၂၂ မတ် ၂၀၁၅ - ၁၅:၂၆
ရဲဟ်ဗရ် အင်ကေလာဗ် ၏ အစ်မ ကွယ်လွန် / မနက်ဖန် ကွမ်းမြို့    တွင် ဒဖ်နာ မည်

ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ၏ အစ်မ ဖြစ်သူသည် မတ်လ ၂၁ရက်နေ့ ညတွင်တီဟီရန် မြို့ ရှိ ဆေးရုံးတစ်ရုံး တွင် ဆေးဝါးကုသမှုခံယူစဉ် ဤလောကမှ ထွက်ခွာသွားကြောင်း ဝမ်းနည်းကြေကွဲ စွာ တင်ပြ အပ်ပါတယ်။

အဲဟ်လေ့ဘိုက် (သ) (အ.စ) သတင်းဌာန ၊အဗ်နာ


ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ၏ အစ်မ ဖြစ်သူ ((ဗါနူ ဆရက်ဒါ ဖွာတွေမာ ဟိုစိုင်း(န) နီ ခါမေနာအီ)) သည် မနေ့က မတ်လ ၂၁ရက်နေ့ ညတွင် တီဟီရန် မြို့ ရှိ ဆေးရုံးတစ်ရုံး တွင် ဆေးဝါးကုသမှုခံယူစဉ် ဤလောကမှ ထွက်ခွာသွားကြောင်း ဝမ်းနည်းကြေကွဲ စွာ တင်ပြ အပ်ပါတယ်။


ရဲဟ်ဗရ် အင်ကေလာဗ် ၏ အစ်မသည် အသက် ၈၉နှစ် အရွယ် ရှိပြီး ရောဂါကုသမှုခံယူရန် တီဟီရန် မြို့ ရှိ ဆေးရုံးတစ်ရုံး တွင်တက်ရောက်ကုသမှုခံယူနေစဉ် အခုလို ဟဇရသ် ဖွာတွေမာ (စ.အ) ၏ ရှဟာဒသ်နေ့များ အချိန် အခါတွင် ကွယ်လွန် သွားခဲ့ခြင်း ဖြစ်ပါတယ်။


ဈာပနာအစီအစဉ်မှာ မတ်လ ၂၃ရက်နေ့ တနင်းလာနေ့ မနက်ဖန် ဖြစ်ပြီးသူမ၏ မယသ်အား ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ သာသနာ့ မြို့ တော် ကွမ်းမြို့  တော် ရှိ အေမာမ် ဟစန်အစ္စကရီ (အ.စ) မစ်ဂျစ်ဒ် တော် မှ ဟဇရသ်ဖွာတွေမာ မာစူမာ (စ.အ) ၏ ရောင်ဇာတော်ရှိရာ သို့ သယ်ဆောင်သွားပြီး ဒဖ်နာမည် ဖြစ်ပါတယ်။


ထိုနည်းတူစွာ ရဲဟ်ဗရ် အင်ကေလာဗ် ၏ အစ်မ အတွက် မဂျလစ်အား မတ်လ ၂၃ ရက်နေ့ ည နှင့် မတ်၂၄ ရက်နေ့ ည များတွင် နမာဇ်စေ မဂ်ရေဗ်နှင့်အေရှာ အပြီး ကွမ်းမြို့ နှင့် တီဟီရန် မြို့ ရှိ အေမာမ်ခိုမေနီး (ရ.ဟ) အမည်ရှိ အေမာမ်ဘာရာ တွင် ကျင်းပမည် ဖြစ်ပါတယ်။


အဗ်နာ သတင်းဌာန မှ မရ်ဟွန်မာ ၏ ကျန်ရစ်သူ မိသားစုဝင်များ နှင့် အထူးသဖြင့် ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ တို့အား ဤသတင်း အတွက် ဝမ်းနည်းကြေကွဲကြောင်း ပြောကြား အပ်ပါတယ်။ မရ်ဟွန်မာ ၏ ဒရ်ဂျာသ် မြင့်ရန်အတွက် အလ္လာဟ် ဟို အရှင်မြတ် ထံတော်ဝယ် ဒိုအာ ပြုအပ်ပါတယ်။


မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား ရှီအာ မွတ်စလင်မ် များအားလုံးကိုလည်း ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ၏ အစ်မ အတွက် ဒိုအာပြုပေးကြရန် လေးစားစွာ မေတ္တာ ရပ်ခံ အပ်ပါတယ်။


=====================================