေရှာဝရ်မြို့ ရှိ ရှီအာဗလီတွင် ယနေ့ သောကြာနာမာဇ် အား ရှီအာ မွတ်စလင်မ်များမှ ဝတ်ပြုနေချိန် တွင် ဒေယိုဘန်ဒီဝါဒီ (တာလီဘန်) အစွန်းရောက်အကြမ်းဖက်သမားများ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၁၉ဦးထက်မနည်း သေဆုံး ခဲ့ရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ယနေ့သောကြာနေ့ တွင် ဗုံးပေါက်ကွဲမှုများနှင့် သေနတ်နှင့် ပစ်ခတ်မှုများ ကြောင့် ပါကစ္စတန် နိုင်ငံ ဗေရှာဝရ်မြို့   ရှိ ရှီအာဗလီတွင်   သောကြာနာမာဇ် ဝတ်ပြုနေသူ ရှီအာ မွတ်စလင်မ်များမှ ၁၉ဦးထက်မနည်း  ရှဟီးဒ် ဖြစ်ခဲ့ပြီး အယောက် ၆၀ ထက်မနည်း ဒဏ်ရာ ရခဲ့ကြပါတယ်။
မျက်မြင်သက်သေများ၏ တင်ပြပြောဆိုချက်အရ သောင်းကြမ်းသူ အစွန်းရောက် အချို့ သည် မိမိတို့ကိုယ်မိမိ စစ်အဝတ် အစားများ ဝတ်ဆင်ထားပြီးဗလီကျောင်း အတွင်း ဝင်ရောက်လာခဲ့ကြပါတယ်။၎င်းတို့အထဲမှ တစ်ယောက်ဟာ ခါးတွင် ဗုံးများကို ပတ်ထားပြီး  အသေခံ၍ ဗုံးကို နမာဇ်ဖတ်နေသူများ အကြား ခွဲခဲ့ပါတယ် ။ထိုနည်းတူစွာ ဗလီအနီးတဝိုက်တွင် ပစ်ခတ်သံများဆူညံသွားကြောင်းကိုလည်း ပြောဆိုခဲ့ကြပါတယ်။
ပါကစ္စတန် နိုင်ငံ ဗေရှာဝရ်မြို့    ဟယာသ်အါဗါဒ် ဒေသ ရှိ ရှီအာဗလီတွင်  အကြမ်းဖက် အစွန်းရောက်များ ဝင်ရောက် တိုက်ခိုက် စဉ် သောကြာနမာဇ် ဝတ်ပြုသူ ၈၀၀ခန့် ဗလီ ကျောင်း အတွင်းနှင့် အနီးတဝိုက်တွင် ရှိနေကြောင်းသိရပါတယ်။
ဗေရှာဝရ်မြို့   ၏ ရဲအုပ်ဖြစ်သူ (မီးယာန်စအီးဒ်) ၏ ပြောပြချက်အရ လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့ တစ်ဖွဲ့ ဟာ ဤဗလီကျောင်း အတွင်းဝင်ရောက် လာပြီး  ဂျွန်မာနမာဇ် ဝတ်ပြုနေသူများကို သေနတ်များနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ ပြီးနောက် ဗလီကျောင်း အတွင်းမှ ဗုံး  ၃ကြိမ် ပေါက်ကွဲသံ ကို ကြားခဲ့ကြောင်း သိခဲ့ရပါတယ်။
မျက်မြင်သက်သေများမှ တစ်ဦးဖြစ်သူ (ရှာဟစ် ဟိုစိန်) တင်ပြပြောဆိုချက်အရ  နမာဇ်ဝတ်ပြုသူများ၏ နမာဇ် ဂျွန်မာ ဖတ်ပြီးတုန်း ရှိသေးချိန်မှာ စစ်အဝတ်အစား ဝတ်ဆင်ထားသူ  ၅ယောက်သို့မဟုတ်၆ယောက်ခန့်မှာ ဗလီကျောင်း အတွင်း ဝတ်ပြုနေသူများကို သေနတ်နှင့် စတင် ပစ်ခတ်ခဲ့ကြောင်း သိခဲ့ရပါတယ် ။ ၎င်းမှဆက်လက်ပြီး  ကျွန်တော်တို့ ဘာတွေ ဖြစ်ကုန်လည်းဆိုတာ မသိတော့ ပါ၊ ဒီ ဝင်ရောက် တိုက်ခိုက်သူ စစ်ဝတ် ဝတ်လာတဲ့သူတွေထဲက တစ်ယောက်က အသေခံပြီး ဗုံးခွဲပါလေရော ၊ မီးခိုးတွေတွေ၊ဖုန်မှုန့် အများကြီး တစ်ထောင်းထောင်း ထသွားတယ် ဘဲတွေ့ရတော့တယ်ဗျား ဟု ပြောဆိုခဲ့ပါတယ်။
