၂၄ မတ် ၂၀၁၅ - ၀၄:၄၁
သခင်မကြီး ဟဇရသ် ဖွာတွေမာ ဇဲဟ်ရာဟ် (စ.အ) ၏ ရှဟာဒသ် နှင့် ရဲဟ်ဗဲရ် အင်ကေလာဗ်

သခင်မကြီး ဟဇရသ် ဖွာတွေမာ ဇဲဟ်ရာဟ် (စ.အ) ၏ ရှဟာဒသ် အတွက် မဂျလစ် နှင့် ရဲဟ်ဗဲရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာအီ ၏အစ်မ ၏ အီဆာလေ စဝါးဗ် အတွက် မဂျလစ် ကို တချိန်တည်း တီဟီရန် မြို့ ရှိ အေမာမ် ခိုမေနီး (ရ.ဟ) အေမာမ် ဘာရာ တွင် မနေ့က ညတွင် ဝမ်းနည်းကြေကွဲ စွာ ကျင်းပခဲ့ကြပါတယ်။ ဤမဂျလစ် တွင် ရဲဟ်ဗဲရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာအီ ၊ အာဏာပိုင်ခေါင်းဆောင်များ နှင့် အစိုးရ အရာ ရှိများ စစ်တပ်အရာ ရှိများ နှင့် မိုမေနီ နှင့်မိုမေနသ်တို့ တက်ရောက်နေရာယူခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


ရဲဟ်ဗဲရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာအီ ၏ ရုံး မှ မနေ့ ညက မဟာတမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) အချစ်ရဆုံးသမီးတော် သခင်မကြီး ဟဇရသ် ဖွာတွေမာ ဇဲဟ် ရာဟ် (စ.အ) ၏ရှဟာဒသ် အတွက် မဂျလစ်နှင့် ရဲဟ်ဗဲရ် အင်ကေလာဗ် ၏အစ်မ ခါနွမ် မေ ဆရက်ဒါ ဖွာတွေမာ ဟိုစိုင်း(န)နီ ခါမေနာအီ ၏ အီဆာလေ စဝါးဗ် အတွက်မဂျလစ် ကို တချိန်တည်း တီဟီရန် မြို့ ရှိ အေမာမ် ခိုမေနီး (ရ.ဟ) အေမာမ် ဘာရာ တွင် မနေ့က ညတွင် ဝမ်းနည်းကြေကွဲ စွာ ကျင်းပခဲ့ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။


ဤမဂျလစ် တွင် ရဲဟ်ဗဲရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာအီ ၊ ပြည်ထောင်စု အစ္စလာမ် မစ် အီရန် နိုင်ငံ ၏ သမ္မတ ၊ ပါလီမာန် ဥက္ကဋ္ဌ ၊ တရားသူကြီး ချုပ် နှင့် အစိုးရ အရာ ရှိများ စစ်တပ်အရာ ရှိများ နှင့် မိုမေနီ နှင့်မိုမေနသ်တို့ တက်ရောက်နေရာယူခဲ့ကြပါတယ်။


ဤ မဂျလစ် တွင် ပြည်ထောင်စု အစ္စလာမ် မစ် အီရန် နိုင်ငံ ၏ အကျော်အမော် ဓမ္မကတိကများမှ တစ်ပါး ဖြစ် သည့် ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလမွတ်စလေမီး(န) အာဂါယေ မတ်စ်အူးဒ် အာလီ မှ အွမ်မို အအေ မေ ဟဇရသ် ဖွာတွေမာ ဇဲဟ်ရာဟ် (စ.အ) ၏ ကြီးကျယ် ထွတ်မြတ်မှု နှင့် သခင်မကြီး ၏ မစာအေဗ် ကို ဟောကြား ခဲ့ပါတယ် ။

ထိုနောက် ပြည်ထောင်စု အစ္စလာမ် မစ် အီရန် နိုင်ငံ ၏ အကျော်အမော် နောင်ဟာခံ အာဂါယေ အင်စာနီ နှင့် အာဂါယေ ကရီးမီး တို့ မှာ မဒ်ဟ် ၊ မရ်ဇီယာ ၊နောင်ဟာများ ဖတ်ရွတ်ခဲ့ကြပါတယ်။


မဟာတမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) အချစ်ရဆုံးသမီးတော် သခင်မကြီး ဟဇရသ် ဖွာတွေမာ ဇဲဟ် ရာဟ် (စ.အ) ၏ ရှဟာဒသ် အတွက် မဂျလစ် အစီအစဉ်မှာ လာမည့် သောကြာနေ့ မတ်လ ၂၇ရက်နေ့ အထိ တီဟီရန် မြို့ ရှိ အေမာမ် ခိုမေနီး (ရ.ဟ) အေမာမ် ဘာရာ တွင် ဆက်လက်ကျင်းပ သွားမည် ဖြစ်ပါတယ်။


=============================================