၂ မတ် ၂၀၁၅ - ၁၈:၅၄
ဒါအေရှ် (ခ) IS များ မှ လူငယ် တစ်ဦး ၏ လက်ကို  အကြင်နာ ကင်းမဲ့ စွာ ဖြတ်

လူအခွင့်အရေးကိုချိုးဖောက်နေသည့် အစ္စလာမ်ခုတုံးလုပ် ဒါအေရှ် (ခ) IS များ မှ ယနေ့ မတ်လ ၂ရက်နေ့ တနင်းလာနေ့ တွင် လူငယ် တစ်ဦး ၏ လက်ကို လက်ကောက်ဝတ် မှ အကြင်နာ ကင်းမဲ့ စွာ ဖြတ်တောက်ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
လူအခွင့်အရေးကိုချိုးဖောက်နေသည့် အစ္စလာမ်ခုတုံးလုပ် ဒါအေရှ် (ခ) IS များ အနေဖြင့်အခုတလော ရက်များတွင် အကြောင်းပြချက် အမျိုးမျိုး ဖြင့်  ဆီးရီးယား နိုင်ငံ နှင့် အီရတ်နိုင်ငံရှိ မိမိတို့ လက်အောက်ရောက်နေသည့် ပြည်သူလူထု အား ပြစ်ဒဏ် များ အဖြစ် ပေးနေကြပါတယ်။ လတ်တလော  ရာဇဝတ်မှု လတ်လတ်ဆပ်ဆပ် တစ်ခုမှာ လူငယ် တစ်ဦး ၏ လက်ကို   လက်ကောက်ဝတ် မှ အကြင်နာ ကင်းမဲ့ စွာ ဖြတ်တောက်ခဲ့ခြင်း ဖြစ်ပါတယ်။
ဤလူမဆန်သည့် အဖွဲ့ မှ ယနေ့ မတ်လ၂ရက်နေ့ ၂၀၁၅ ခုနှစ်တနင်းလာနေ့ တွင် လူငယ်တစ်ဦး  အား ခိုးယူမှု  ဖြစ် ဖမ်းဆီးပြီး ချက်ချင်း ၎င်း၏ လက်ကို   လက်ကောက်ဝတ် မှ ဖြတ်တောက်ခဲ့ပါတယ်။
ဤအစီအစဉ်ကို ပြုလုပ်ချိန်တွင် မြောက်များစွာသော ရပ်ကွက်သားများရှိနေပြီး အရေအတွက်အများစု မှာ ကလေးများနှင့် လူငယ်များ ဖြစ်ပါတယ်။
ဒါအေရှ် (ခ) IS များမှ ပြီးခဲ့သည့် ရက်သတ္တပတ် များတွင်လည်း  ဒေသခံပြည်သူအများစုကို ရက်စက် ဒုက္ခပေးခဲ့ကြပြီး  ခိုးယူမှု ပုဒ်မတတ်ကာ လက်များကို လက်ကောက်ဝတ်မှ ဖြတ်တောက်ခဲ့ကြပါတယ်။ ပြစ်မှု မြောက်ဖို့ စည်းမျဉ်းစည်းကမ်းများ မပြည့်မီမှာပင် ချက်ချင်း ပြစ်ဒဏ်ပေးမှုကို လုပ်ကြပါတယ် ။ အမှန်တကယ် အစ္စလာမ့်တရားတော်အရ သူခိုးအား (စည်းမျဉ်းစည်းကမ်းစစ်မှန်သည့် သက်သေ အထောက်အထား အခိုင်အလုံ ပြည့်ပြီးမှ) လက်ချောင်းလေးများကို ဖြတ်တောက်ရမည် ဖြစ်သော်လည်း ဒါအေရှ် (ခ) IS များမှ ကိုယ်တိုင်လုပ် ရှရီအသ်အသစ် အရ  လက်ကောက်ဝတ်မှ ဖြတ်တောက်မှု ကိုပြုခဲ့ကြပါတယ်။
ပုံတွင်တွေ့မြင်နေရသည့် ပုံမှာ ဆီးရီးယား နိုင်ငံသား လူငယ်လေး၏ လက်ကို လက်ကောက်ဝတ်မှဖြတ်တောက် အပြီး ထုတ်လွှင့်ခဲ့သည့် ဓာတ်ပုံများ ဖြစ်ပါတယ်။ ဒါအေရှ် (ခ) IS အဖွဲ့ဝင်အများစုမှ နိုင်ငံ ခြားသားများ ဖြစ်ကြပြီး လူငယ်လေးအား မျက်စိကို အဝတ်နှင့် စည်း၍ ခေါ်ဆောင်သွားပြီး ၎င်း၏လက်ကို စားပွဲခုံ ပေါ်သို့တင်ပြီး ရက်စက်လူမဆန်စွာလက်ကောက်ဝတ်မှ  ဓားမနှင့်ခုတ်ပိုင်းခဲ့ပါတယ် ။
ဒါအေရှ် (ခ) IS  (ခ) အစ္စလာမ်အစိုးရ နိုင်ငံတော် ၏လုပ်ဆောင်ချက် များအားလုံးသည့် စစ်မှန်သည့် အစ္စလာမ် သာသနာ့တော်၏ ဓမ္မသတ် တရားတော်များ ကို အခြေမခံထားဘဲ ဆန်ကျင့်ဖက်များ ဖြစ်နေကြောင်း ကို တွေ့နိုင်ပါတယ်။
၎င်းတို့အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန်၏ အမိန့်တော် အတိုင်းလုပ်ဆောင်နေသည်ဟု ကြွေးကျော် နေကြသော်လည်း အမှန်တကယ်မှာ ဤကဲ့သို့ မဟုတ်ချေ။ ၎င်းအဖွဲ့ ၏ ရည်ရွယ်ချက်မှာ အစ္စလာမ် အမည် ကိုတပ်၍ အစ္စလာမ် အတွင်းရှိ ဓမ္မသတ်များကို (ပြောင်းလဲရန်) ထုတ်ဖြစ်ရန် ကြိုးပမ်းနေကြခြင်း  ဖြစ်ပါတယ်။