(ပါကစ္စတန်တာလီဘန် လှုပ်ရှားမှု)ဆိုသည့် အစွန်းရောက် အဖွဲ့ မှ ဤလူမဆန်သည့် လုပ်ရပ်ကို သူတို့အဖွဲ့မှ လုပ်ခဲ့တာ ဖြစ်ကြောင်း တာဝန်ယူ ကြေငြာခဲ့ပါတယ်၊ ဤအဖွဲ့ ဟာ ပါကစ္စတန် နိုင်ငံမှာ မိမိတို့ အစွန်းရောက်မှု ကို အခြေခံသည့် အစွန်းရောက် အကြမ်းဖက် အစိုးရ ကို ထူထောင်နိုင်အောင် ကြိုးစားနေကြသည့် သူပုန်များ ဖြစ်ကြပြီးလက်ရှိ အစိုးရကို တိုက်ခိုက်နေသူများ ဖြစ်ကြပါတယ်။
ပါကစ္စတန် အစိုးရ မှ အကြမ်းဖက် အစွန်းရောက် အဖွဲ့ အားလုံးကို အရေးယူမည် ဖြစ်ကြောင်း ကတိပေး ပြောကြား ထားပါတယ် ။  ကြိုးမိန့်များကို လည်း ချမှတ်ထားပြီး ဖြစ်ပါတယ် ၊ စစ်ဖက်ဆိုင်ရာ တရားရုံးများကိုလည်း ဖွင့်ထားပြီး ဖြစ်ပါတယ်။ ပါကစ္စတန် နိုင်ငံ အနောက်တောင်ပိုင်း နှင့် အာဖဂန် နိုင်ငံ နယ်စပ် ရှိဒေသများတွင် စစ်ရေး အရ အရေး ယူမှုများကို တိုးချဲ့  ဆောင် ရွက်နေပြီး ဖြစ်ပါတယ် ။
ပါကစ္စတန် နိုင်ငံ၏ ဝန်ကြီးချုပ် (နဝါဇ်ရှရီးဖ်) မှ ဤ တိုက်ခိုက်မှုကို ပြစ်တင်ရှုံ့  ချပြီး အစိုးရ အနေဖြင့် အကြမ်းဖက် အမြစ် ပြတ် ရေးအတွက် ဆောက်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံ (သဲဟ်ရီးက် ကေအန်စွာဖ်) အဖွဲ့ ဥက္ကဋ္ဌ (အေမ်ရာန်ခန်း ) မှလည်း ဗေရှာဝရ်မြို့   ၏ ဤ အကြမ်းဖက် တိုက်ခိုက်မှု ကို ပြစ်တင် ဝေဖန် ရှုံ့  ချပြီး အလ္လာဟ် ဟို အရှင်မြတ်သခင်အား ဦးချ ဝတ်ပြုနေသူများအပေါ် တိုက်ခိုက်ခြင်း ကိစ္စ ဟာ အလွန်တရာ ဝမ်းနည်းစရာ လုပ်ရပ်  ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။
(မွတ်စလင်မ်စည်းလုံးရေးကောင်စီ) နှင့် (ရှီအာလှုပ်ရှားမှုကော်မတီ) တို့မှ ဤ ရှီအာ အေမာမ်မီယာ ဗလီ နှင့် အေမာမ်ဘာ ရာ အပေါ် အကြမ်းဖက် လူမဆန်စွာ တိုက်ခိုက်မှု အတွက် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့  ချမှု ကို ပြုခဲ့ပြီး  ၃ရက် တိုင်တိုင် ဝမ်းနည်းကြေကွဲမှု ပြုရန် ကြေငြာခဲ့ပါတယ်။
ဤ ရှီအာ အေမာမ်မီယာ ဗလီ နှင့် အေမာမ်ဘာရာသည် ပတ်စ်ပို့တ် ရုံးအနီး အနားတွင်ရှိပြီး ပါကစ္စန် အစိုးရမှ  စွန်နီထက် စာလျှင် နည်းသည့် ရှီအာများ အသတ်အဖြတ်၊တိုက်ခိုက်ခံနေမှု ကိစ္စကို ကိုင်တွယ်ရာတွင် အားပျော့ကြောင်း သိပ် အလေး မပေးကြောင်းကိုလည်း သိရပါတယ် ။

-------------------------